
အာဂျင်တီးနားအီမီလီယာနိုမာတီနက်ဇ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးသမားဆု Golden Glove ဆွတ်ခူးပြီးနောက်မဖွယ်မရာအလွန်အကျူးအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။
ဗီလာဂိုးသမားဟာမနေ့ညတုန်းကပြင်သစ်ကိုပွဲချိန်အတွင်း၃ဂိုးစီသရေကျပြီးနောက်ပင်နယ်တီအဆုံးအဖြတ်ဖြင့်၄-၂ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်တွင်လက်စွမ်းပြကစားခဲ့သူလည်းဖြစ်ပါတယ်။
သူဟာလက်စွမ်းပြကစားနိုင်မှုနဲ့အတူ တစ်ကိုယ်တော်ဆုအနေဖြင့် Golden Glove ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာ Golden Glove ဆွတ်ခူးပြီးနောက်ဖီဖာဥက္ကဌအင်ဖန်တီနိုအပါအဝင် တာဝန်ရှိသူများနှင့်လက်ဆွဲနှုတ်ဆက်ပြီးနောက် ဆုကိုသူ့ခါးအောက်ပိုင်းတွင်ထားကာရှေ့တိုးနောက်ဆုတ်လုပ်ပြခဲ့ပါတယ်။
မာတီနက်ဇ်ရဲ့အောင်ပွဲခံမှုအပေါ်တွင်လူတိုင်း အံ့ဩသင့်လျက်ရှိနေကြပါတယ်။
ပရိသတ်တစ်ဦးက”မာတီနက်ဇ်ဟာဘယ်တော့မှရင့်ကျက်လာမှာမဟုတ်ကြောင်းသက်သေပြနေတယ်”လို့ဝေဖန်သွားပါတယ်။အခြားတစ်ဦးကလည်း “ဒီကောင်ကသူ့ကိုယ်သူဘာကောင်လို့ထင်နေတာလဲ”လို့ဆိုသွားပါတယ်။
အာဆင်နယ်ဂိုးသမားဟောင်းဟာပင်နယ်တီအဆုံးအဖြတ်တွင်ကင်စလေကိုးမန်းရဲ့ကန်ချက်ကိုကာကွယ်သွားခဲ့ပါတယ်။သူဟာကွာတားဖိုင်နယ်တွင်လည်းဗန်ဒိုက်နှင့်စတီဗင်ဘာဟီးယပ်စ်တို့ရဲ့ပင်နယ်တီကိုကာကွယ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင်သူဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဂိုးမပေးရဂိုးသမားအဖြစ် ဘိုနို(မော်ရိုကို)၊ပစ်ဖို့ဒ်(အင်္ဂလန်)တို့နဲ့အတူ ပွဲ၃ပွဲဖြင့်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ZawGyi
ကမာၻ႔အေကာင္းဆုံးဂိုးသမားဆု Golden Glove ဆြတ္ခူးၿပီးေနာက္ မဖြယ္မရာ ေအာင္ပြဲခံခဲ့တဲ့ မာတီနက္ဇ္
အာဂ်င္တီးနားအီမီလီယာႏိုမာတီနက္ဇ္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕အေကာင္းဆုံးဂိုးသမားဆု Golden Glove ဆြတ္ခူးၿပီးေနာက္မဖြယ္မရာအလြန္အက်ဴးေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။
ဗီလာဂိုးသမားဟာမေန႔ညတုန္းကျပင္သစ္ကိုပြဲခ်ိန္အတြင္း၃ဂိုးစီသေရက်ၿပီးေနာက္ပင္နယ္တီအဆုံးအျဖတ္ျဖင့္၄-၂ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္တြင္လက္စြမ္းျပကစားခဲ့သူလည္းျဖစ္ပါတယ္။
သူဟာလက္စြမ္းျပကစားႏိုင္မႈနဲ႔အတူ တစ္ကိုယ္ေတာ္ဆုအေနျဖင့္ Golden Glove ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
သူဟာ Golden Glove ဆြတ္ခူးၿပီးေနာက္ဖီဖာဥကၠဌအင္ဖန္တီႏိုအပါအဝင္ တာဝန္ရွိသူမ်ားႏွင့္လက္ဆြဲႏႈတ္ဆက္ၿပီးေနာက္ ဆုကိုသူ႔ခါးေအာက္ပိုင္းတြင္ထားကာေရွ႕တိုးေနာက္ဆုတ္လုပ္ျပခဲ့ပါတယ္။
မာတီနက္ဇ္ရဲ႕ေအာင္ပြဲခံမႈအေပၚတြင္လူတိုင္း အံ့ဩသင့္လ်က္ရွိေနၾကပါတယ္။
ပရိသတ္တစ္ဦးက”မာတီနက္ဇ္ဟာဘယ္ေတာ့မွရင့္က်က္လာမွာမဟုတ္ေၾကာင္းသက္ေသျပေနတယ္”လို႔ေဝဖန္သြားပါတယ္။အျခားတစ္ဦးကလည္း “ဒီေကာင္ကသူ႔ကိုယ္သူဘာေကာင္လို႔ထင္ေနတာလဲ”လို႔ဆိုသြားပါတယ္။
အာဆင္နယ္ဂိုးသမားေဟာင္းဟာပင္နယ္တီအဆုံးအျဖတ္တြင္ကင္စေလကိုးမန္းရဲ႕ကန္ခ်က္ကိုကာကြယ္သြားခဲ့ပါတယ္။သူဟာကြာတားဖိုင္နယ္တြင္လည္းဗန္ဒိုက္ႏွင့္စတီဗင္ဘာဟီးယပ္စ္တို႔ရဲ႕ပင္နယ္တီကိုကာကြယ္ႏိုင္ခဲ့ပါတယ္။
ဒါ့အျပင္သူဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဂိုးမေပးရဂိုးသမားအျဖစ္ ဘိုႏို(ေမာ္႐ိုကို)၊ပစ္ဖို႔ဒ္(အဂၤလန္)တို႔နဲ႔အတူ ပြဲ၃ပြဲျဖင့္မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။