ကမ္ဘာ့အကောင်းဆုံးများထဲမှ တစ်ဦးဖြစ်လာပြီးနောက် ကလပ်သို့ ပြန်လာရန် အိပ်မက်မက်နေတဲ့ ရီးရဲလ်စတားဟောင်း

ရီးရဲလ်မက်ဒရစ်စတားဟောင်းတစ်ဦးဟာထိပ်တန်းကစားသမားတစ်ဦးဖြစ်လာပြီးနောက်အသင်းဟောင်းရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ကစားရန်အိပ်မက်မက်လျက်ရှိကြောင်း အင်တာမီလန်နည်းပြဟောင်းအန်တိုနီယိုကွန်တီကဖွင့်ချလာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကတစ်ခုတည်းသောကစားသမားခေါ်ယူမှုလည်းဖြစ်တဲ့အပြင်၂၀၁၉ခုနှစ်နောက်ပိုင်း ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ရန်းနက်စ်မှာအက်ဒူယာဒိုကာမာဗန်ဂါအားခေါ်ယူခဲ့ပါတယ်။

ဥရောပထိပ်သီးကလပ်ဟာစူပါစတားကစားသမားများဖြစ်ကြတဲ့ကိုင်လီယန်ဘက်ပေး၊အာလင်းဟာလန်းနှင့်ပေါလ်ပေါ့ဘာတို့အားခေါ်ယူရန်စီစဉ်နေကြောင်းသတင်းထွက်နေပါတယ်။

ဒါပေမယ့်မဝေးတော့တဲ့အနာဂတ်ကာလအတွင်းမှာရီးရဲလ်မက်ဒရစ်ဟာသူတို့ရဲ့ကစားသမားဟောင်းတစ်ဦးကိုဘာနေဗျူးသို့ပြန်လည်ခေါ်ဆောင်လာနိုင်ပါတယ်။

အင်တာမီလန်နည်းပြဟောင်းကွန်တီကဟာကီမီမှာရီးရဲလ်မက်ဒရစ်သို့ပြန်လည်ပြောင်းရွှေ့လိုနေကြောင်းပြောကြားလာတာဖြစ်ပါတယ်။

ဟာကီမီဟာရီးရဲလ်မက်ဒရစ်လူငယ်စီမံကိန်းမှထွက်ပေါ်လာခဲ့သူဖြစ်ပြီးဒေါ့မွန်သို့ပြောင်းရွှေ့ပြီးနောက်ယင်းမှတစ်ဆင့်အင်တာမီလန်သို့ပြောင်းခဲ့ပါတယ်။သူဟာအင်တာမီလန်မှာကွန်တီနှင့်အတူလက်တွဲပြီးစီးရီးအေဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာအင်တာမီလန်မှပီအက်စ်ဂျီသို့ပြောင်းရွှေ့ကြေးပေါင်သန်း၅၀ဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။

ကွန်တီက “ဟာကီမီရဲ့အိပ်မက်ကရီးရဲလ်မက်ဒရစ်သို့ပြန်ပြီးကစားသွားဖို့ဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ကမာၻ႔အေကာင္းဆုံးမ်ားထဲမွ တစ္ဦးျဖစ္လာၿပီးေနာက္ ကလပ္သို႔ ျပန္လာရန္ အိပ္မက္မက္ေနတဲ့ ရီးရဲလ္စတားေဟာင္း

ရီးရဲလ္မက္ဒရစ္စတားေဟာင္းတစ္ဦးဟာထိပ္တန္းကစားသမားတစ္ဦးျဖစ္လာၿပီးေနာက္အသင္းေဟာင္းရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေ႐ႊ႕ကစားရန္အိပ္မက္မက္လ်က္ရွိေၾကာင္း အင္တာမီလန္နည္းျပေဟာင္းအန္တိုနီယိုကြန္တီကဖြင့္ခ်လာပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကတစ္ခုတည္းေသာကစားသမားေခၚယူမႈလည္းျဖစ္တဲ့အျပင္၂၀၁၉ခုႏွစ္ေနာက္ပိုင္း ပထမဆုံးကစားသမားေခၚယူမႈအျဖစ္ ရန္းနက္စ္မွာအက္ဒူယာဒိုကာမာဗန္ဂါအားေခၚယူခဲ့ပါတယ္။

ဥေရာပထိပ္သီးကလပ္ဟာစူပါစတားကစားသမားမ်ားျဖစ္ၾကတဲ့ကိုင္လီယန္ဘက္ေပး၊အာလင္းဟာလန္းႏွင့္ေပါလ္ေပါ့ဘာတို႔အားေခၚယူရန္စီစဥ္ေနေၾကာင္းသတင္းထြက္ေနပါတယ္။

ဒါေပမယ့္မေဝးေတာ့တဲ့အနာဂတ္ကာလအတြင္းမွာရီးရဲလ္မက္ဒရစ္ဟာသူတို႔ရဲ႕ကစားသမားေဟာင္းတစ္ဦးကိုဘာေနဗ်ဴးသို႔ျပန္လည္ေခၚေဆာင္လာႏိုင္ပါတယ္။

အင္တာမီလန္နည္းျပေဟာင္းကြန္တီကဟာကီမီမွာရီးရဲလ္မက္ဒရစ္သို႔ျပန္လည္ေျပာင္းေ႐ႊ႕လိုေနေၾကာင္းေျပာၾကားလာတာျဖစ္ပါတယ္။

ဟာကီမီဟာရီးရဲလ္မက္ဒရစ္လူငယ္စီမံကိန္းမွထြက္ေပၚလာခဲ့သူျဖစ္ၿပီးေဒါ့မြန္သို႔ေျပာင္းေ႐ႊ႕ၿပီးေနာက္ယင္းမွတစ္ဆင့္အင္တာမီလန္သို႔ေျပာင္းခဲ့ပါတယ္။သူဟာအင္တာမီလန္မွာကြန္တီႏွင့္အတူလက္တြဲၿပီးစီးရီးေအဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာအင္တာမီလန္မွပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၅၀ျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ကြန္တီက “ဟာကီမီရဲ႕အိပ္မက္ကရီးရဲလ္မက္ဒရစ္သို႔ျပန္ၿပီးကစားသြားဖို႔ျဖစ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။