ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူ ၁၀ ဦးစာရင်းထွက်ပေါ်လာ။ဘယ်သူက ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူလဲ?

ယခင်တုန်းကကမ္ဘာ့ဘောလုံးလောကမှာအက်ရှ်လေကိုးကနေရောဘတ်တိုကားလို့စ်အထိ အရည်အသွေးမြင့်ဘယ်နောက်ခံလူများထွက်ပေါ်ခဲ့ပါတယ်။ဆက်တိုက်ဆိုသလို ဘယ်နောက်ခံလူကောင်းတွေလည်း ဘောလုံးလောကမှာမွေးထုတ်ပေးနေပါတယ်။

ဘယ်နောက်ခံလူနေရာကဘောလုံးကွင်းထဲမှာအမေ့ခံနေရာမဟုတ်ပါဘူး။အထူးသဖြင့်ဘယ်နောက်ခံလူအချို့တို့ဟာကလပ်မှာရောလက်ရွေးစင်အသင်းမှာပါ ခံစစ်အတွက်သာမကတိုက်စစ်ပိုင်းကိုပါအထူးလိုက်ပါကစားနိုင်စွမ်းရှိကြတာတွေ့ရပါတယ်။သူတို့ကခံစစ်တာဝန်အပြင်ဖန်တီးမှု၊ဂိုးသွင်းမှု၊ဖရီးကစ်ကန်မှုစတဲ့တာဝန်တော်တော်များများကို ထမ်းဆောင်ကြပါတယ်။

ယနေ့မှာကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူ၁၀ဦးစာရင်းထွက်ပေါ်လာပြီဖြစ်ပါတယ်။ယခုထွက်ပေါ်လာတဲ့ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူ ၁၀ဦးစာရင်းမှာပရိသတ်များမျှော်လင့်နေကြတဲ့သူတွေပဲ ပါဝင်လာတာတွေ့ရပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူအဖြစ်ရပ်တည်နေတာကတော့လီဗာပူးနှင့်စကော့တလန်ဘယ်နောက်ခံလူအင်ဒီရောဘတ်ဆင်ဖြစ်ပါတယ်။သူဟာ၂၀၂၀-၂၁ဘောလုံးရာသီတုန်းကလီဗာပူးအတွက်၃၈ပွဲကစားကာ၁ဂိုးသွင်းပြီး၇ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။သူဟာတစ်ပွဲပျမ်းမျှရှင်းထုတ်မှု၁.၈ကြိမ်နှင့်အရေးပါတဲ့ပေးပို့မှု၁.၇ကြိမ်ပြုလုပ်ထားနိုင်ပါတယ်။

ဒုတိယနေရာမှာအေစီမီလန်နှင့်ပြင်သစ်နောက်ခံလူသီယိုဟာနန်ဒက်ဇ်ဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းဟာပြီးခဲ့တဲ့ရာသီတုန်းကမီလန်အတွက်၇ဂိုးသွင်းကာ၅ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

တတိယနေရာမှာအင်္ဂလန်ကိုယူရို၂၀၂၀ပြိုင်ပွဲသို့ပို့ဆောင်ပေးထားတဲ့မန်ယူဘယ်နောက်ခံလုခ်ရှောကရပ်တည်နေပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကမန်ယူအတွက်ပွဲ၃၀ကစားခဲ့ရာမှာ၁ဂိုးသွင်းပြီး၅ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။သူဟာယူရို၂၀၂၀ပြိုင်ပွဲမှာလည်းအင်္ဂလန်အတွက်၃ကြိမ်ဖန်တီးထားနိုင်ပါတယ်။

ဘိုင်ယန်နှင့်ကနေဒါနောက်ခံလူအယ်ဖွန်ဆိုဒါးဗီးစ်ကစတုတ္ထနေရာမှာရပ်တည်နေပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကဘိုင်ယန်အတွက်၂၂ပွဲကစားခဲ့ရာမှာ၁ဂိုးသွင်းပြီး၂ကြိမ်ဖန်တီးခဲ့ပါတယ်။

အဆင့်၅နေရာမှာရီးရဲလ်မက်ဒရစ်နောက်ခံလူသစ်ဒေးဗစ်အလာဘာကရပ်တည်နေပါတယ်။ဗဟိုနောက်ခံလူနေရာနှင့်ကွင်းလယ်နေရာတို့တွင်လည်းကစားနိုင်တဲ့ဩစတြီးယားလက်ရွေးစင်ဟာပြီးခဲ့တဲ့ရာသီတုန်းကပွဲ၃၀ကစားခဲ့ရာမှာ၂ဂိုးသွင်းပြီး၃ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူ၁၀ဦးရဲ့ကျန်၅ဦးစာရင်းမှာအဲလက်စ်ဆန်ဒရို(ဂျူဗင်တပ်/ဘရာဇီး)၊ဂျော်ဒီအယ်လ်ဘာ(ဘာစီလိုနာ/စပိန်)၊ဘင်ချဲလ််ဝဲလ်(ချဲလ်ဆီး/အင်္ဂလန်)၊ရာဖေးလ်ဂွါရဲရိုး(ဒေါ့မွန်/ပေါ်တူဂီ)၊ဒီဂနီ(အဲဗာတန်/ပြင်သစ်)တို့ဖြစ်ပါတယ်။

ZawGyi

ကမာၻ႔အေကာင္းဆုံးဘယ္ေနာက္ခံလူ ၁၀ ဦးစာရင္းထြက္ေပၚလာ။ဘယ္သူက ကမာၻ႔အေကာင္းဆုံးဘယ္ေနာက္ခံလူလဲ?

