ကမ်မစ်ချ်နှင့်ဂိုရက်ဇ်ကာတို့ကို ဆက်ထိန်းထားနိုင်တော့မည်မဟုတ်ဟု ဘိုင်ယန်မြူးနစ်အတည်ပြု

ဘိုင်ယန်မြူးနစ်ဥက္ကဌဟာဘတ်ဟိုင်နာကဘိုင်ယန်မြူးနစ်မှာဂျိုရှာကမ်မစ်ချ်နှင့်လီယွန်ဂိုရက်ဇ်ကာတို့အားမည်သည့်နည်းနှင့်မျှဆက်ထိန်းထားနိုင်တော့မည်မဟုတ်ကြောင်းဝန်ခံသွားပါတယ်။

ကမ်မစ်ချ်မှာဘိုင်ယန်မြူးနစ်နှင့်၂နှစ်စာချုပ်ချုပ်နေသေးသူဖြစ်ပြီးဂိုရက်ဇ်ကာမှာမူ၁၁လစာချုပ်သာကျန်တော့သူဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာအသင်းရဲ့အရေးပါတဲ့ကစားသမားနှစ်ဦးတို့အားနှစ်ရှည်စာချုပ်သက်တမ်းတိုးနိုင်ရေးအတွက်အစွမ်းကုန်ကြိုးပမ်းမှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်ယခုအခါဟိုင်နာကမိမိတို့မှာကစားသမားများရဲ့မြင့်မားလှတဲ့လုပ်ခတောင်းဆိုမှုကြောင့်ဆက်ထိန်းထားနိုင်တော့မှာမဟုတ်ကြောင်းအတည်ပြုလာပြီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဥက္ကဌက”သူတို့ကိုဘယ်လိုနည်းနဲ့ဘဲဖြစ်ဖြစ်ထိန်းမထားနိုင်တော့ပါဘူး။ဘိုင်ယန်မှာသူတို့ဘာတွေရနေတာသိပါတယ်။သူတို့ဟာဒီမှာလည်းလုပ်ခကောင်းကောင်းရနေကြတာပါ။လူတိုင်းလစာရနေကြတာပါ။ဒီမှာကျွန်တော်တို့နဲ့အတူသူတို့ဆုဖလားတွေရယူလို့ရပါတယ်။အနာဂတ်လည်းဒီမှာရှိပါတယ်”လို့ပြောကြားသွားပါတယ်။

ကမ်မစ်ချ်ဟာ၂၀၁၅ခုနှစ်တုန်းကလိုက်ဇစ်မှဘိုင်ယန်မြူးနစ်သို့ရောက်လာပြီးနောက်ဘိုင်ယန်အတွက်၂၆၂ပွဲကစားထားရာတွင်ဂိုး၃၀သွင်းကာ၇၂ကြိမ်ဖန်တီးထားသူဖြစ်ပါတယ်။အသက်၂၆နှစ်ရှိဂျာမနီလက်ရွေးစင်ဟာဘိုင်ယန်နှင့်အတူဆုဖလား၁၆ကြိမ်ဆွတ်ခူးထားပါတယ်။

မန်ယူရဲ့ဆက်သွယ်ခြင်းခံနေရတဲ့ဂိုရက်ဇ်ကာမှာလည်း၂၀၁၈ခုနှစ်တွင်ရှော်လ်ကေးမှရောက်လာပြီးနောက်ဘိုင်ယန်အတွက်၁၁၃ပွဲကစားထားရာမှာ၂၅ဂိုးသွင်းကာ၂၇ကြိမ်ဖန်တီးထားပါတယ်။

ZawGyi

ကမ္မစ္ခ်္ႏွင့္ဂိုရက္ဇ္ကာတို႔ကို ဆက္ထိန္းထားႏိုင္ေတာ့မည္မဟုတ္ဟု ဘိုင္ယန္ျမဴးနစ္အတည္ျပဳ

ဘိုင္ယန္ျမဴးနစ္ဥကၠဌဟာဘတ္ဟိုင္နာကဘိုင္ယန္ျမဴးနစ္မွာဂ်ိဳရွာကမ္မစ္ခ်္ႏွင့္လီယြန္ဂိုရက္ဇ္ကာတို႔အားမည္သည့္နည္းႏွင့္မွ်ဆက္ထိန္းထားႏိုင္ေတာ့မည္မဟုတ္ေၾကာင္းဝန္ခံသြားပါတယ္။

ကမ္မစ္ခ်္မွာဘိုင္ယန္ျမဴးနစ္ႏွင့္၂ႏွစ္စာခ်ဳပ္ခ်ဳပ္ေနေသးသူျဖစ္ၿပီးဂိုရက္ဇ္ကာမွာမူ၁၁လစာခ်ဳပ္သာက်န္ေတာ့သူျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာအသင္းရဲ႕အေရးပါတဲ့ကစားသမားႏွစ္ဦးတို႔အားႏွစ္ရွည္စာခ်ဳပ္သက္တမ္းတိုးႏိုင္ေရးအတြက္အစြမ္းကုန္ႀကိဳးပမ္းမႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္ယခုအခါဟိုင္နာကမိမိတို႔မွာကစားသမားမ်ားရဲ႕ျမင့္မားလွတဲ့လုပ္ခေတာင္းဆိုမႈေၾကာင့္ဆက္ထိန္းထားႏိုင္ေတာ့မွာမဟုတ္ေၾကာင္းအတည္ျပဳလာၿပီျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဥကၠဌက”သူတို႔ကိုဘယ္လိုနည္းနဲ႔ဘဲျဖစ္ျဖစ္ထိန္းမထားႏိုင္ေတာ့ပါဘူး။ဘိုင္ယန္မွာသူတို႔ဘာေတြရေနတာသိပါတယ္။သူတို႔ဟာဒီမွာလည္းလုပ္ခေကာင္းေကာင္းရေနၾကတာပါ။လူတိုင္းလစာရေနၾကတာပါ။ဒီမွာကြၽန္ေတာ္တို႔နဲ႔အတူသူတို႔ဆုဖလားေတြရယူလို႔ရပါတယ္။အနာဂတ္လည္းဒီမွာရွိပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ကမ္မစ္ခ်္ဟာ၂၀၁၅ခုႏွစ္တုန္းကလိုက္ဇစ္မွဘိုင္ယန္ျမဴးနစ္သို႔ေရာက္လာၿပီးေနာက္ဘိုင္ယန္အတြက္၂၆၂ပြဲကစားထားရာတြင္ဂိုး၃၀သြင္းကာ၇၂ႀကိမ္ဖန္တီးထားသူျဖစ္ပါတယ္။အသက္၂၆ႏွစ္ရွိဂ်ာမနီလက္ေ႐ြးစင္ဟာဘိုင္ယန္ႏွင့္အတူဆုဖလား၁၆ႀကိမ္ဆြတ္ခူးထားပါတယ္။

မန္ယူရဲ႕ဆက္သြယ္ျခင္းခံေနရတဲ့ဂိုရက္ဇ္ကာမွာလည္း၂၀၁၈ခုႏွစ္တြင္ေရွာ္လ္ေကးမွေရာက္လာၿပီးေနာက္ဘိုင္ယန္အတြက္၁၁၃ပြဲကစားထားရာမွာ၂၅ဂိုးသြင္းကာ၂၇ႀကိမ္ဖန္တီးထားပါတယ္။