
ခရစ္စတီယာနိုရော်နယ်ဒိုဟာကလပ်ဂိုး၇၀၀ပြည့်သွင်းယူနိုင်ပြီးနောက်ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ်ချီးကျူးခံနေရပါတယ်။
အသက်၃၇နှစ်ရှိရော်နယ်ဒိုဟာနည်းပြသစ်အဲရစ်တန်ဟက်လက်အောက်မှာပွဲထွက်ခွင့်နေရာပျောက်ဆုံးနေသူဖြစ်ပြီးစိတ်ပျက်စရာရာသီတစ်ခုနှင့်ကြုံတွေ့နေရပါတယ်။
သူဟာပြီးခဲ့တဲ့လတုန်းကရှရစ်နှင့်ပွဲတွင်ကလပ်ဂိုး၆၉၉ဂိုးမြောက်ဂိုးကိုသွင်းယူခဲ့ပြီးနောက်တစ်ဂိုးသွင်းယူနိုင်ရေးအတွက်ကာလရှည်ကြာစောင့်ဆိုင်းနေခဲ့ရပါတယ်။
သူဟာကြာသပတေးနေ့တုန်းကအိုမိုနီယာနှင့်ပွဲတွင်ဂိုးသွင်းနိုင်မယ့်အခွင့်အရေးကောင်းတွေရရှိခဲ့ပေမဲ့လည်းမသွင်းယူနိုင်ခဲ့ပါဘူး။
ဒါပေမဲ့သူဟာတနင်္ဂနွေနေ့တုန်းကဂူဒီဆင်ပါ့ခ်မှာအဲဗာတန်ကို၂-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်တွင်ပထမပိုင်းမှာဂိုးသွင်းယူပြီးကလပ်ဂိုး၇၀၀မြောက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
belN Sports မှဘောလုံးဝေဖန်သုံးသပ်သူအင်ဒီဂရေးက ခရစ္စတီယာနိုရော်နယ်ဒိုမှာကွဲပြားတဲ့ကလပ်လေးခု စပို့တင်းလစ္စဘွန်း၊ယူနိုက်တက်၊ရီးရဲလ်မက်ဒရစ်၊ဂျူဗင်တပ်တို့တွင်ကစားကာဂိုး၇၀၀ပြည့်သွင်းခဲ့မှုကိုချီးကျူးမှုပြုလုပ်လာပါတယ်။
ဂရေးက “မြင်ကြလား။ကျုပ်အတွက်တော့ဒါကသူနဲ့ မက်ဆီနဲ့ကွဲပြားသွားတာပါ။လူတွေကပြောကြတယ် ဘယ်သူက ကမ္ဘာ့အကောင်းဆုံးကစားသမားလဲလို့။ကျွန်တော်ကတော့ဒီအချက်ကမက်ဆီနဲ့သူ့အကြားကွဲပြားသွားတယ်။ကျွန်တော့်အမြင်ပြောတာပါ။ကွဲပြားတဲ့နိုင်ငံသုံးနိုင်ငံ၊ကွဲပြားတဲ့ကစားဟန်သုံးခု၊ကွဲပြားတဲ့စိန်ခေါ်မှုသုံးခု။သူကအားလုံးရဲ့အထက်မှာရှိတယ်”လို့ပြောကြားသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာကစားသမားဘဝစတင်ရာစပို့တင်းလစ္စဘွန်းတွင်၅ဂိုး၊ယူနိုက်တက်တွင်၁၄၄ဂိုး၊ရီးရဲလ်မက်ဒရစ်တွင်ဂိုး၄၅၀၊ဂျူဗင်တပ်တွင်၁၀၁ဂိုးသွင်းယူခဲ့ပါတယ်။
ဒါ့အပြင်အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဂယ်ရီလိုင်နီကာကလည်း “ကလပ်ဂိုး၇၀၀ကတကယ့်ကိုကြီးကျယ်ခမ်းနားလွန်းတယ်။တစ်ရာသီ၃၅ဂိုးနှုန်းနဲ့ရာသီ၂၀သွင်းလာခဲ့တာ။လုံးဝမဖြစ်နိုင်တဲ့အရာကြီး”လို့ဆိုသွားပါတယ်။
ZawGyi
