ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးအဖြစ် ဘန်ဇီးမား၊ ဟယ်ရီကိန်းတို့ကို ကျော်ဖြတ်ကာ လီဝန်ဒေါ့စကီး ရွေးချယ်ခြင်းခံရ

ဘိုင်ယန်မြူးနစ်စတားရောဘတ်လီဝန်ဒေါ့စကီးဟာကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးအဖြစ်ရီးရဲလ်မက်ဒရစ်ရဲ့ကာရမ်ဘန်ဇီးမား၊စပါးစ်ရဲ့ဟယ်ရီကိန်းတို့ကိုကျော်ဖြတ်ကာရွေးချယ်ခြင်းခံခဲ့ရပါတယ်။

လီဝန်ဒေါ့စကီးဟာ၂၀၂၀-၂၁ရာသီတုန်းကဂတ်မူလာရဲ့တစ်ရာသီအတွင်းဂိုးအများဆုံးသွင်းယူတဲ့စံချိန်ကိုရိုက်ချိုးနိုင်ခဲ့ပါတယ်။

အသက်၃၃နှစ်ရှိပိုလန်တိုက်စစ်မှူးဟာဘွန်ဒက်စ်လီဂါ၂၉ပွဲမှာ၄၁ဂိုးအထိသွင်းယူပြီး 2021 Ballon d’Or ဆုအတွက်လီယွန်နယ်မက်ဆီကိုစိန်ခေါ်နိုင်ခဲ့ပါတယ်။

သူဟာ၂၀၂၁-၂၂ရာသီမှာလည်းအကောင်းဆုံးပုံစံဆက်လက်ပြသနေကာပြိုင်ပွဲအရပ်ရပ်မှာ၃၅ပွဲကစားထားရာမှာ၄၂ဂိုးအထိသွင်းထားနိုင်ပါတယ်။

SPORTbible ဟာစာဖတ်ပရိသတ်များထံအား လက်ရှိကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဘယ်သူလဲဆိုတာစစ်တမ်းကောက်ယူမှုပြုလုပ်ခဲ့ပါတယ်။

စစ်တမ်းတွင်ပရိသတ်၁၆၀၀၀ကျော်ပါဝင်ခဲ့ရာမှာဘိုင်ယန်မြူးနစ်တိုက်စစ်မှူးကမဲ၅၄.၄ရာခိုင်နှုန်းရရှိပြီးကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးအဖြစ်ရွေးချယ်ခံခဲ့ရကာဘန်ဇီးမားက၃၂.၆ရာခိုင်နှုန်းဖြင့်ဒုတိယနေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။အင်္ဂလန်အသင်းခေါင်းဆောင်ကတော့မဲ၁၃ရာခိုင်နှုန်းသာရရှိခဲ့ပါတယ်။

ZawGyi

ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးအျဖစ္ ဘန္ဇီးမား၊ ဟယ္ရီကိန္းတို႔ကို ေက်ာ္ျဖတ္ကာ လီဝန္ေဒါ့စကီး ေ႐ြးခ်ယ္ျခင္းခံရ

ဘိုင္ယန္ျမဴးနစ္စတားေရာဘတ္လီဝန္ေဒါ့စကီးဟာကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးအျဖစ္ရီးရဲလ္မက္ဒရစ္ရဲ႕ကာရမ္ဘန္ဇီးမား၊စပါးစ္ရဲ႕ဟယ္ရီကိန္းတို႔ကိုေက်ာ္ျဖတ္ကာေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

လီဝန္ေဒါ့စကီးဟာ၂၀၂၀-၂၁ရာသီတုန္းကဂတ္မူလာရဲ႕တစ္ရာသီအတြင္းဂိုးအမ်ားဆုံးသြင္းယူတဲ့စံခ်ိန္ကို႐ိုက္ခ်ိဳးႏိုင္ခဲ့ပါတယ္။

အသက္၃၃ႏွစ္ရွိပိုလန္တိုက္စစ္မႉးဟာဘြန္ဒက္စ္လီဂါ၂၉ပြဲမွာ၄၁ဂိုးအထိသြင္းယူၿပီး 2021 Ballon d’Or ဆုအတြက္လီယြန္နယ္မက္ဆီကိုစိန္ေခၚႏိုင္ခဲ့ပါတယ္။

သူဟာ၂၀၂၁-၂၂ရာသီမွာလည္းအေကာင္းဆုံးပုံစံဆက္လက္ျပသေနကာၿပိဳင္ပြဲအရပ္ရပ္မွာ၃၅ပြဲကစားထားရာမွာ၄၂ဂိုးအထိသြင္းထားႏိုင္ပါတယ္။

SPORTbible ဟာစာဖတ္ပရိသတ္မ်ားထံအား လက္ရွိကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးဘယ္သူလဲဆိုတာစစ္တမ္းေကာက္ယူမႈျပဳလုပ္ခဲ့ပါတယ္။

စစ္တမ္းတြင္ပရိသတ္၁၆၀၀၀ေက်ာ္ပါဝင္ခဲ့ရာမွာဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးကမဲ၅၄.၄ရာခိုင္ႏႈန္းရရွိၿပီးကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးအျဖစ္ေ႐ြးခ်ယ္ခံခဲ့ရကာဘန္ဇီးမားက၃၂.၆ရာခိုင္ႏႈန္းျဖင့္ဒုတိယေနရာမွာရပ္တည္ႏိုင္ခဲ့ပါတယ္။အဂၤလန္အသင္းေခါင္းေဆာင္ကေတာ့မဲ၁၃ရာခိုင္ႏႈန္းသာရရွိခဲ့ပါတယ္။