ကမ္ဘာ့အချမ်းသာဆုံးဘောလုံးကလပ်ပိုင်ရှင် ဖြစ်လာမယ့် နယူးကာဆယ်ပိုင်ရှင်သစ်

ဆော်ဒီရင်းနှီးမြှပ်နှံရေးကုမ္ပဏီ Saudi Arabic Public Investment Fund ဟာနယူးကာဆယ်ကိုပေါင်သန်း၃၀၀ဖြင့်ဝယ်ယူရေးလုပ်ဆောင်မှုအပြီးသတ်လာချိန်မှာကမ္ဘာ့အချမ်းသာဆုံးဘောလုံးကလပ်ပိုင်ရှင်ဖြစ်လာတော့မှာဖြစ်ပါတယ်။

ဆော်ဒီအစိုးရကအိမ်နီးချင်း ကာတာနိုင်ငံမှ beIT Sports ကိုနိုင်ငံအတွင်း ပရီးမီးယားလိဂ်ပွဲများအားထုတ်လွှင့်ပြသမှုအားပိတ်ပင်ထားမှုကို ဖယ်ရှားလိုက်ပြီးနောက် ဆော်ဒီမင်းသားဦးဆောင်တဲ့ Saudi Arabic Public Investment Fund ရဲ့နယူးကာဆယ်အား မိုက်အက်ရှ်လေထံမှဝယ်ယူရေးအပြီးသတ်နိုင်ရေးအတွက်ပရီးမီးယားလိဂ်ကမီးစိမ်းပြလိုက်ပြီဖြစ်ပါတယ်။

Saudi Arabia Pubilc Investment Fund ကကြွယ်ဝချမ်းသာမှုကပေါင်၃၂၀ဘီလီယံရှိပါတယ်။ဒါကြောင့်Saudi Arabia Pubilc Investment Fund ရဲ့နယူးကာဆယ်အားဝယ်ယူရေးအပြီးသတ်လာချိန်မှာကမ္ဘာ့အချမ်းသာဆုံးဘောလုံးကလပ်ပိုင်ရှင်များစာရင်းမှာအပြောင်းအလဲဖြစ်လာတော့မှာဖြစ်ပါတယ်။

Saudi Arabia Pubilc Investment Fund ဟာလက်ရှိဘောလုံးလောကရဲ့အချမ်းသာဆုံးနေရာကိုရယူထားတဲ့မန်စီးတီးပိုင်ရှင်ရှိတ်မန်ဆာထက် ၁၅ဆနီးပါးကြွယ်ဝချမ်းသာကာကမ္ဘာ့အချမ်းသာဆုံးကလပ်ပိုင်ရှင်နေရာကိုလွဲပြောင်းရယူလာပါမယ်။

ပေါင်၂၃.၂ဘီလီယံကြွယ်ဝချမ်းသာတဲ့ရှိတ်မန်ဆာဟာနံပါတ်၁နေရာကို Saudi Arabia Pubilc Investment Fund ကိုဖယ်ပေးရမှာဖြစ်ပြီးအဆင့်၂နေရာသို့ဆင်းပေးရပါမယ်။

ဒါ့အပြင်အခြားယခင်ကမ္ဘာ့အချမ်းသာကလပ်ပိုင်ရှင်စာရင်းမှာပါဝင်ခဲ့ကြသူများဟာလည်းအဆင့်တစ်ဆင့်စီဆင်းပေးရပါမယ်။

Saudi Arabia Pubilc Investment Fund ဟာနယူးကာဆယ်အသင်းရဲ့ရှယ်ယာ၈၀ရာခိုင်နှုန်းအထိပိုင်ဆိုင်လာမယ်လို့ယုံကြည်ရပြီးအေမန်ဒါစတာဗီလေနှင့်ရူဘင်ညီနောင်တို့ကကျန် ရှယ်ယာ၂၀ရာခိုင်နှုန်းကိုပိုင်ဆိုင်လာကြပါမယ်။

ZawGyi

ကမာၻ႔အခ်မ္းသာဆုံးေဘာလုံးကလပ္ပိုင္ရွင္ ျဖစ္လာမယ့္ နယူးကာဆယ္ပိုင္ရွင္သစ္

ေဆာ္ဒီရင္းႏွီးျမႇပ္ႏွံေရးကုမၸဏီ Saudi Arabic Public Investment Fund ဟာနယူးကာဆယ္ကိုေပါင္သန္း၃၀၀ျဖင့္ဝယ္ယူေရးလုပ္ေဆာင္မႈအၿပီးသတ္လာခ်ိန္မွာကမာၻ႔အခ်မ္းသာဆုံးေဘာလုံးကလပ္ပိုင္ရွင္ျဖစ္လာေတာ့မွာျဖစ္ပါတယ္။

ေဆာ္ဒီအစိုးရကအိမ္နီးခ်င္း ကာတာႏိုင္ငံမွ beIT Sports ကိုႏိုင္ငံအတြင္း ပရီးမီးယားလိဂ္ပြဲမ်ားအားထုတ္လႊင့္ျပသမႈအားပိတ္ပင္ထားမႈကို ဖယ္ရွားလိုက္ၿပီးေနာက္ ေဆာ္ဒီမင္းသားဦးေဆာင္တဲ့ Saudi Arabic Public Investment Fund ရဲ႕နယူးကာဆယ္အား မိုက္အက္ရွ္ေလထံမွဝယ္ယူေရးအၿပီးသတ္ႏိုင္ေရးအတြက္ပရီးမီးယားလိဂ္ကမီးစိမ္းျပလိုက္ၿပီျဖစ္ပါတယ္။

Saudi Arabia Pubilc Investment Fund ကႂကြယ္ဝခ်မ္းသာမႈကေပါင္၃၂၀ဘီလီယံရွိပါတယ္။ဒါေၾကာင့္Saudi Arabia Pubilc Investment Fund ရဲ႕နယူးကာဆယ္အားဝယ္ယူေရးအၿပီးသတ္လာခ်ိန္မွာကမာၻ႔အခ်မ္းသာဆုံးေဘာလုံးကလပ္ပိုင္ရွင္မ်ားစာရင္းမွာအေျပာင္းအလဲျဖစ္လာေတာ့မွာျဖစ္ပါတယ္။

Saudi Arabia Pubilc Investment Fund ဟာလက္ရွိေဘာလုံးေလာကရဲ႕အခ်မ္းသာဆုံးေနရာကိုရယူထားတဲ့မန္စီးတီးပိုင္ရွင္ရွိတ္မန္ဆာထက္ ၁၅ဆနီးပါးႂကြယ္ဝခ်မ္းသာကာကမာၻ႔အခ်မ္းသာဆုံးကလပ္ပိုင္ရွင္ေနရာကိုလြဲေျပာင္းရယူလာပါမယ္။

ေပါင္၂၃.၂ဘီလီယံႂကြယ္ဝခ်မ္းသာတဲ့ရွိတ္မန္ဆာဟာနံပါတ္၁ေနရာကို Saudi Arabia Pubilc Investment Fund ကိုဖယ္ေပးရမွာျဖစ္ၿပီးအဆင့္၂ေနရာသို႔ဆင္းေပးရပါမယ္။

ဒါ့အျပင္အျခားယခင္ကမာၻ႔အခ်မ္းသာကလပ္ပိုင္ရွင္စာရင္းမွာပါဝင္ခဲ့ၾကသူမ်ားဟာလည္းအဆင့္တစ္ဆင့္စီဆင္းေပးရပါမယ္။

Saudi Arabia Pubilc Investment Fund ဟာနယူးကာဆယ္အသင္းရဲ႕ရွယ္ယာ၈၀ရာခိုင္ႏႈန္းအထိပိုင္ဆိုင္လာမယ္လို႔ယုံၾကည္ရၿပီးေအမန္ဒါစတာဗီေလႏွင့္႐ူဘင္ညီေနာင္တို႔ကက်န္ ရွယ္ယာ၂၀ရာခိုင္ႏႈန္းကိုပိုင္ဆိုင္လာၾကပါမယ္။