ယခင္တုန္းကကမာၻ႔ေဘာလုံးေလာကမွာအက္ရွ္ေလကိုးကေနေရာဘတ္တိုကားလို႔စ္အထိ အရည္အေသြးျမင့္ဘယ္ေနာက္ခံလူမ်ားထြက္ေပၚခဲ့ပါတယ္။ဆက္တိုက္ဆိုသလို ဘယ္ေနာက္ခံလူေကာင္းေတြလည္း ေဘာလုံးေလာကမွာေမြးထုတ္ေပးေနပါတယ္။

ဘယ္ေနာက္ခံလူေနရာကေဘာလုံးကြင္းထဲမွာအေမ့ခံေနရာမဟုတ္ပါဘူး။အထူးသျဖင့္ဘယ္ေနာက္ခံလူအခ်ိဳ႕တို႔ဟာကလပ္မွာေရာလက္ေ႐ြးစင္အသင္းမွာပါ ခံစစ္အတြက္သာမကတိုက္စစ္ပိုင္းကိုပါအထူးလိုက္ပါကစားႏိုင္စြမ္းရွိၾကတာေတြ႕ရပါတယ္။သူတို႔ကခံစစ္တာဝန္အျပင္ဖန္တီးမႈ၊ဂိုးသြင္းမႈ၊ဖရီးကစ္ကန္မႈစတဲ့တာဝန္ေတာ္ေတာ္မ်ားမ်ားကို ထမ္းေဆာင္ၾကပါတယ္။

ယေန႔မွာကမာၻ႔အေကာင္းဆုံးဘယ္ေနာက္ခံလူ၁၀ဦးစာရင္းထြက္ေပၚလာၿပီျဖစ္ပါတယ္။ယခုထြက္ေပၚလာတဲ့ကမာၻ႔အေကာင္းဆုံးဘယ္ေနာက္ခံလူ ၁၀ဦးစာရင္းမွာပရိသတ္မ်ားေမွ်ာ္လင့္ေနၾကတဲ့သူေတြပဲ ပါဝင္လာတာေတြ႕ရပါတယ္။

ကမာၻ႔အေကာင္းဆုံးဘယ္ေနာက္ခံလူအျဖစ္ရပ္တည္ေနတာကေတာ့လီဗာပူးႏွင့္စေကာ့တလန္ဘယ္ေနာက္ခံလူအင္ဒီေရာဘတ္ဆင္ျဖစ္ပါတယ္။သူဟာ၂၀၂၀-၂၁ေဘာလုံးရာသီတုန္းကလီဗာပူးအတြက္၃၈ပြဲကစားကာ၁ဂိုးသြင္းၿပီး၇ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။သူဟာတစ္ပြဲပ်မ္းမွ်ရွင္းထုတ္မႈ၁.၈ႀကိမ္ႏွင့္အေရးပါတဲ့ေပးပို႔မႈ၁.၇ႀကိမ္ျပဳလုပ္ထားႏိုင္ပါတယ္။

ဒုတိယေနရာမွာေအစီမီလန္ႏွင့္ျပင္သစ္ေနာက္ခံလူသီယိုဟာနန္ဒက္ဇ္ျဖစ္ပါတယ္။ရီးရဲလ္မက္ဒရစ္ေနာက္ခံလူေဟာင္းဟာၿပီးခဲ့တဲ့ရာသီတုန္းကမီလန္အတြက္၇ဂိုးသြင္းကာ၅ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။

တတိယေနရာမွာအဂၤလန္ကိုယူ႐ို၂၀၂၀ၿပိဳင္ပြဲသို႔ပို႔ေဆာင္ေပးထားတဲ့မန္ယူဘယ္ေနာက္ခံလုခ္ေရွာကရပ္တည္ေနပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကမန္ယူအတြက္ပြဲ၃၀ကစားခဲ့ရာမွာ၁ဂိုးသြင္းၿပီး၅ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာလည္းအဂၤလန္အတြက္၃ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။

ဘိုင္ယန္ႏွင့္ကေနဒါေနာက္ခံလူအယ္ဖြန္ဆိုဒါးဗီးစ္ကစတုတၳေနရာမွာရပ္တည္ေနပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကဘိုင္ယန္အတြက္၂၂ပြဲကစားခဲ့ရာမွာ၁ဂိုးသြင္းၿပီး၂ႀကိမ္ဖန္တီးခဲ့ပါတယ္။

အဆင့္၅ေနရာမွာရီးရဲလ္မက္ဒရစ္ေနာက္ခံလူသစ္ေဒးဗစ္အလာဘာကရပ္တည္ေနပါတယ္။ဗဟိုေနာက္ခံလူေနရာႏွင့္ကြင္းလယ္ေနရာတို႔တြင္လည္းကစားႏိုင္တဲ့ဩစႀတီးယားလက္ေ႐ြးစင္ဟာၿပီးခဲ့တဲ့ရာသီတုန္းကပြဲ၃၀ကစားခဲ့ရာမွာ၂ဂိုးသြင္းၿပီး၃ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။

ကမာၻ႔အေကာင္းဆုံးဘယ္ေနာက္ခံလူ၁၀ဦးရဲ႕က်န္၅ဦးစာရင္းမွာအဲလက္စ္ဆန္ဒ႐ို(ဂ်ဴဗင္တပ္/ဘရာဇီး)၊ေဂ်ာ္ဒီအယ္လ္ဘာ(ဘာစီလိုနာ/စပိန္)၊ဘင္ခ်ဲလ္္ဝဲလ္(ခ်ဲလ္ဆီး/အဂၤလန္)၊ရာေဖးလ္ဂြါရဲ႐ိုး(ေဒါ့မြန္/ေပၚတူဂီ)၊ဒီဂနီ(အဲဗာတန္/ျပင္သစ္)တို႔ျဖစ္ပါတယ္။