ကလပ်ကို ဝယ်ယူရန် ယူနိုက်တက်အမာခံပရိသတ်တစ်ဦးကို တိုက်တွန်းနေကြတဲ့ လီဗာပူးပရိသတ်များ

လီဗာပူးပရိသတ်များဟာကလပ်ကိုအရောင်းစာရင်းတင်လာပြီးနောက်ကလပ်ကိုဝယ်ယူရန်မန်ချက်စတာယူနိုက်တက်အမာခံပရိသတ်တစ်ဦးအားဝယ်ယူရန်တိုက်တွန်းလာပါတယ်။

လီဗာပူးပိုင်ရှင်Fenway Sports Group, (FSG)ဟာကလပ်ကို၁၂နှစ်ကြာဦးဆောင်လာပြီးနောက် လီဗာပူးကိုတနင်္လာနေ့တုန်းကအရောင်းစာရင်းတင်လိုက်ပြီဖြစ်ပါတယ်။

Fenway Sports Group, (FSG)ဟာ၂၀၁၀ခုနှစ်တုန်းကလီဗာပူးကိုပေါင်သန်း၃၀၀ဖြင့်ဝယ်ယူခဲ့တာဖြစ်ပြီး၎င်းတို့ရဲ့လက်အောက်တွင်နှစ်၃၀အတွင်းပထမဆုံးပရီးမီးယားလိဂ်ဖလားဆွတ်ခူးခဲ့သလိုချန်ပီယံလိဂ်ဖလား၊အက်ဖ်အေဖလားနှင့်ခါရာဘောင်ဖလားတို့လည်းဆွတ်ခူးခဲ့ပါတယ်။

လက်ရှိအချိန်တွင်လီဗာပူးကိုဝယ်ယူရန်ဗြိတိန်၊အမေရိကန်ရင်းနှီးမြှပ်နှံသူများနှင့်အရှေ့အလယ်ပိုင်းမှဘီလျှံနာတို့ဝယ်ယူရန်စိတ်ဝင်စားနေပါတယ်။

ဒါပေမဲ့လီဗာပူးပရိသတ်များကတော့ကလပ်ကို ယူနိုက်တက်အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ ဗြိတိန်ဘီလျှံနာဆာဂျမ်ရက်ကလစ်ဖ်လက်အောက်သို့ရောက်ရှိစေလိုနေကြပါတယ်။

ဆာဂျမ်ရက်ကလစ်ဖ်ဟာပေါင်၁၀.၂ဘီလီယံကြွယ်ဝကာဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီးIneos Group Ltd ရဲ့စီအီးအိုလည်းဖြစ်ပါတယ်။

သူဟာစက်ဘီးအသင်း Ineos Grenadiers၊ လီဂူး၁ကလပ်နိုက်စ်၊ဆွစ်ဇာလန်စူပါလိဂ်ကလပ် FC Lausanne-Sportတို့ကိုလည်းပိုင်ဆိုင်သူဖြစ်ပါတယ်။

အသက်၇၀နှစ်ရှိဆာဂျမ်ရက်ကလစ်ဖ်ဟာယခင်တုန်းကလည်းပရီးမီးယားလိဂ်ကလပ်များကိုဝယ်ယူရန်ကြိုးပမ်းခဲ့ဖူးပြီး ပေါင်၄.၂ဘီလီယံဖြင့်ချဲလ်ဆီးကိုဝယ်ယူရန်ကြိုးပမ်းခဲ့ဖူးပါတယ်။

သူဟာလီဗာပူးရဲ့ခါးသီးတဲ့ပြိုင်ဘက် ယူနိုက်တက်ရဲ့အာမခံပရိသတ်တစ်ဦးဖြစ်သလိုယူနိုက်တက်ကိုဝယ်ယူရန်ကြိုးပမ်းနေသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့လီဗာပူးပရိသတ်များဟာဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ဆာဂျမ်ကလစ်ဖ်ရဲ့လက်အောက်သို့သာလီဗာပူးကိုကျရောက်စေလိုလျက်ရှိပါတယ်။

ZawGyi

ကလပ္ကို ဝယ္ယူရန္ ယူႏိုက္တက္အမာခံပရိသတ္တစ္ဦးကို တိုက္တြန္းေနၾကတဲ့ လီဗာပူးပရိသတ္မ်ား

