ကလပ်တွင် သမိုင်းရေးခဲ့သူများကို ဂရုမစိုက်မှုကြောင့် ဘာစီလိုနာမှာ ဝဋ်ကြွေးခံနေရခြင်းဖြစ်ကြောင်း အဲလ်ဗက်စ်ပြောကြားလာ

ဒါနီအဲလ်ဗက်စ်ကဘာစီလိုနာမှာပြီးခဲ့တဲ့နှစ်များအတွင်းတွင်ဝဋ်ကြွေးခံစားနေခဲ့ရခြင်းဖြစ်ကြောင်းပြောကြားလာပါတယ်။

အသက်၃၉နှစ်ရှိဒါနီအဲလ်ဗက်စ်ဟာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကဘာစီလိုနာသို့တကျော့ပြန်ရောက်လာပြီးတဲ့နောက်စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာလာခဲ့ရသူဖြစ်ပါတယ်။

ဘရာဇီးလက်ရွေးစင်ကစားသမားကဘာစီလိုနာမှာသမိုင်းရေးသားခဲ့သူများကိုဂရုမစိုက်ခဲ့မှုနဲ့အတူ ဝဋ်ကြွေးများခံနေရကြောင်းဆိုလာပါတယ်။

၎င်းက “ဒီကလပ်ဟာပြီးခဲ့တဲ့နှစ်တွေမှာဝဋ်ကြွေးတွေခံခဲ့ရတယ်။ဘာစီလိုနာကကလပ်အတွက်သမိုင်းရေးပေးခဲ့တဲ့သူတွေကိုဂရုမစိုက်ပါဘူး။ဘာစီလိုနာပရိသတ်တစ်ဦးအနေနဲ့ကျွန်တော်ကိုယ်တိုင်လည်း ကလပ်ကိုကွဲပြားတာတွေလုပ်စေချင်ပါတယ်။ကျွန်တော့်အခြေအနေကြောင့်ပြောတာမဟုတ်ပါဘူး။ဘာစီလိုနာသို့ပြန်လာခွင့်ရတုန်းပျော်ခဲ့ရတယ်။ဒုတိယအခိုက်အတန့်ဖြစ်လာဖို့ငါးနှစ်တောင်အိပ်မက်မက်လာခဲ့ရတာပါ။ကျွန်တော်မနှစ်သက်တာတစ်ခုကတော့ကျွန်တော်ထွက်ခွာချိန်မှာလုပ်ဆောင်ပုံကိုပါ။ကျွန်တော်ပြန်ရောက်ကတည်းကအသက်၂၀နှစ်အရွယ်မဟုတ်တော့ဘူးဆိုတာရှင်းရှင်းလင်းလင်းလုပ်ခဲ့တယ်။ဘာမှမကွက်ဝှက်ဘဲရှင်းရှင်းလင်းလင်းလုပ်ချင်တယ်။ကျွန်တော့်ကိုခေါ်ဆောင်ခဲ့တဲ့ဇာဗီးနဲ့ကလပ်ဥက္ကဌကိုကျေးဇူးတင်ပါတယ်။ကလပ်မှာကြီးကျယ်တဲ့စိတ်ကူးတွေနဲ့နုပျိုတဲ့လူငယ်တွေကိုတွေ့ခဲ့ရတယ်။ကွင်းအပြင်ပမှာဘာမှပိုကောင်းအောင်လုပ်စရာမလိုပါဘူး။စိတ်ပိုင်းမှာတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကကျွန်တော်တို့တည်ဆောက်ခဲ့တဲ့ပုံစံနဲ့လုံးဝကွဲပြားပါတယ်။ကွင်းပြင်ပမှာဖြစ်ပျက်တာတွေကကွင်းထဲမှာရိုက်ခတ်နေပါတယ်။ထိပ်ဆုံးသို့ဘာစီလိုနာပြန်ရောက်ရေးအားပေးပါမယ်။ဒါပေမဲ့တကယ့်ကိုခက်ခဲရှုပ်ထွေးပါတယ်”လို့ The Guardian သို့ပြောကြားသွားပါတယ်။

