ကလပ်ကစားသမားဘဝမှအနားယူမှာဖြစ်ပေမယ့် ဝေးလ်အတွက် ကစားသွားဦးမယ့် ဘေးလ်

ဂါရတ်ဘေးလ်ဟာလာမယ့်နှစ်နွေရာသီမှာကလပ်ကစားသမားဘဝမှအနားယူရန်စီစဉ်ထားကြောင်းသိရပါတယ်။ဒါပေမယ့်သူဟာဝေးလ်နှင့်အတူ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကစားသွားလိုကြောင်းသိရပါတယ်။

ဝေးလ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့ဝေးလ်အသင်းခေါင်းဆောင်ဟာယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာရပြီးနောက်အားလပ်ရက်အနားယူနေရပါတယ်။

သူဟာယခုလနှောင်းပိုင်းမှာမက်ဒရစ်သို့သွားရောက်ကာရီးရဲလ်မက်ဒရစ်ပူးပေါင်းပါမယ်။သူဟာရီးရဲလ်မက်ဒရစ်နှင့်တစ်ပတ်လုပ်ခပေါင်၆၀၀၀၀၀တန်တစ်နှစ်စာချုပ်ကျန်နေပါသေးတယ်။

လာမယ့်အပတ်မှာအသက်၃၂နှစ်ပြည့်မယ့်ဘေးလ်ဟာရီးရဲလ်မက်ဒရစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်လမယ့်၁၂လတာကာလမှာကစားသမားဘဝမှအနားယူရန်စီစဉ်ထားတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကအသင်းဟောင်းစပါးစ်တွင်အငှားဖြင့်လာရောက်ကစားခဲ့တဲ့ဘေးလ်ကစာချုပ်သက်တမ်းကုန်ဆုံးမယ့်လာမယ့်နွေတွင်ကလပ်သစ်မရှာလိုတော့ဘဲကစားသမားဘဝမှအနားယူရန်စဉ်းစားထားကြောင်း သူငယ်ချင်းများကိုပြောကြားထားပါတယ်။

ဒါပေမယ့်သူဟာလာမယ့်နှစ်ဆောင်းရာသီမှာကျင်းပမယ့်ကာတာကမ္ဘာ့ဖလားမှာကစားလိုနေပါတယ်။သူဟာဝေးလ်သာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန်ကမ္ဘာ့ဖလားကစားလိုနေတာဖြစ်ပါတယ်။

ဝေးလ်ဟာလာမယ့်စက်တင်ဘာလမှာဘီလာရုစ်၊အက်စ်တိုးနီးယားတို့နှင့်ခြေစစ်ပွဲကစားရမှာဖြစ်ပြီး၁၉၅၈နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ခြေစစ်ပွဲအောင်မြင်ရန်မျှော်မှန်းထားပါတယ်။

ရီးရဲလ်မက်ဒရစ်နှင့်အတူချန်ပီယံလိဂ်ဖလားလေးကြိမ်ရရှိထားတဲ့ဘေးလ်ဟာဝေးလ်အတွက်၉၆ပွဲကစားကာ၃၃ဂိုးသွင်းယူထားပါတယ်။

သူဟာလာမယ့်ဘောလုံးရာသီမှာဆရာဟောင်းအန်ဆယ်လော့တီနှင့်ပြန်တွဲရမှာဖြစ်လို့ ရီးရဲလ်မက်ဒရစ်မှာပြန်လည်နေရာရရှိဖို့မျှော်လင့်နေပါတယ်။

ZawGyi

ကလပ္ကစားသမားဘဝမွအနားယူမွာျဖစ္ေပမယ့္ ေဝးလ္အတြက္ ကစားသြားဦးမယ့္ ေဘးလ္

ဂါရတ္ေဘးလ္ဟာလာမယ့္ႏွစ္ေႏြရာသီမွာကလပ္ကစားသမားဘဝမွအနားယူရန္စီစဥ္ထားေၾကာင္းသိရပါတယ္။ဒါေပမယ့္သူဟာေဝးလ္ႏွင့္အတူ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲကစားသြားလိုေၾကာင္းသိရပါတယ္။

ေဝးလ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနတဲ့ေဝးလ္အသင္းေခါင္းေဆာင္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲ၁၆သင္းရႈံးထြက္အဆင့္မွထြက္ခြာရၿပီးေနာက္အားလပ္ရက္အနားယူေနရပါတယ္။

သူဟာယခုလေႏွာင္းပိုင္းမွာမက္ဒရစ္သို႔သြားေရာက္ကာရီးရဲလ္မက္ဒရစ္ပူးေပါင္းပါမယ္။သူဟာရီးရဲလ္မက္ဒရစ္ႏွင့္တစ္ပတ္လုပ္ခေပါင္၆၀၀၀၀၀တန္တစ္ႏွစ္စာခ်ဳပ္က်န္ေနပါေသးတယ္။

လာမယ့္အပတ္မွာအသက္၃၂ႏွစ္ျပည့္မယ့္ေဘးလ္ဟာရီးရဲလ္မက္ဒရစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္လမယ့္၁၂လတာကာလမွာကစားသမားဘဝမွအနားယူရန္စီစဥ္ထားတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကအသင္းေဟာင္းစပါးစ္တြင္အငွားျဖင့္လာေရာက္ကစားခဲ့တဲ့ေဘးလ္ကစာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္လာမယ့္ေႏြတြင္ကလပ္သစ္မရွာလိုေတာ့ဘဲကစားသမားဘဝမွအနားယူရန္စဥ္းစားထားေၾကာင္း သူငယ္ခ်င္းမ်ားကိုေျပာၾကားထားပါတယ္။

ဒါေပမယ့္သူဟာလာမယ့္ႏွစ္ေဆာင္းရာသီမွာက်င္းပမယ့္ကာတာကမာၻ႔ဖလားမွာကစားလိုေနပါတယ္။သူဟာေဝးလ္သာကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ရန္ကမာၻ႔ဖလားကစားလိုေနတာျဖစ္ပါတယ္။

ေဝးလ္ဟာလာမယ့္စက္တင္ဘာလမွာဘီလာ႐ုစ္၊အက္စ္တိုးနီးယားတို႔ႏွင့္ေျခစစ္ပြဲကစားရမွာျဖစ္ၿပီး၁၉၅၈ေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္ေျခစစ္ပြဲေအာင္ျမင္ရန္ေမွ်ာ္မွန္းထားပါတယ္။

ရီးရဲလ္မက္ဒရစ္ႏွင့္အတူခ်န္ပီယံလိဂ္ဖလားေလးႀကိမ္ရရွိထားတဲ့ေဘးလ္ဟာေဝးလ္အတြက္၉၆ပြဲကစားကာ၃၃ဂိုးသြင္းယူထားပါတယ္။

သူဟာလာမယ့္ေဘာလုံးရာသီမွာဆရာေဟာင္းအန္ဆယ္ေလာ့တီႏွင့္ျပန္တြဲရမွာျဖစ္လို႔ ရီးရဲလ္မက္ဒရစ္မွာျပန္လည္ေနရာရရွိဖို႔ေမွ်ာ္လင့္ေနပါတယ္။