ကလပ်ဒါရိုက်တာရဲ့ရည်းစားကို စာပို့ခဲ့လို့ ဂျူဗင်တပ်ကစားသမားဘဝအဆုံးသတ်ခဲ့တဲ့ ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း

ပို့စ်မောက်၊စတုတ်စီးတီးတို့တွင်ကစားခဲ့တဲ့တိုက်စစ်မှူးဟောင်းဗင်းဆင့်ပဲရီကတ်ကအ သက်၁၈နှစ်အရွယ်တုန်းကအီတလီထိပ်သီးဂျူဗင်တပ်တွင်ကစားစဉ်ကကလပ်ဒါရိုက်တာရဲ့ချစ်သူကိုစာပေးပို့ခဲ့မှုကြောင့်သူ့ရဲ့အောင်မြင်ရေးအခွင့်အရေးများအဆုံးသတ်သွားခဲ့ကြောင်းဖွင့်ဟလာခဲ့ပါတယ်။

ပဲရီကတ်ဟာ The Man Who Will Be Worth Billions အမည်ရှိမှတ်တမ်းရုပ်ရှင်တွင် အသက်၁၈နှစ်ရှိအရွယ်တုန်းကဇီဒန်း၊အက်ဂါဒေးဗစ်၊ဒယ်ပီယာရို၊ဒေးဗစ်ထရေဇီဂေးစတဲ့ထိပ်တန်းကစားသမားများရှိတဲ့ဂျူဗင်တပ်သို့ပြောင်းခွင့်ရသော်လည်းငယ်ငယ်ရွယ်ရွယ်မစဉ်းစားမဆင်ခြင်ဘဲလုပ်ဆောင်ခဲ့တဲ့အလုပ်တစ်ခုကြောင့်အောင်မြင်ရေးအိပ်မက်အဆုံးသတ်သွားခဲ့ကြောင်းဖွင့်ဟခဲ့တာဖြစ်ပါတယ်။

၎င်းက “ကိုယ့်ကိုယ်ကိုခြေစွမ်းကောင်းတာသိတယ်။ဒါပေမယ့်ဂျူဗင်တပ်ကခေါ်ယူတဲ့အထိကောင်းခဲ့မယ်လို့မထင်ခဲ့ဘူး။ဘာဖိအားမှမခံစားခဲ့ရပါဘူး။ဒါပေမယ့်ပြန်ကြည့်လိုက်ရင်အဲဒီတုန်းကအသက်၁၈နှစ်အရွယ်ဘဲရှိသေးလို့လည်းဖြစ်နိုင်ပါတယ်။ဇီဒန်း ဘောလုံးကိုပျံနေသလိုမျိုးပေါ့ပါးစွာသယ်ဆောင်နေတာမှတ်မိသေးတယ်။ဒယ်ပီယာရိုရဲ့ပေးပို့မှုဆိုရင်လည်းတကယ့်ကိုလုံးဝအမှားအယွင်းလုံးဝမရှိဘူး”လို့ပြောကြားခဲ့ပါတယ်။

သူဟာဂျူဗင်တပ်လူငယ်အသင်းမှာစတင်ကစားခဲ့ရတာဖြစ်ပါတယ်။သူဟာဂျူဗင်တပ်လူငယ်အသင်းမှာဂိုးသွင်းဘုရင်ဖြစ်ပြီးတဲ့နောက်ပထမအသင်းသို့ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။သူဟာ၂၀၀၂ခုနှစ်မတ်လမှာတော့အာဆင်နယ်နှင့်ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာအသင်းကြီးအတွက်ပထမဆုံးပွဲကိုကစားခွင့်ရခဲ့ပါတယ်။ဒါပေမယ့်သူဟာကြီးမားတဲ့အမှားတစ်ခုကျူးလွန်ခဲ့မိပါတော့တယ်။

တစ်ညမှာတော့သူဟာအကယ်ဒမီကစားဖော်များဖြစ်ကြတဲ့အဘူဘာကာဖိုဖာနာ၊ဖရန့်ဘာလင်တို့နှင့်အတူညဖက်အပြင်ထွက်ကဲကြပါတယ်။

ပဲရီကတ်နှင့်သူငယ်ချင်းနှစ်ဦးတို့ဟာအရက်သောက်စားပြီးတဲ့နောက်သူတို့ကိုအီတလီဘာသာစကားသင်ကြားတဲ့ကျူရှင်ဆရာမကိုဖိတ်ခေါ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ယင်းအချိန်အတွင်းမှာသူဟာသူမထံသို့စာတစ်စောင်မက်ဆေ့ချ်ပို့ခဲ့ပါတယ်။ပဲရီကတ်ဟာဂျူဗင်တပ်ဒါရိုက်တာတစ်ဦးထံမှဖုန်းဆက်သွယ်ခြင်းခံခဲ့ရပြီးသူ့ချစ်သူကိုညဖက်အပြင်ဘက်ဖို့ဘာကြောင့်ဖိတ်သလဲလို့မေးမြန်းခံခဲ့ရပါတယ်။

နောက်ရက်အနည်းငယ်အကြာမှာတော့ကစားသမားသုံးဦးလုံးတို့ဟာအခြားကလပ်များသို့အငှားဖြင့်အသီးသီးပြောင်းခဲ့ရပါတယ်။ပဲရီကတ်ကတော့ဟယ်ရီရက်နပ်ကိုင်တွယ်နေတဲ့ပို့စ်မောက်သို့ပြောင်းခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ပဲရီကတ်ဟာရန်ပွဲ၊အရက်သောက်စားခြင်း၊လောင်းကစားစွဲခြင်းစတဲ့ကွင်းပြင်ပပြဿနာများစွာတို့နှင့်ရင်ဆိုင်ခဲ့ရကာကလပ်ပေါင်းများစွာပြောင်းကစားခဲ့ရပါတယ်။

