ကမ္ဘာ့အံ့ဩစရာအကောင်းဆုံးတိုက်ဆိုင်မှုလား? ၇ နှစ်အရွယ်သားဖြစ်သူ အိမ်သာသွားတိုင်း အင်္ဂလန်ဂိုးသွင်းကြောင်း ဖခင်ဖွင့်ဟလာ

အံ့ဩစရာကောင်းလှတဲ့တိုက်ဆိုင်မှုတစ်ခုကို အင်္ဂလန်ပရိသတ်တစ်ဦးဖွင့်ဟလာပါတယ်။အင်္ဂလန်ပရိသတ်တစ်ဦးကဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းမှာယူရို၂၀၂၀ပြိုင်ပွဲတွင်သားဖြစ်သူအိမ်သာသွားတိုင်း ဂိုးရရှိနေကြောင်းဖွင့်ဟလာပါတယ်။

အင်္ဂလန်ဟာယူရို၂၀၂၀ပြိုင်ပွဲကွာတားဖိုင်နယ်အဆင့်သို့အထိတက်ရောက်ထားနိုင်ပြီးလာမယ့်ဗုဒ္ဓဟူးနေ့မှာဒိန်းမတ်နှင့်ရင်ဆိုင်ရပါမယ်။အင်္ဂလန်ဟာ၁၉၆၆ကမ္ဘာ့ဖလားဆွတ်ခူးပြီးနောက်နိုင်ငံတကာဆုဖလားနှင့်ဝေးကွာလာခဲ့တဲ့အသင်းဖြစ်ပြီးယခုအခါယူရို၂၀၂၀အိပ်မက်မက်လျက်ရှိပါတယ်။

ထူးထူးခြားခြားဆိုသလိုပေါလ်ဆိုတဲ့ပရိသတ်ကအင်္ဂလန်အသင်းရရှိတဲ့ဂိုးနှင့်သူ့သားအိမ်သာသွားမှုနဲ့တိုက်ဆိုင်မှုအပေါ်အံ့ဩဖွယ်ဖွင့်ဟလာပါတယ်။

၎င်းက “ကျွန်တော်နဲ့ကျွန်တော့်ရဲ့၇နှစ်အရွယ်သားဟင်နရီတို့ဟာအင်္ဂလန်ပွဲတိုင်းကိုအင်္ဂလန်အသင်းအင်္ကျီသစ်စ်လွင်လွင်ဝတ်ပြီးဆိုဖာမှာထိုင်ပြီးပွဲတိုင်းကိုအားပေးလာခဲ့ကြတာပါ။နှစ်ပွဲမှာသူကသေးသွားပေါက်တယ်။သူအိမ်သာသွားတိုင်းကျွန်တော်တို့ဂိုးရတယ်။အခုဆိုရင်ကျွန်တော်တို့ဟာသူ့ကိုပွဲမတိုင်ခင်ရေနဲ့အချိုရည်တွေတိုက်ပြီးအိမ်သာခဏခဏသွားရအောင်လုပ်ရပါတော့မယ်။ကျွန်တော်တို့ဟာကိုယ့်နိုင်ငံအတွက်လုပ်ဆောင်နေတာပါ”လို့ပြောကြားသွားပါတယ်။

ပေါလ်ဟာသားဖြစ်သူအိမ်သာသွားတိုင်းဂိုးရတဲ့ပွဲတွေကဂျာမနီကို၂-၀ဂိုးနဲ့အနိုင်ရတဲ့ပွဲနဲ့ယူကရိန်းကို၄-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲလားဆိုတာကိုတော့အတိအကျမပြောခဲ့ပါတယ်။

ဒါ့အပြင်ဘာရီအမည်ရှိပရိသတ်တစ်ဦးကလည်းသူ့ရဲ့ဆံပင်ညှပ်မှုနဲ့အင်္ဂလန်အသင်းအနိုင်ရရှိမှု အံ့ဩဖွယ်တိုက်မှုကိုဖွင့်ဟသွားပါတယ်။