ကလပ္ဂိုး ၇၀၀ ျပည့္သြင္းယူႏိုင္ၿပီးေနာက္ ကမာၻ႔အေကာင္းဆုံးအျဖစ္ ခရစၥတီယာႏိုေရာ္နယ္ဒိုခ်ီးက်ဴးခန္းဖြင့္ခံေနရ
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကလပ္ဂိုး၇၀၀ျပည့္သြင္းယူႏိုင္ၿပီးေနာက္ကမာၻ႔အေကာင္းဆုံးကစားသမားအျဖစ္ခ်ီးက်ဴးခံေနရပါတယ္။
အသက္၃၇ႏွစ္ရွိေရာ္နယ္ဒိုဟာနည္းျပသစ္အဲရစ္တန္ဟက္လက္ေအာက္မွာပြဲထြက္ခြင့္ေနရာေပ်ာက္ဆုံးေနသူျဖစ္ၿပီးစိတ္ပ်က္စရာရာသီတစ္ခုႏွင့္ႀကဳံေတြ႕ေနရပါတယ္။
သူဟာၿပီးခဲ့တဲ့လတုန္းကရွရစ္ႏွင့္ပြဲတြင္ကလပ္ဂိုး၆၉၉ဂိုးေျမာက္ဂိုးကိုသြင္းယူခဲ့ၿပီးေနာက္တစ္ဂိုးသြင္းယူႏိုင္ေရးအတြက္ကာလရွည္ၾကာေစာင့္ဆိုင္းေနခဲ့ရပါတယ္။
သူဟာၾကာသပေတးေန႔တုန္းကအိုမိုနီယာႏွင့္ပြဲတြင္ဂိုးသြင္းႏိုင္မယ့္အခြင့္အေရးေကာင္းေတြရရွိခဲ့ေပမဲ့လည္းမသြင္းယူႏိုင္ခဲ့ပါဘူး။
ဒါေပမဲ့သူဟာတနဂၤေႏြေန႔တုန္းကဂူဒီဆင္ပါ့ခ္မွာအဲဗာတန္ကို၂-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္တြင္ပထမပိုင္းမွာဂိုးသြင္းယူၿပီးကလပ္ဂိုး၇၀၀ေျမာက္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
belN Sports မွေဘာလုံးေဝဖန္သုံးသပ္သူအင္ဒီဂေရးက ခရစၥတီယာႏိုေရာ္နယ္ဒိုမွာကြဲျပားတဲ့ကလပ္ေလးခု စပို႔တင္းလစၥဘြန္း၊ယူႏိုက္တက္၊ရီးရဲလ္မက္ဒရစ္၊ဂ်ဴဗင္တပ္တို႔တြင္ကစားကာဂိုး၇၀၀ျပည့္သြင္းခဲ့မႈကိုခ်ီးက်ဴးမႈျပဳလုပ္လာပါတယ္။
ဂေရးက “ျမင္ၾကလား။က်ဳပ္အတြက္ေတာ့ဒါကသူနဲ႔ မက္ဆီနဲ႔ကြဲျပားသြားတာပါ။လူေတြကေျပာၾကတယ္ ဘယ္သူက ကမာၻ႔အေကာင္းဆုံးကစားသမားလဲလို႔။ကြၽန္ေတာ္ကေတာ့ဒီအခ်က္ကမက္ဆီနဲ႔သူ႔အၾကားကြဲျပားသြားတယ္။ကြၽန္ေတာ့္အျမင္ေျပာတာပါ။ကြဲျပားတဲ့ႏိုင္ငံသုံးႏိုင္ငံ၊ကြဲျပားတဲ့ကစားဟန္သုံးခု၊ကြဲျပားတဲ့စိန္ေခၚမႈသုံးခု။သူကအားလုံးရဲ႕အထက္မွာရွိတယ္”လို႔ေျပာၾကားသြားပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကစားသမားဘဝစတင္ရာစပို႔တင္းလစၥဘြန္းတြင္၅ဂိုး၊ယူႏိုက္တက္တြင္၁၄၄ဂိုး၊ရီးရဲလ္မက္ဒရစ္တြင္ဂိုး၄၅၀၊ဂ်ဴဗင္တပ္တြင္၁၀၁ဂိုးသြင္းယူခဲ့ပါတယ္။
ဒါ့အျပင္အဂၤလန္ဂႏၴဝင္တိုက္စစ္မႉးဂယ္ရီလိုင္နီကာကလည္း “ကလပ္ဂိုး၇၀၀ကတကယ့္ကိုႀကီးက်ယ္ခမ္းနားလြန္းတယ္။တစ္ရာသီ၃၅ဂိုးႏႈန္းနဲ႔ရာသီ၂၀သြင္းလာခဲ့တာ။လုံးဝမျဖစ္ႏိုင္တဲ့အရာႀကီး”လို႔ဆိုသြားပါတယ္။