လီဗာပူးပရိသတ္မ်ားဟာကလပ္ကိုအေရာင္းစာရင္းတင္လာၿပီးေနာက္ကလပ္ကိုဝယ္ယူရန္မန္ခ်က္စတာယူႏိုက္တက္အမာခံပရိသတ္တစ္ဦးအားဝယ္ယူရန္တိုက္တြန္းလာပါတယ္။

လီဗာပူးပိုင္ရွင္Fenway Sports Group, (FSG)ဟာကလပ္ကို၁၂ႏွစ္ၾကာဦးေဆာင္လာၿပီးေနာက္ လီဗာပူးကိုတနလၤာေန႔တုန္းကအေရာင္းစာရင္းတင္လိုက္ၿပီျဖစ္ပါတယ္။

Fenway Sports Group, (FSG)ဟာ၂၀၁၀ခုႏွစ္တုန္းကလီဗာပူးကိုေပါင္သန္း၃၀၀ျဖင့္ဝယ္ယူခဲ့တာျဖစ္ၿပီး၎တို႔ရဲ႕လက္ေအာက္တြင္ႏွစ္၃၀အတြင္းပထမဆုံးပရီးမီးယားလိဂ္ဖလားဆြတ္ခူးခဲ့သလိုခ်န္ပီယံလိဂ္ဖလား၊အက္ဖ္ေအဖလားႏွင့္ခါရာေဘာင္ဖလားတို႔လည္းဆြတ္ခူးခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္လီဗာပူးကိုဝယ္ယူရန္ၿဗိတိန္၊အေမရိကန္ရင္းႏွီးျမႇပ္ႏွံသူမ်ားႏွင့္အေရွ႕အလယ္ပိုင္းမွဘီလွ်ံနာတို႔ဝယ္ယူရန္စိတ္ဝင္စားေနပါတယ္။

ဒါေပမဲ့လီဗာပူးပရိသတ္မ်ားကေတာ့ကလပ္ကို ယူႏိုက္တက္အမာခံပရိသတ္တစ္ဦးျဖစ္တဲ့ ၿဗိတိန္ဘီလွ်ံနာဆာဂ်မ္ရက္ကလစ္ဖ္လက္ေအာက္သို႔ေရာက္ရွိေစလိုေနၾကပါတယ္။

ဆာဂ်မ္ရက္ကလစ္ဖ္ဟာေပါင္၁၀.၂ဘီလီယံႂကြယ္ဝကာၿဗိတိန္ရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္ၿပီးIneos Group Ltd ရဲ႕စီအီးအိုလည္းျဖစ္ပါတယ္။

သူဟာစက္ဘီးအသင္း Ineos Grenadiers၊ လီဂူး၁ကလပ္ႏိုက္စ္၊ဆြစ္ဇာလန္စူပါလိဂ္ကလပ္ FC Lausanne-Sportတို႔ကိုလည္းပိုင္ဆိုင္သူျဖစ္ပါတယ္။

အသက္၇၀ႏွစ္ရွိဆာဂ်မ္ရက္ကလစ္ဖ္ဟာယခင္တုန္းကလည္းပရီးမီးယားလိဂ္ကလပ္မ်ားကိုဝယ္ယူရန္ႀကိဳးပမ္းခဲ့ဖူးၿပီး ေပါင္၄.၂ဘီလီယံျဖင့္ခ်ဲလ္ဆီးကိုဝယ္ယူရန္ႀကိဳးပမ္းခဲ့ဖူးပါတယ္။

သူဟာလီဗာပူးရဲ႕ခါးသီးတဲ့ၿပိဳင္ဘက္ ယူႏိုက္တက္ရဲ႕အာမခံပရိသတ္တစ္ဦးျဖစ္သလိုယူႏိုက္တက္ကိုဝယ္ယူရန္ႀကိဳးပမ္းေနသူလည္းျဖစ္ပါတယ္။

ဒါေပမဲ့လီဗာပူးပရိသတ္မ်ားဟာၿဗိတိန္ႏိုင္ငံသားတစ္ဦးျဖစ္တဲ့ဆာဂ်မ္ကလစ္ဖ္ရဲ႕လက္ေအာက္သို႔သာလီဗာပူးကိုက်ေရာက္ေစလိုလ်က္ရွိပါတယ္။