
တီယာဂိုဆေးလ်ဗားဟာကမ္ဘာ့အကောင်းဆုံးနောက်ခံလူများထဲမှတစ်ဦးအဖြစ် ခိုင်ခိုင်မာမာရပ်တည်လာခဲ့တဲ့သူဖြစ်ပါတယ်။အခုသူဟာအသက်၃၈နှစ်အရွယ်သို့ရောက်တဲ့တိုင်အောင်ထိပ်တန်းအဆင့်မှာကစားပြနေတုန်းဖြစ်ပါတယ်။
ဒါပေမဲ့ဘရာဇီးစတားရဲ့ကစားသမားဘဝနဲ့ဘဝက၂၀၀၅ခုနှစ်တုန်းကအဆုံးသတ်ရလုနီးပါးအခြေအနေမှာရှိနေခဲ့ပါတယ်။အဲဒီတုန်းကဆေးလ်ဗားဟာပေါ်တိုကနေဒိုင်နမိုမော်စကိုသို့အငှားဖြင့်သွားကစားခဲ့ပါတယ်။သူဟာဒိုင်နမိုမော်စကိုမှာကစားနေရင်း ရှားရှားပါးပါးဘက်တီးရီးယားပိုးဝင်တီဘီရောဂါဖြစ်ခဲ့ပါတယ်။
အဆိုပါရောဂါရဲ့လက္ခဏာထဲမှာခန္ဓာကိုယ်အပူချိန်မြင့်ခြင်း၊ချောင်းအလွန်ဆိုးခြင်း၊ချွေးထွက်လွန်ခြင်းတို့ပါဝင်ပါတယ်။ထိုစဉ်တုန်းကအသက်၂၁နှစ်ပဲရှိသေးတဲ့တီယာဂိုဆေးလ်ဗားဟာယင်းရောဂါလက္ခဏာမပြမီအထိ သူ့မှာရောဂါရှိနေကြောင်းခြောက်လတိုင်တိုင်မသိဘဲနေခဲ့ပါတယ်။
ဆရာဝန်တွေကသူ့ကိုလူ့လောကမှာနှစ်ပတ်ပဲနေရမယ်လို့ပြောခဲ့ပါတယ်။သူဟာမော်စကိုရှိဆေးရုံတစ်ခုမှာခြောက်လတိုင်တိုင်ဆေးရုံတက်ခဲ့ရပါတယ်။
သူဟာအိပ်ယာထက်မှာဘဲလဲနေခဲ့ရပြီးဆေးတွေအများကြီးသောက်ခဲ့ရသလို ဆေးတွေလည်းတပုံတခေါင်းကြီးထိုးခဲ့ရပါတယ်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး၂၀၁၁ခုနှစ်တုန်းက Gazzetta dello Sport ရဲ့Sport Week မဂ္ဂဇင်းနှင့်အင်တာဗျူးတွင်ဆေးလ်ဗားက “၂၀၀၅ခုနှစ်တုန်းကဒိုင်နမိုမော်စကိုသို့အငှားနဲ့သွားကစားခဲ့ရတယ်။ဒါပေမဲ့မြို့ကအရမ်းကြောက်စရာကောင်းလောက်အောင်အေးတယ်။ကျွန်တော်လည်းချမ်းပြီးဖျားပါလေရော။ဆေးရုံမှာခြောက်လနေလိုက်ရတယ်။၁၀ကီလိုဂရမ်ဝိတ်တက်လာတယ်။ဆေးရုံကလူတွေကအားလုံးပိန်ကြပြီးအစားမစားလိုကြပေမဲ့ကျွန်တော်ကတော့တချိန်လုံးဆာလောင်နေတယ်။ကျွန်တော့်အမေကဆိုကျွန်တော့်ကိုလူနာပုံမပေါက်ဘူးလို့ပြောတယ်။ဒါပေမဲ့ကျွန်တော်ရွှေ့လို့တောင်မရဘူး။ဆရာဝန်တွေကထပြီးလမ်းလျှောက်ဖို့ပြောတယ်။ဒါပေမဲ့ကျွန်တော်မလုပ်နိုင်ဘူး။ဒီအဖြစ်ဆိုးကဆက်ဖြစ်နေခဲ့တယ်။ကျွန်တော်သီးသန့်နေရတယ်။ကွန်ပျူတာဂိမ်းကစားတာ၊အင်တာနက်သုံးတာလောက်ပဲလုပ်နိုင်တယ်။ပြီးရင်ဆရာဝန်တစ်ယောက်ရောက်လာပြီးဆေးထိုးတယ်။တစ်နေ့သုံးလေးကြိမ်ဆေးထိုးတယ်။ဆေးကလည်း၁၀လုံးကနေ၁၅လုံးအထိသောက်ရတယ်။နောက်တော့တီဘီဖြစ်နေတာခြောက်လတောင်ရှိပြီဆိုတာသိလိုက်ရတယ်။ဆရာဝန်တွေကနောက်နှစ်ပတ်လောက်ဆိုသေမယ်လို့ပြောလာတယ်။ဘယ်တော့မှပြန်ကောင်းမလာနိုင်လောက်တော့ဘူး။သေလုနီးပါးပဲ။ဒါကြောင့်လည်းဘာမှပဲကစားကစား ရုရှားမှာကြုံခဲ့ရတာကိုပြန်စဉ်းစားတယ်”လို့ပြောကြားသွားပါတယ်။
တီယာဂိုဆေးလ်ဗားဟာညာဖက်အဆုတ်ရဲ့အစိတ်အပိုင်းအချို့ကို ဖြတ်ထုတ်ခဲ့ရကာကစားသမားဘဝအဆုံးသတ်ရလုနီးပါးလည်းဖြစ်ခဲ့ပါတယ်။
သူ့အမေ၊ဇနီး၊နည်းပြအိုင်ဗိုဝတ်မန်းနဲ့အေးဂျင့်တို့ကတော့သူ့ကိုအမြဲတမ်းအားပေးခဲ့ကြပါတယ်။နောက်တော့ဆေးလ်ဗားဟာမယုံကြည်နိုင်စရာကောင်းလောက်အောင် ကျန်းမာလာပြီးနံနက်တိုင်းနာရီဝက်လမ်းလျှောက်နိုင်တဲ့အပြင်နောက်ဆုံးလုံးဝပျောက်သွားပါတော့တယ်။
ဝတ်မန်းဟာဖလူးမီးနက်စ်ကိုကိုင်တွယ်တုန်းကလည်းတီယာဂိုဆေးလ်ဗားကိုဒုတိယအကြိမ်မြောက်အဖြစ်ခေါ်ယူခဲ့ပါသေးတယ်။ယင်းတွင်လည်းသူဟာအရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပြီးတဲ့နောက်မီလန်သို့ပြောင်းခဲ့ကာ စီးရီးအေဖလား၊ချန်ပီယံလိဂ်ဖလားတို့ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာပီအက်စ်ဂျီနှင့်အတူအမှတ်ပေးဖလား၇ကြိမ်ရခဲ့သလိုချဲလ်ဆီးနှင့်အတူချန်ပီယံလိဂ်ဖလားလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။
ZawGyi
