ကမ်းလှမ်းမှု တစ်ခုမှ ရရှိခြင်း မရှိသေးတဲ့ တစ်ချိန်တုန်းက ကမ္ဘာ့အလားအလာအကောင်းဆုံးကွင်းလယ်ကစားသမား

ဂျက်ဝီရှိုင်းယားက၎င်းအားခေါ်ယူရန်အတွက်မည်သည့်ကလပ်ကမျှကမ်းလှမ်းလာခြင်းမရှိကြောင်းဖွင့်ဟကာကလပ်သစ်ရှာဖွေရေးအတွက်အခက်တွေ့နေကြောင်းပြောကြားလာပါတယ်။

အာဆင်နယ်နှင့်အင်္ဂလန်ကစားသမားဟောင်းဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်ဘုန်းမောက်မှထွက်ခွာလာပြီးနောက်ကလပ်လက်မဲ့ဖြစ်နေပါတယ်။

အသက်၂၉နှစ်ရှိကွင်းလယ်ကစားသမားဟာကြံ့ခိုင်မှုပြည့်ဝနေမှုနှင့်အတူအမြန်ဆုံးကလပ်သစ်ရှာဖွေတွေ့ရှိကာဘောလုံးကွင်းထဲသို့ပြန်လည်ဝင်ရောက်ရန်ဆန္ဒပြင်းပြနေပါတယ်။

ဒါပေမယ့်လည်းသူဟာမည်သည့်ကမ်းလှမ်းမှုမှမရရှိမှုနဲ့အတူကလပ်သစ်ရှာဖွေရခက်ခဲနေပါတယ်။

ဂျက်ဝီရှိုင်းယားက “အရမ်းကောင်းတဲ့ရာသီကြိုလေ့ကျင့်မှုရထားတယ်။ကျွန်တော့်ကြံ့ခိုင်မှုအကောင်းဆုံးဖြစ်နေဖို့အတွက်ကလပ်တစ်ခုနဲ့လေ့ကျင့်ခဲ့တယ်။အခုကြံ့ခိုင်မှုပိုင်းအကောင်းဆုံးအနေအထားမှာရှိပါတယ်။အသက်ကလည်း၂၉နှစ်ပဲရှိပါသေးတယ်။သင့်တော်တဲ့အခွင့်အရေးရောက်လာဖို့စောင့်ဆိုင်းနေပါတယ်။ဒါပေမယ့်အခုအချိန်အထိတော့ဘာကမ်းလှမ်းမှုမရသေးပါဘူး။ဘာမှလည်းဖြစ်မလာသေးပါဘူး”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်အတွက်၃၄ပွဲကစားထားတဲ့ဂျက်ဝီရှိုင်းယားဟာ၂၀၀၆ခုနှစ်တုန်းကအာဆင်နယ်ပထမအသင်းသို့ထိုးဖောက်လာပြီးနောက်ကမ္ဘာ့အလားအလာအကောင်းဆုံးလူငယ်ကွင်းလယ်ကစားသမားအဖြစ်သတ်မှတ်ခြင်းခံခဲ့ရကာဘာစီလိုနာဂန္ထဝင်ကွင်းလယ်ကစားသမားဇာဗီးနဲ့ခိုင်းနှိုင်းခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။ဒါပေမယ့်သူဟာဒဏ်ရာပြဿနာများနှင့်နပန်းလုံးရပြီးနောက်ကစားသမားဘဝနိမ့်ကျလာခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ကမ္းလွမ္းမႈ တစ္ခုမွ ရရွိျခင္း မရွိေသးတဲ့ တစ္ခ်ိန္တုန္းက ကမာၻ႔အလားအလာအေကာင္းဆုံးကြင္းလယ္ကစားသမား

ဂ်က္ဝီရႈိင္းယားက၎အားေခၚယူရန္အတြက္မည္သည့္ကလပ္ကမွ်ကမ္းလွမ္းလာျခင္းမရွိေၾကာင္းဖြင့္ဟကာကလပ္သစ္ရွာေဖြေရးအတြက္အခက္ေတြ႕ေနေၾကာင္းေျပာၾကားလာပါတယ္။

အာဆင္နယ္ႏွင့္အဂၤလန္ကစားသမားေဟာင္းဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္တြင္ဘုန္းေမာက္မွထြက္ခြာလာၿပီးေနာက္ကလပ္လက္မဲ့ျဖစ္ေနပါတယ္။

အသက္၂၉ႏွစ္ရွိကြင္းလယ္ကစားသမားဟာႀကံ့ခိုင္မႈျပည့္ဝေနမႈႏွင့္အတူအျမန္ဆုံးကလပ္သစ္ရွာေဖြေတြ႕ရွိကာေဘာလုံးကြင္းထဲသို႔ျပန္လည္ဝင္ေရာက္ရန္ဆႏၵျပင္းျပေနပါတယ္။

ဒါေပမယ့္လည္းသူဟာမည္သည့္ကမ္းလွမ္းမႈမွမရရွိမႈနဲ႔အတူကလပ္သစ္ရွာေဖြရခက္ခဲေနပါတယ္။

ဂ်က္ဝီရႈိင္းယားက “အရမ္းေကာင္းတဲ့ရာသီႀကိဳေလ့က်င့္မႈရထားတယ္။ကြၽန္ေတာ့္ႀကံ့ခိုင္မႈအေကာင္းဆုံးျဖစ္ေနဖို႔အတြက္ကလပ္တစ္ခုနဲ႔ေလ့က်င့္ခဲ့တယ္။အခုႀကံ့ခိုင္မႈပိုင္းအေကာင္းဆုံးအေနအထားမွာရွိပါတယ္။အသက္ကလည္း၂၉ႏွစ္ပဲရွိပါေသးတယ္။သင့္ေတာ္တဲ့အခြင့္အေရးေရာက္လာဖို႔ေစာင့္ဆိုင္းေနပါတယ္။ဒါေပမယ့္အခုအခ်ိန္အထိေတာ့ဘာကမ္းလွမ္းမႈမရေသးပါဘူး။ဘာမွလည္းျဖစ္မလာေသးပါဘူး”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္အတြက္၃၄ပြဲကစားထားတဲ့ဂ်က္ဝီရႈိင္းယားဟာ၂၀၀၆ခုႏွစ္တုန္းကအာဆင္နယ္ပထမအသင္းသို႔ထိုးေဖာက္လာၿပီးေနာက္ကမာၻ႔အလားအလာအေကာင္းဆုံးလူငယ္ကြင္းလယ္ကစားသမားအျဖစ္သတ္မွတ္ျခင္းခံခဲ့ရကာဘာစီလိုနာဂႏၴဝင္ကြင္းလယ္ကစားသမားဇာဗီးနဲ႔ခိုင္းႏႈိင္းျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။ဒါေပမယ့္သူဟာဒဏ္ရာျပႆနာမ်ားႏွင့္နပန္းလုံးရၿပီးေနာက္ကစားသမားဘဝနိမ့္က်လာခဲ့သူလည္းျဖစ္ပါတယ္။