ကမ္ဘာ့အဆင့် ၁၄၂ ရှိ နီကာရာဂွါကို ၁-၀ ဖြင့်သာ ကပ်နိုင်ခဲ့တဲ့ အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲပြိုင်ဘက်

အင်္ဂလန်အသင်း ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင်ရင်ဆိုင်ကစားရမယ့်အီရန်အသင်းဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပြင်ဆင်တဲ့အနေဖြင့်ကမ္ဘာ့အဆင့်၁၄၂ရှိ နီကာရာဂွါနှင့်ခြေစမ်းပွဲကစားခဲ့ရာ၁-၀ဖြင့်သာကပ်အနိုင်ရခဲ့ပါတယ်။

အီရန်ဟာဖီဖာကမ္ဘာ့အဆင့်၂၀နေရာတွင်ရပ်တည်နေသူဖြစ်ပြီးကမ္ဘာ့ဖလားအဖွင့်ပွဲအဖြစ်ရင်ဆိုင်ရမယ့်အင်္ဂလန်နှင့်ပွဲတွင်မထင်မှတ်တဲ့ရလဒ်ရယူနိုင်ရန်မျှော်လင့်နေတဲ့အသင်းလည်းဖြစ်ပါတယ်။

၎င်းတို့ဟာကမ္ဘာ့ဖလားအုပ်စုတွင်းတွင်အင်္ဂလန်အပြင်ဝေးလ်၊အမေရိကန်နှင့်လည်းရင်ဆိုင်ရပါမယ်။

အီရန်ဟာကာတာကမ္ဘာ့ဖလားအတွက်ပြင်ဆင်တဲ့အနေဖြင့်အသင်းငယ်လေးနီကာရာဂွါနှင့်ခြေစမ်းပွဲကစားခဲ့ရာမှာတော့ တိုက်စစ်သမားမီဒီတိုရာဘီသွင်းယူတဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်သာအနိုင်ရခဲ့ပါတယ်။

၎င်းတို့ဟာနိုဝင်ဘာလ၂၁ရက်နေ့တွင်အင်္ဂလန်နှင့်ရင်ဆိုင်မရသေးမီကမ္ဘာ့ဖလားအတွက်ပြင်ဆင်တဲ့နောက်ဆုံးပွဲအဖြစ်နိုဝင်ဘာလ၁၆ရက်နေ့တွင် တူနီးရှားနှင့်ခြေစမ်းပါဦးမယ်။

ZawGyi

ကမာၻ႔အဆင့္ ၁၄၂ ရွိ နီကာရာဂြါကို ၁-၀ ျဖင့္သာ ကပ္ႏိုင္ခဲ့တဲ့ အဂၤလန္ရဲ႕ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲၿပိဳင္ဘက္

အဂၤလန္အသင္း ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲတြင္ရင္ဆိုင္ကစားရမယ့္အီရန္အသင္းဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ျပင္ဆင္တဲ့အေနျဖင့္ကမာၻ႔အဆင့္၁၄၂ရွိ နီကာရာဂြါႏွင့္ေျခစမ္းပြဲကစားခဲ့ရာ၁-၀ျဖင့္သာကပ္အႏိုင္ရခဲ့ပါတယ္။

အီရန္ဟာဖီဖာကမာၻ႔အဆင့္၂၀ေနရာတြင္ရပ္တည္ေနသူျဖစ္ၿပီးကမာၻ႔ဖလားအဖြင့္ပြဲအျဖစ္ရင္ဆိုင္ရမယ့္အဂၤလန္ႏွင့္ပြဲတြင္မထင္မွတ္တဲ့ရလဒ္ရယူႏိုင္ရန္ေမွ်ာ္လင့္ေနတဲ့အသင္းလည္းျဖစ္ပါတယ္။

၎တို႔ဟာကမာၻ႔ဖလားအုပ္စုတြင္းတြင္အဂၤလန္အျပင္ေဝးလ္၊အေမရိကန္ႏွင့္လည္းရင္ဆိုင္ရပါမယ္။

အီရန္ဟာကာတာကမာၻ႔ဖလားအတြက္ျပင္ဆင္တဲ့အေနျဖင့္အသင္းငယ္ေလးနီကာရာဂြါႏွင့္ေျခစမ္းပြဲကစားခဲ့ရာမွာေတာ့ တိုက္စစ္သမားမီဒီတိုရာဘီသြင္းယူတဲ့တစ္လုံးတည္းေသာအႏိုင္ဂိုးျဖင့္သာအႏိုင္ရခဲ့ပါတယ္။

၎တို႔ဟာႏိုဝင္ဘာလ၂၁ရက္ေန႔တြင္အဂၤလန္ႏွင့္ရင္ဆိုင္မရေသးမီကမာၻ႔ဖလားအတြက္ျပင္ဆင္တဲ့ေနာက္ဆုံးပြဲအျဖစ္ႏိုဝင္ဘာလ၁၆ရက္ေန႔တြင္ တူနီးရွားႏွင့္ေျခစမ္းပါဦးမယ္။