သူဟာဘာစီလိုနာသို့တကျော့ပြန်ရောက်လာပြီးတဲ့နောက်၁၇ပွဲကစားခဲ့ပါတယ်။သူဟာဘာစီလိုနာတွင်ပထမအကြိမ်ကစားတုန်းကဆုဖလား၂၃လုံးအထိရရှိခဲ့ပါတယ်။သူဟာဘာစီလိုနာတွင်အောင်မြင်မှုများရယူနိုင်ခဲ့မှုနဲ့အတူဘောလုံးသမိုင်းတွင်အောင်မြင်မှုအများဆုံးရရှိတဲ့ကစားသမားအဖြစ်ရပ်တည်နေပါတယ်။

သူဟာအသက်၃၉နှစ်ကျော်လာပြီဖြစ်ပေမဲ့လည်းကစားသမားဘဝမှအနားယူဖို့အစီအစဉ်မရှိသေးပါဘူး။

၎င်းက “စိန်ခေါ်မှုတွေကြိုက်တယ်။ဘယ်အခြေအနေမျိုးမှာမဆိုအံဝင်အောင်နေနိုင်တယ်။ဒီကနေ့အလုပ်မရှိဘူး။ဒါပေမဲ့စိတ်ဝင်စားစရာတွေရောက်လာနေပါတယ်။ဘယ်နေရာကပြိုင်ဆိုင်မှုပြိုင်ထန်ပြီးသွားကစားရင်ကောင်းမလဲရွေးချယ်နေပါတယ်။ဒါကဘောလုံးပါ။ကိုယ်နဲ့ရည်ရွယ်ချက်တူတဲ့၊အနိုင်လိုချင်တဲ့သူတွေရှိတဲ့နေရာမှာရှိနေဖို့လိုတယ်။အောင်မြင်မှုရယူနိုင်တဲ့နေရာသို့ပဲသွားချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ကလပ္တြင္ သမိုင္းေရးခဲ့သူမ်ားကို ဂ႐ုမစိုက္မႈေၾကာင့္ ဘာစီလိုနာမွာ ဝဋ္ေႂကြးခံေနရျခင္းျဖစ္ေၾကာင္း အဲလ္ဗက္စ္ေျပာၾကားလာ

ဒါနီအဲလ္ဗက္စ္ကဘာစီလိုနာမွာၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းတြင္ဝဋ္ေႂကြးခံစားေနခဲ့ရျခင္းျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အသက္၃၉ႏွစ္ရွိဒါနီအဲလ္ဗက္စ္ဟာၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းကဘာစီလိုနာသို႔တေက်ာ့ျပန္ေရာက္လာၿပီးတဲ့ေနာက္စာခ်ဳပ္သက္တမ္းကုန္ဆုံးကာ ထြက္ခြာလာခဲ့ရသူျဖစ္ပါတယ္။

ဘရာဇီးလက္ေ႐ြးစင္ကစားသမားကဘာစီလိုနာမွာသမိုင္းေရးသားခဲ့သူမ်ားကိုဂ႐ုမစိုက္ခဲ့မႈနဲ႔အတူ ဝဋ္ေႂကြးမ်ားခံေနရေၾကာင္းဆိုလာပါတယ္။