၎င်းက “ဂျာမန်-အင်္ဂလန်ပွဲအလို၅မိနစ်မှာကျွန်တော်ဆံပင်ညှပ်ခဲ့တယ်။အင်္ဂလန်နိုင်တယ်။နောက်တော့ယူကရိန်း-အင်္ဂလန်ပွဲမတိုင်ခင်ခေါင်းရိတ်လိုက်တယ်။အင်္ဂလန်နိုင်တယ်။ကျွန်တော်ကဒီလိုအယူသီးတဲ့သူမျိုးတော့မဟုတ်ဘူး”လို့ဆိုသွားပါတယ်။

ဒါ့အပြင်ဗင့်အမည်ရှိလူတစ်ဦးကလည်း “အဖေ့များနေ့မတိုင်ခင်တုန်းကကျွန်တော့်သမီးဆီကအင်္ဂလန်အသင်းဝတ်စုံလက်ဆောင်ရတယ်။အဲဒီအင်္ကျီဝတ်ပြီးကြည့်တယ်။ဟယ်ရီကိန်းကဦးဆောင်နိုင်ခဲ့တယ်။အင်္ကျီကိုမလျှော်ဘဲချိတ်နဲ့လှန်းထားခဲ့တယ်။ဒီအင်္ကျီကိုလျှော်လို့မဖြစ်ပါဘူး။ကျွန်တော်တို့အတွက်ကံကောင်းစေတဲ့အရာပါ”လို့ဆိုသွားပါတယ်။

မကြာသေးမီတုန်းကလည်းဂျွန်နီဟိုဝဲလ်အမည်ရှိအင်္ဂလန်ပရိသတ်တစ်ဦးကလည်းမမွေးရသေးတဲ့သူ့သားကိုအာထရာဆောင်းရိုက်ကူးခဲ့ရာမှာလက်နှစ်ချောင်းထောင်နေမှုကြောင့်ဂျာမနီနှင့်၁၆သင်းအဆင့်ပွဲစဉ်ကို၂-၀ဂိုးဖြင့်ပြီးဆုံးမယ်ဆိုပြီးပေါင်၃၀လောင်းကြေးထပ်ခဲ့ရာပေါင်၃၆၀အနိုင်ရရှိခဲ့ကြောင်းဖွင့်ဟသွားခဲ့ဖူးပါတယ်။

ZawGyi

ကမာၻ႔အံ့ဩစရာအေကာင္းဆုံးတိုက္ဆိုင္မႈလား? ၇ ႏွစ္အ႐ြယ္သားျဖစ္သူ အိမ္သာသြားတိုင္း အဂၤလန္ဂိုးသြင္းေၾကာင္း ဖခင္ဖြင့္ဟလာ

အံ့ဩစရာေကာင္းလွတဲ့တိုက္ဆိုင္မႈတစ္ခုကို အဂၤလန္ပရိသတ္တစ္ဦးဖြင့္ဟလာပါတယ္။အဂၤလန္ပရိသတ္တစ္ဦးကဂါရတ္ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းမွာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္သားျဖစ္သူအိမ္သာသြားတိုင္း ဂိုးရရွိေနေၾကာင္းဖြင့္ဟလာပါတယ္။

အဂၤလန္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲကြာတားဖိုင္နယ္အဆင့္သို႔အထိတက္ေရာက္ထားႏိုင္ၿပီးလာမယ့္ဗုဒၶဟူးေန႔မွာဒိန္းမတ္ႏွင့္ရင္ဆိုင္ရပါမယ္။အဂၤလန္ဟာ၁၉၆၆ကမာၻ႔ဖလားဆြတ္ခူးၿပီးေနာက္ႏိုင္ငံတကာဆုဖလားႏွင့္ေဝးကြာလာခဲ့တဲ့အသင္းျဖစ္ၿပီးယခုအခါယူ႐ို၂၀၂၀အိပ္မက္မက္လ်က္ရွိပါတယ္။

ထူးထူးျခားျခားဆိုသလိုေပါလ္ဆိုတဲ့ပရိသတ္ကအဂၤလန္အသင္းရရွိတဲ့ဂိုးႏွင့္သူ႔သားအိမ္သာသြားမႈနဲ႔တိုက္ဆိုင္မႈအေပၚအံ့ဩဖြယ္ဖြင့္ဟလာပါတယ္။

