ကမ္ဘာ့အဆင့် ခံစစ်မှူးတစ်ဦး ရှာဖွေနေမှုကြောင့် မက်ဂွိုင်းယားရဲ့ယူနိုက်တက် အနာဂတ်မရေမရာဖြစ်လာ

မန်ချက်စတာယူနိုက်တက်ကနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ကမ္ဘာ့အဆင့်ဗဟိုခံစစ်မှူးတစ်ဦးခေါ်ယူရန်ရှာဖွေနေမှုနဲ့အတူ အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားရဲ့အိုးထရက်ဖို့ဒ်အနာဂတ်မှာမရေမရာဖြစ်လာခဲ့ပါတယ်။

ကြာသပတေးနေ့တုန်းကယူနိုက်တက်ကစားသမားများကခြေစွမ်းကျဆင်းနေတဲ့ဟယ်ရီမက်ဂွိုင်းယားကိုပုံမှန်ပွဲထွက်ကစားသမားအဖြစ် ရန်းနစ်ခ်က အသုံးပြုနေမှုအပေါ် မေးခွန်းထုတ်နေကြကြောင်း သတင်းထွက်ခဲ့ပါတယ်။

အသက်၂၈နှစ်ရှိယူနိုက်တက်အသင်းခေါင်းဆောင်ဟာဝက်ဖို့ဒ်နှင့်သရေကျတဲ့ပွဲမှာအနားပေးခြင်းခံခဲ့ရပြီးလင်ဒီလော့ဖ်ကိုနေရာလွဲပေးခဲ့ရပေမဲ့တနင်္ဂနွေနေ့ မန်ချက်စတာဒါဘီပွဲတွင်မူပွဲထွက်လာဖို့ ရှိပါတယ်။

ရန်းနစ်ခ်ဟာဟယ်ရီမက်ဂွိုင်းယားကိုအပြည့်အဝထောက်ခံထားပြီးအသင်းခေါင်းဆောင်အဖြစ်မှဖယ်ရှားမှာမဟုတ်ကြောင်းပြောကြားထားပါတယ်။

ဒါပေမဲ့ Daily Mail သတင်းစာရဲ့ဖော်ပြချက်အရယူနိုက်တက်ဟာနွေရာသီတွင်ထိပ်တန်းခံစစ်မှူးတစ်ဦးခေါ်ယူရန်စီစဉ်နေကြောင်းသိရပါတယ်။

ယူနိုက်တက်ရဲ့ပစ်မှတ်ထားမှာဇွန်လတွင်ချဲလ်ဆီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဂျာမန်ဗဟိုခံစစ်မှူးအန်တိုနီယိုရူဒီဂါလည်းပါဝင်ပါတယ်။ဒါ့အပြင်ယူနိုက်တက်ရဲ့စောင့်ကြည့်စာရင်းတွင်ဘာစီလိုနာမှဥရုဂွေးနောက်ခံလူရော်နယ်အရူဂျိုနှင့်ဒေါ့မွန်ရဲ့မန်နူရယ်အေကန်ဂျီလည်းပါဝင်ပါတယ်။

တကယ်တော့ယူနိုက်တက်ခံစစ်သမားများထဲမှာမက်ဂွိုင်းယားတစ်ဦးတည်းသာအနာဂတ်မရေမရာဖြစ်နေတာမဟုတ်ပါဘူး။အဲရစ်ဘိုင်လီနှင့်ဖီးလ်ဂျုံးစ်တို့ရဲ့အနာဂတ်မှာလည်းမရေမရာဖြစ်နေတာပါ။

ZawGyi

ကမာၻ႔အဆင့္ ခံစစ္မႉးတစ္ဦး ရွာေဖြေနမႈေၾကာင့္ မက္ဂြိဳင္းယားရဲ႕ယူႏိုက္တက္ အနာဂတ္မေရမရာျဖစ္လာ

မန္ခ်က္စတာယူႏိုက္တက္ကေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ကမာၻ႔အဆင့္ဗဟိုခံစစ္မႉးတစ္ဦးေခၚယူရန္ရွာေဖြေနမႈနဲ႔အတူ အသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားရဲ႕အိုးထရက္ဖို႔ဒ္အနာဂတ္မွာမေရမရာျဖစ္လာခဲ့ပါတယ္။

ၾကာသပေတးေန႔တုန္းကယူႏိုက္တက္ကစားသမားမ်ားကေျခစြမ္းက်ဆင္းေနတဲ့ဟယ္ရီမက္ဂြိဳင္းယားကိုပုံမွန္ပြဲထြက္ကစားသမားအျဖစ္ ရန္းနစ္ခ္က အသုံးျပဳေနမႈအေပၚ ေမးခြန္းထုတ္ေနၾကေၾကာင္း သတင္းထြက္ခဲ့ပါတယ္။

အသက္၂၈ႏွစ္ရွိယူႏိုက္တက္အသင္းေခါင္းေဆာင္ဟာဝက္ဖို႔ဒ္ႏွင့္သေရက်တဲ့ပြဲမွာအနားေပးျခင္းခံခဲ့ရၿပီးလင္ဒီေလာ့ဖ္ကိုေနရာလြဲေပးခဲ့ရေပမဲ့တနဂၤေႏြေန႔ မန္ခ်က္စတာဒါဘီပြဲတြင္မူပြဲထြက္လာဖို႔ ရွိပါတယ္။

ရန္းနစ္ခ္ဟာဟယ္ရီမက္ဂြိဳင္းယားကိုအျပည့္အဝေထာက္ခံထားၿပီးအသင္းေခါင္းေဆာင္အျဖစ္မွဖယ္ရွားမွာမဟုတ္ေၾကာင္းေျပာၾကားထားပါတယ္။

ဒါေပမဲ့ Daily Mail သတင္းစာရဲ႕ေဖာ္ျပခ်က္အရယူႏိုက္တက္ဟာေႏြရာသီတြင္ထိပ္တန္းခံစစ္မႉးတစ္ဦးေခၚယူရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

ယူႏိုက္တက္ရဲ႕ပစ္မွတ္ထားမွာဇြန္လတြင္ခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ဂ်ာမန္ဗဟိုခံစစ္မႉးအန္တိုနီယို႐ူဒီဂါလည္းပါဝင္ပါတယ္။ဒါ့အျပင္ယူႏိုက္တက္ရဲ႕ေစာင့္ၾကည့္စာရင္းတြင္ဘာစီလိုနာမွဥ႐ုေဂြးေနာက္ခံလူေရာ္နယ္အ႐ူဂ်ိဳႏွင့္ေဒါ့မြန္ရဲ႕မန္ႏူရယ္ေအကန္ဂ်ီလည္းပါဝင္ပါတယ္။

တကယ္ေတာ့ယူႏိုက္တက္ခံစစ္သမားမ်ားထဲမွာမက္ဂြိဳင္းယားတစ္ဦးတည္းသာအနာဂတ္မေရမရာျဖစ္ေနတာမဟုတ္ပါဘူး။အဲရစ္ဘိုင္လီႏွင့္ဖီးလ္ဂ်ဳံးစ္တို႔ရဲ႕အနာဂတ္မွာလည္းမေရမရာျဖစ္ေနတာပါ။