၎က “ဒီကလပ္ဟာၿပီးခဲ့တဲ့ႏွစ္ေတြမွာဝဋ္ေႂကြးေတြခံခဲ့ရတယ္။ဘာစီလိုနာကကလပ္အတြက္သမိုင္းေရးေပးခဲ့တဲ့သူေတြကိုဂ႐ုမစိုက္ပါဘူး။ဘာစီလိုနာပရိသတ္တစ္ဦးအေနနဲ႔ကြၽန္ေတာ္ကိုယ္တိုင္လည္း ကလပ္ကိုကြဲျပားတာေတြလုပ္ေစခ်င္ပါတယ္။ကြၽန္ေတာ့္အေျခအေနေၾကာင့္ေျပာတာမဟုတ္ပါဘူး။ဘာစီလိုနာသို႔ျပန္လာခြင့္ရတုန္းေပ်ာ္ခဲ့ရတယ္။ဒုတိယအခိုက္အတန႔္ျဖစ္လာဖို႔ငါးႏွစ္ေတာင္အိပ္မက္မက္လာခဲ့ရတာပါ။ကြၽန္ေတာ္မႏွစ္သက္တာတစ္ခုကေတာ့ကြၽန္ေတာ္ထြက္ခြာခ်ိန္မွာလုပ္ေဆာင္ပုံကိုပါ။ကြၽန္ေတာ္ျပန္ေရာက္ကတည္းကအသက္၂၀ႏွစ္အ႐ြယ္မဟုတ္ေတာ့ဘူးဆိုတာရွင္းရွင္းလင္းလင္းလုပ္ခဲ့တယ္။ဘာမွမကြက္ဝွက္ဘဲရွင္းရွင္းလင္းလင္းလုပ္ခ်င္တယ္။ကြၽန္ေတာ့္ကိုေခၚေဆာင္ခဲ့တဲ့ဇာဗီးနဲ႔ကလပ္ဥကၠဌကိုေက်းဇူးတင္ပါတယ္။ကလပ္မွာႀကီးက်ယ္တဲ့စိတ္ကူးေတြနဲ႔ႏုပ်ိဳတဲ့လူငယ္ေတြကိုေတြ႕ခဲ့ရတယ္။ကြင္းအျပင္ပမွာဘာမွပိုေကာင္းေအာင္လုပ္စရာမလိုပါဘူး။စိတ္ပိုင္းမွာေတာ့လြန္ခဲ့တဲ့ႏွစ္အနည္းငယ္တုန္းကကြၽန္ေတာ္တို႔တည္ေဆာက္ခဲ့တဲ့ပုံစံနဲ႔လုံးဝကြဲျပားပါတယ္။ကြင္းျပင္ပမွာျဖစ္ပ်က္တာေတြကကြင္းထဲမွာ႐ိုက္ခတ္ေနပါတယ္။ထိပ္ဆုံးသို႔ဘာစီလိုနာျပန္ေရာက္ေရးအားေပးပါမယ္။ဒါေပမဲ့တကယ့္ကိုခက္ခဲရႈပ္ေထြးပါတယ္”လို႔ The Guardian သို႔ေျပာၾကားသြားပါတယ္။

သူဟာဘာစီလိုနာသို႔တေက်ာ့ျပန္ေရာက္လာၿပီးတဲ့ေနာက္၁၇ပြဲကစားခဲ့ပါတယ္။သူဟာဘာစီလိုနာတြင္ပထမအႀကိမ္ကစားတုန္းကဆုဖလား၂၃လုံးအထိရရွိခဲ့ပါတယ္။သူဟာဘာစီလိုနာတြင္ေအာင္ျမင္မႈမ်ားရယူႏိုင္ခဲ့မႈနဲ႔အတူေဘာလုံးသမိုင္းတြင္ေအာင္ျမင္မႈအမ်ားဆုံးရရွိတဲ့ကစားသမားအျဖစ္ရပ္တည္ေနပါတယ္။

သူဟာအသက္၃၉ႏွစ္ေက်ာ္လာၿပီျဖစ္ေပမဲ့လည္းကစားသမားဘဝမွအနားယူဖို႔အစီအစဥ္မရွိေသးပါဘူး။

၎က “စိန္ေခၚမႈေတြႀကိဳက္တယ္။ဘယ္အေျခအေနမ်ိဳးမွာမဆိုအံဝင္ေအာင္ေနႏိုင္တယ္။ဒီကေန႔အလုပ္မရွိဘူး။ဒါေပမဲ့စိတ္ဝင္စားစရာေတြေရာက္လာေနပါတယ္။ဘယ္ေနရာကၿပိဳင္ဆိုင္မႈၿပိဳင္ထန္ၿပီးသြားကစားရင္ေကာင္းမလဲေ႐ြးခ်ယ္ေနပါတယ္။ဒါကေဘာလုံးပါ။ကိုယ္နဲ႔ရည္႐ြယ္ခ်က္တူတဲ့၊အႏိုင္လိုခ်င္တဲ့သူေတြရွိတဲ့ေနရာမွာရွိေနဖို႔လိုတယ္။ေအာင္ျမင္မႈရယူႏိုင္တဲ့ေနရာသို႔ပဲသြားခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။