၎က “ကြၽန္ေတာ္နဲ႔ကြၽန္ေတာ့္ရဲ႕၇ႏွစ္အ႐ြယ္သားဟင္နရီတို႔ဟာအဂၤလန္ပြဲတိုင္းကိုအဂၤလန္အသင္းအက်ႌသစ္စ္လြင္လြင္ဝတ္ၿပီးဆိုဖာမွာထိုင္ၿပီးပြဲတိုင္းကိုအားေပးလာခဲ့ၾကတာပါ။ႏွစ္ပြဲမွာသူကေသးသြားေပါက္တယ္။သူအိမ္သာသြားတိုင္းကြၽန္ေတာ္တို႔ဂိုးရတယ္။အခုဆိုရင္ကြၽန္ေတာ္တို႔ဟာသူ႔ကိုပြဲမတိုင္ခင္ေရနဲ႔အခ်ိဳရည္ေတြတိုက္ၿပီးအိမ္သာခဏခဏသြားရေအာင္လုပ္ရပါေတာ့မယ္။ကြၽန္ေတာ္တို႔ဟာကိုယ့္ႏိုင္ငံအတြက္လုပ္ေဆာင္ေနတာပါ”လို႔ေျပာၾကားသြားပါတယ္။

ေပါလ္ဟာသားျဖစ္သူအိမ္သာသြားတိုင္းဂိုးရတဲ့ပြဲေတြကဂ်ာမနီကို၂-၀ဂိုးနဲ႔အႏိုင္ရတဲ့ပြဲနဲ႔ယူကရိန္းကို၄-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲလားဆိုတာကိုေတာ့အတိအက်မေျပာခဲ့ပါတယ္။

ဒါ့အျပင္ဘာရီအမည္ရွိပရိသတ္တစ္ဦးကလည္းသူ႔ရဲ႕ဆံပင္ညႇပ္မႈနဲ႔အဂၤလန္အသင္းအႏိုင္ရရွိမႈ အံ့ဩဖြယ္တိုက္မႈကိုဖြင့္ဟသြားပါတယ္။

၎က “ဂ်ာမန္-အဂၤလန္ပြဲအလို၅မိနစ္မွာကြၽန္ေတာ္ဆံပင္ညႇပ္ခဲ့တယ္။အဂၤလန္ႏိုင္တယ္။ေနာက္ေတာ့ယူကရိန္း-အဂၤလန္ပြဲမတိုင္ခင္ေခါင္းရိတ္လိုက္တယ္။အဂၤလန္ႏိုင္တယ္။ကြၽန္ေတာ္ကဒီလိုအယူသီးတဲ့သူမ်ိဳးေတာ့မဟုတ္ဘူး”လို႔ဆိုသြားပါတယ္။

ဒါ့အျပင္ဗင့္အမည္ရွိလူတစ္ဦးကလည္း “အေဖ့မ်ားေန႔မတိုင္ခင္တုန္းကကြၽန္ေတာ့္သမီးဆီကအဂၤလန္အသင္းဝတ္စုံလက္ေဆာင္ရတယ္။အဲဒီအက်ႌဝတ္ၿပီးၾကည့္တယ္။ဟယ္ရီကိန္းကဦးေဆာင္ႏိုင္ခဲ့တယ္။အက်ႌကိုမေလွ်ာ္ဘဲခ်ိတ္နဲ႔လွန္းထားခဲ့တယ္။ဒီအက်ႌကိုေလွ်ာ္လို႔မျဖစ္ပါဘူး။ကြၽန္ေတာ္တို႔အတြက္ကံေကာင္းေစတဲ့အရာပါ”လို႔ဆိုသြားပါတယ္။

မၾကာေသးမီတုန္းကလည္းဂြၽန္နီဟိုဝဲလ္အမည္ရွိအဂၤလန္ပရိသတ္တစ္ဦးကလည္းမေမြးရေသးတဲ့သူ႔သားကိုအာထရာေဆာင္း႐ိုက္ကူးခဲ့ရာမွာလက္ႏွစ္ေခ်ာင္းေထာင္ေနမႈေၾကာင့္ဂ်ာမနီႏွင့္၁၆သင္းအဆင့္ပြဲစဥ္ကို၂-၀ဂိုးျဖင့္ၿပီးဆုံးမယ္ဆိုၿပီးေပါင္၃၀ေလာင္းေၾကးထပ္ခဲ့ရာေပါင္၃၆၀အႏိုင္ရရွိခဲ့ေၾကာင္းဖြင့္ဟသြားခဲ့ဖူးပါတယ္။