
ဒက်လန်းရိုက်စ်နှင့် မေဆင်မောင့်တို့ဟာ ကလပ်တစ်ခုတည်းသို့ အတူတူ ပြောင်းရွှေ့ကစားရန် ဆွေနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
၎င်းတို့ ကစားသမားနှစ်ဦးလုံးတို့ဟာ ယူနိုက်တက်နှင့် အာဆင်နယ်တို့ရဲ့ ပစ်မှတ်ထားခြင်း ခံနေရသူဖြစ်ပြီး အတူတကွတွဲကစားနိုင်ရန်အတွက် တစ်ခုတည်းသော ကလပ်သို့ ပြောင်းလာကြဖို့ ရှိနေပါတယ်။
ရိုက်စ်နှင့်မောင့်တို့ဟာ ချဲလ်ဆီးအကယ်ဒမီအသင်းမှာကတည်းက အတူတကွ ကစားခဲ့ကြသလို အင်္ဂလန်အသင်းမှာလည်း ၂၈ ပွဲအထိ အတူတွဲကစားထားပါတယ်။ ၎င်းတို့ဟာ အားလပ်ရက်ခရီးစဉ်များကိုလည်း အတူတကွ သွားလေ့ရှိကြပါတယ်။
၎င်းတို့နှစ်ဦးတို့ဟာ ချဲလ်ဆီး၊ ဝက်စ်ဟမ်းအသင်းတို့နှင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့ပြီ ဖြစ်ပြီး နွေရာသီမှာ ထွက်ခွာလာဖို့ ရှိနေပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟောင်းဒါရင်းဘန့်က “ဟုတ်တယ်။ ခင်ဗျားတို့ဆိုရင်လည်း ဆွေးနွေးလာမှာပဲလေ။ ဘာဖြစ်လာမလဲ၊ မန်ချက်စတာယူနိုက်တက်သို့ သွားမှာလား၊ သူတို့ ငါ့ကိုလည်း ချိတ်နေတယ်။ မင်းဘယ်လို ထင်လဲ ဆိုပြီး ဆွေးနွေးလာမှာပါ။ နီးစပ်တဲ့သူတွေက ဒီလိုပဲ။ ဒက်လန်းရိုက်စ်နဲ့ မေဆင်မောင့်တို့ကလည်း ဆွေးနွေးလာဖို့ ၁၀၀ ရာခိုင်နှုန်း သေချာနေပါတယ်”လို့ ပြောကြားသွားပါတယ်။