ကလပ်ဂန္ထဝင်ဂိုးသမားနူအာရဲ့အချစ်ဆုံးသူငယ်ချင်းနှင့်ဂိုးနည်းပြကို ထုတ်ပယ်လိုက်တဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာကလပ်ဂန္ထဝင်ဂိုးသမားမန်နျူရယ်နူအာရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဂိုးနည်းပြတိုနီတာပါလိုဗစ်ကိုရာထူးမှထုတ်ပယ်လိုက်ကြောင်းသိရပါတယ်။

အသက်၄၂နှစ်ရှိတိုနီတာပါလိုဗစ်ဟာ၂၀၁၁ခုနှစ်ကတည်းကဘိုင်ယန်မြူးနစ်အသင်းတွင်ဂိုးနည်းပြအဖြစ်တာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပြီး နူအာရဲ့မင်္ဂလာပွဲတွင်သတို့သားအရံ့အဖြစ်လုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာမန်နူရယ်နူအာကိုကမ္ဘာ့အကောင်းဆုံးဂိုးသမားများထဲမှတစ်ဦးဖြစ်လာအောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမဲ့တိုနီတာပါလိုဗစ်ဟာနူအာနှင့်အလွန်အမင်းခင်မင်နေမှုနဲ့အတူ ဘိုင်ယန်မြူးနစ်ဂိုးနည်းပြရာထူးကိုဆုံးရှုံးလာခဲ့ရပြီဖြစ်ပါတယ်။

ဂျာမန်ထိပ်သီးသတင်းစာ Bild ကနူအာနှင့်တာပါလိုဗစ်တို့ရဲ့ရင်းနှီးမှာပြဿနာတစ်ရပ်ဖြစ်လာစေလျက်ရှိကြောင်းသိရပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြဂျူလီယန်နာဂျယ်မန်းဟာပြီးခဲ့တဲ့ရာသီတုန်းကဘိုင်ယန်မြူးနစ်ကိုတာဝန်ထမ်းဆောင်ကတည်းကနူအာရဲ့ဂိုးနည်းပြတာပါလိုဗစ်နှင့်အဆင်မပြေဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

တာပါလိုဗစ်အထုတ်ခံရမှုမှာနူအာအတွက်၂၀၂၂-၂၃ဘောလုံးရာသီပိုမိုဆိုးရွားလာစေတဲ့အရာတစ်ခုဖြစ်နေပါတယ်။

နူအာဟာကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခဲ့ရပြီးနောက်အားလပ်ရက်ခရီးစဉ်တွင်ခြေထောက်ကျိုးဒဏ်ရာရရှိကာရာသီအကုန်အထိအနားယူနေရပါတယ်။

နူအာဟာအသက်၃၇နှစ်အရွယ်သို့ရောက်နေပြီဖြစ်ပေမဲ့လည်းကမ္ဘာ့အကောင်းဆုံးဂိုးသမားများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံရတုန်းဖြစ်ပါတယ်။

ZawGyi

ကလပ္ဂႏၴဝင္ဂိုးသမားႏူအာရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းႏွင့္ဂိုးနည္းျပကို ထုတ္ပယ္လိုက္တဲ့ ဘိုင္ယန္ျမဴးနစ္

ဘိုင္ယန္ျမဴးနစ္ဟာကလပ္ဂႏၴဝင္ဂိုးသမားမန္န်ဴရယ္ႏူအာရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္တဲ့ ဂိုးနည္းျပတိုနီတာပါလိုဗစ္ကိုရာထူးမွထုတ္ပယ္လိုက္ေၾကာင္းသိရပါတယ္။

အသက္၄၂ႏွစ္ရွိတိုနီတာပါလိုဗစ္ဟာ၂၀၁၁ခုႏွစ္ကတည္းကဘိုင္ယန္ျမဴးနစ္အသင္းတြင္ဂိုးနည္းျပအျဖစ္တာဝန္ထမ္းေဆာင္လာခဲ့သူျဖစ္ၿပီး ႏူအာရဲ႕မဂၤလာပြဲတြင္သတို႔သားအရံ႕အျဖစ္လုပ္ေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာမန္ႏူရယ္ႏူအာကိုကမာၻ႔အေကာင္းဆုံးဂိုးသမားမ်ားထဲမွတစ္ဦးျဖစ္လာေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမဲ့တိုနီတာပါလိုဗစ္ဟာႏူအာႏွင့္အလြန္အမင္းခင္မင္ေနမႈနဲ႔အတူ ဘိုင္ယန္ျမဴးနစ္ဂိုးနည္းျပရာထူးကိုဆုံးရႈံးလာခဲ့ရၿပီျဖစ္ပါတယ္။

ဂ်ာမန္ထိပ္သီးသတင္းစာ Bild ကႏူအာႏွင့္တာပါလိုဗစ္တို႔ရဲ႕ရင္းႏွီးမွာျပႆနာတစ္ရပ္ျဖစ္လာေစလ်က္ရွိေၾကာင္းသိရပါတယ္။

ဘိုင္ယန္ျမဴးနစ္နည္းျပဂ်ဴလီယန္နာဂ်ယ္မန္းဟာၿပီးခဲ့တဲ့ရာသီတုန္းကဘိုင္ယန္ျမဴးနစ္ကိုတာဝန္ထမ္းေဆာင္ကတည္းကႏူအာရဲ႕ဂိုးနည္းျပတာပါလိုဗစ္ႏွင့္အဆင္မေျပျဖစ္လာခဲ့တာလည္းျဖစ္ပါတယ္။

တာပါလိုဗစ္အထုတ္ခံရမႈမွာႏူအာအတြက္၂၀၂၂-၂၃ေဘာလုံးရာသီပိုမိုဆိုး႐ြားလာေစတဲ့အရာတစ္ခုျဖစ္ေနပါတယ္။

ႏူအာဟာကမာၻ႔ဖလားအုပ္စုအဆင့္မွထြက္ခဲ့ရၿပီးေနာက္အားလပ္ရက္ခရီးစဥ္တြင္ေျခေထာက္က်ိဳးဒဏ္ရာရရွိကာရာသီအကုန္အထိအနားယူေနရပါတယ္။

ႏူအာဟာအသက္၃၇ႏွစ္အ႐ြယ္သို႔ေရာက္ေနၿပီျဖစ္ေပမဲ့လည္းကမာၻ႔အေကာင္းဆုံးဂိုးသမားမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ခံရတုန္းျဖစ္ပါတယ္။