ကမာၻ႔အေကာင္းဆုံးေနာက္ခံလူမ်ားထဲမွ တစ္ဦးမျဖစ္လာမီ လူ႔ေလာကတြင္ ႏွစ္ပတ္မွ်သာ ေနရမယ့္ အေျခအေနႀကဳံခဲ့တဲ့ေဆးလ္ဗား
တီယာဂိုေဆးလ္ဗားဟာကမာၻ႔အေကာင္းဆုံးေနာက္ခံလူမ်ားထဲမွတစ္ဦးအျဖစ္ ခိုင္ခိုင္မာမာရပ္တည္လာခဲ့တဲ့သူျဖစ္ပါတယ္။အခုသူဟာအသက္၃၈ႏွစ္အ႐ြယ္သို႔ေရာက္တဲ့တိုင္ေအာင္ထိပ္တန္းအဆင့္မွာကစားျပေနတုန္းျဖစ္ပါတယ္။
ဒါေပမဲ့ဘရာဇီးစတားရဲ႕ကစားသမားဘဝနဲ႔ဘဝက၂၀၀၅ခုႏွစ္တုန္းကအဆုံးသတ္ရလုနီးပါးအေျခအေနမွာရွိေနခဲ့ပါတယ္။အဲဒီတုန္းကေဆးလ္ဗားဟာေပၚတိုကေနဒိုင္နမိုေမာ္စကိုသို႔အငွားျဖင့္သြားကစားခဲ့ပါတယ္။သူဟာဒိုင္နမိုေမာ္စကိုမွာကစားေနရင္း ရွားရွားပါးပါးဘက္တီးရီးယားပိုးဝင္တီဘီေရာဂါျဖစ္ခဲ့ပါတယ္။
အဆိုပါေရာဂါရဲ႕လကၡဏာထဲမွာခႏၶာကိုယ္အပူခ်ိန္ျမင့္ျခင္း၊ေခ်ာင္းအလြန္ဆိုးျခင္း၊ေခြၽးထြက္လြန္ျခင္းတို႔ပါဝင္ပါတယ္။ထိုစဥ္တုန္းကအသက္၂၁ႏွစ္ပဲရွိေသးတဲ့တီယာဂိုေဆးလ္ဗားဟာယင္းေရာဂါလကၡဏာမျပမီအထိ သူ႔မွာေရာဂါရွိေနေၾကာင္းေျခာက္လတိုင္တိုင္မသိဘဲေနခဲ့ပါတယ္။
ဆရာဝန္ေတြကသူ႔ကိုလူ႔ေလာကမွာႏွစ္ပတ္ပဲေနရမယ္လို႔ေျပာခဲ့ပါတယ္။သူဟာေမာ္စကိုရွိေဆး႐ုံတစ္ခုမွာေျခာက္လတိုင္တိုင္ေဆး႐ုံတက္ခဲ့ရပါတယ္။
သူဟာအိပ္ယာထက္မွာဘဲလဲေနခဲ့ရၿပီးေဆးေတြအမ်ားႀကီးေသာက္ခဲ့ရသလို ေဆးေတြလည္းတပုံတေခါင္းႀကီးထိုးခဲ့ရပါတယ္။
ယင္းျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး၂၀၁၁ခုႏွစ္တုန္းက Gazzetta dello Sport ရဲ႕Sport Week မဂၢဇင္းႏွင့္အင္တာဗ်ဴးတြင္ေဆးလ္ဗားက “၂၀၀၅ခုႏွစ္တုန္းကဒိုင္နမိုေမာ္စကိုသို႔အငွားနဲ႔သြားကစားခဲ့ရတယ္။ဒါေပမဲ့ၿမိဳ႕ကအရမ္းေၾကာက္စရာေကာင္းေလာက္ေအာင္ေအးတယ္။ကြၽန္ေတာ္လည္းခ်မ္းၿပီးဖ်ားပါေလေရာ။ေဆး႐ုံမွာေျခာက္လေနလိုက္ရတယ္။၁၀ကီလိုဂရမ္ဝိတ္တက္လာတယ္။ေဆး႐ုံကလူေတြကအားလုံးပိန္ၾကၿပီးအစားမစားလိုၾကေပမဲ့ကြၽန္ေတာ္ကေတာ့တခ်ိန္လုံးဆာေလာင္ေနတယ္။ကြၽန္ေတာ့္အေမကဆိုကြၽန္ေတာ့္ကိုလူနာပုံမေပါက္ဘူးလို႔ေျပာတယ္။ဒါေပမဲ့ကြၽန္ေတာ္ေ႐ႊ႕လို႔ေတာင္မရဘူး။ဆရာဝန္ေတြကထၿပီးလမ္းေလွ်ာက္ဖို႔ေျပာတယ္။ဒါေပမဲ့ကြၽန္ေတာ္မလုပ္ႏိုင္ဘူး။ဒီအျဖစ္ဆိုးကဆက္ျဖစ္ေနခဲ့တယ္။ကြၽန္ေတာ္သီးသန႔္ေနရတယ္။ကြန္ပ်ဴတာဂိမ္းကစားတာ၊အင္တာနက္သုံးတာေလာက္ပဲလုပ္ႏိုင္တယ္။ၿပီးရင္ဆရာဝန္တစ္ေယာက္ေရာက္လာၿပီးေဆးထိုးတယ္။တစ္ေန႔သုံးေလးႀကိမ္ေဆးထိုးတယ္။ေဆးကလည္း၁၀လုံးကေန၁၅လုံးအထိေသာက္ရတယ္။ေနာက္ေတာ့တီဘီျဖစ္ေနတာေျခာက္လေတာင္ရွိၿပီဆိုတာသိလိုက္ရတယ္။ဆရာဝန္ေတြကေနာက္ႏွစ္ပတ္ေလာက္ဆိုေသမယ္လို႔ေျပာလာတယ္။ဘယ္ေတာ့မွျပန္ေကာင္းမလာႏိုင္ေလာက္ေတာ့ဘူး။ေသလုနီးပါးပဲ။ဒါေၾကာင့္လည္းဘာမွပဲကစားကစား ႐ုရွားမွာႀကဳံခဲ့ရတာကိုျပန္စဥ္းစားတယ္”လို႔ေျပာၾကားသြားပါတယ္။
တီယာဂိုေဆးလ္ဗားဟာညာဖက္အဆုတ္ရဲ႕အစိတ္အပိုင္းအခ်ိဳ႕ကို ျဖတ္ထုတ္ခဲ့ရကာကစားသမားဘဝအဆုံးသတ္ရလုနီးပါးလည္းျဖစ္ခဲ့ပါတယ္။
သူ႔အေမ၊ဇနီး၊နည္းျပအိုင္ဗိုဝတ္မန္းနဲ႔ေအးဂ်င့္တို႔ကေတာ့သူ႔ကိုအၿမဲတမ္းအားေပးခဲ့ၾကပါတယ္။ေနာက္ေတာ့ေဆးလ္ဗားဟာမယုံၾကည္ႏိုင္စရာေကာင္းေလာက္ေအာင္ က်န္းမာလာၿပီးနံနက္တိုင္းနာရီဝက္လမ္းေလွ်ာက္ႏိုင္တဲ့အျပင္ေနာက္ဆုံးလုံးဝေပ်ာက္သြားပါေတာ့တယ္။
ဝတ္မန္းဟာဖလူးမီးနက္စ္ကိုကိုင္တြယ္တုန္းကလည္းတီယာဂိုေဆးလ္ဗားကိုဒုတိယအႀကိမ္ေျမာက္အျဖစ္ေခၚယူခဲ့ပါေသးတယ္။ယင္းတြင္လည္းသူဟာအေရးပါတဲ့ကစားသမားတစ္ဦးျဖစ္ၿပီးတဲ့ေနာက္မီလန္သို႔ေျပာင္းခဲ့ကာ စီးရီးေအဖလား၊ခ်န္ပီယံလိဂ္ဖလားတို႔ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
သူဟာပီအက္စ္ဂ်ီႏွင့္အတူအမွတ္ေပးဖလား၇ႀကိမ္ရခဲ့သလိုခ်ဲလ္ဆီးႏွင့္အတူခ်န္ပီယံလိဂ္ဖလားလည္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။