ပိုပြီးတော့ဆိုးရွားခဲ့တာကတော့သူဟာ၂၀၀၇ခုနှစ်မှာစိတ်ကျဝေဒနာခံစားရပြီးကားအမြန်မောင်းကာကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်မှုဖြင့်ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

၂၀၁၁ခုနှစ်မှာကစားသမားဘဝမှအနားယူခဲ့တဲ့ပဲရီကတ်ဟာပလိုင်းမောက်တက္ကသိုလ်ကနေ စာရင်းအင်းနှင့်ဘဏ္ဍာရေးဆိုင်ရာဘွဲ့တစ်ခုရယူခဲ့ပါတယ်။ယင်းနောက်သူဟာဗြိတိန်သို့စရောက်ခါစနိုင်ငံခြားသားကစားသမားများကိုကူညီထောက်ပံ့ပေးတဲ့စီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုကိုတည်ထောင်လုပ်ဆောင်ခဲ့ပါတယ်။

သူဟာကစားသမားဘဝတုန်းကမလုပ်သင့်အမှားတစ်ခုရဲ့နောက်ဆက်တွဲအဖြစ်အောင်မြင်မှုမရခဲ့ပေမယ့်လည်းဘဝကိုအရှုံးမပေးဘဲလုပ်ဆောင်ခဲ့မှုနဲ့အတူကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။

ZawGyi

ကလပ္ဒါ႐ိုက္တာရဲ႕ရည္းစားကို စာပို႔ခဲ့လို႔ ဂ်ဴဗင္တပ္ကစားသမားဘဝအဆုံးသတ္ခဲ့တဲ့ ပရီးမီးယားလိဂ္တိုက္စစ္မႉးေဟာင္း

ပို႔စ္ေမာက္၊စတုတ္စီးတီးတို႔တြင္ကစားခဲ့တဲ့တိုက္စစ္မႉးေဟာင္းဗင္းဆင့္ပဲရီကတ္ကအ သက္၁၈ႏွစ္အ႐ြယ္တုန္းကအီတလီထိပ္သီးဂ်ဴဗင္တပ္တြင္ကစားစဥ္ကကလပ္ဒါ႐ိုက္တာရဲ႕ခ်စ္သူကိုစာေပးပို႔ခဲ့မႈေၾကာင့္သူ႔ရဲ႕ေအာင္ျမင္ေရးအခြင့္အေရးမ်ားအဆုံးသတ္သြားခဲ့ေၾကာင္းဖြင့္ဟလာခဲ့ပါတယ္။

ပဲရီကတ္ဟာ The Man Who Will Be Worth Billions အမည္ရွိမွတ္တမ္း႐ုပ္ရွင္တြင္ အသက္၁၈ႏွစ္ရွိအ႐ြယ္တုန္းကဇီဒန္း၊အက္ဂါေဒးဗစ္၊ဒယ္ပီယာ႐ို၊ေဒးဗစ္ထေရဇီေဂးစတဲ့ထိပ္တန္းကစားသမားမ်ားရွိတဲ့ဂ်ဴဗင္တပ္သို႔ေျပာင္းခြင့္ရေသာ္လည္းငယ္ငယ္႐ြယ္႐ြယ္မစဥ္းစားမဆင္ျခင္ဘဲလုပ္ေဆာင္ခဲ့တဲ့အလုပ္တစ္ခုေၾကာင့္ေအာင္ျမင္ေရးအိပ္မက္အဆုံးသတ္သြားခဲ့ေၾကာင္းဖြင့္ဟခဲ့တာျဖစ္ပါတယ္။

၎က “ကိုယ့္ကိုယ္ကိုေျခစြမ္းေကာင္းတာသိတယ္။ဒါေပမယ့္ဂ်ဴဗင္တပ္ကေခၚယူတဲ့အထိေကာင္းခဲ့မယ္လို႔မထင္ခဲ့ဘူး။ဘာဖိအားမွမခံစားခဲ့ရပါဘူး။ဒါေပမယ့္ျပန္ၾကည့္လိုက္ရင္အဲဒီတုန္းကအသက္၁၈ႏွစ္အ႐ြယ္ဘဲရွိေသးလို႔လည္းျဖစ္ႏိုင္ပါတယ္။ဇီဒန္း ေဘာလုံးကိုပ်ံေနသလိုမ်ိဳးေပါ့ပါးစြာသယ္ေဆာင္ေနတာမွတ္မိေသးတယ္။ဒယ္ပီယာ႐ိုရဲ႕ေပးပို႔မႈဆိုရင္လည္းတကယ့္ကိုလုံးဝအမွားအယြင္းလုံးဝမရွိဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

သူဟာဂ်ဴဗင္တပ္လူငယ္အသင္းမွာစတင္ကစားခဲ့ရတာျဖစ္ပါတယ္။သူဟာဂ်ဴဗင္တပ္လူငယ္အသင္းမွာဂိုးသြင္းဘုရင္ျဖစ္ၿပီးတဲ့ေနာက္ပထမအသင္းသို႔ဆင့္ေခၚျခင္းခံခဲ့ရပါတယ္။သူဟာ၂၀၀၂ခုႏွစ္မတ္လမွာေတာ့အာဆင္နယ္ႏွင့္ခ်န္ပီယံလိဂ္အေဝးကြင္းပြဲစဥ္မွာအသင္းႀကီးအတြက္ပထမဆုံးပြဲကိုကစားခြင့္ရခဲ့ပါတယ္။ဒါေပမယ့္သူဟာႀကီးမားတဲ့အမွားတစ္ခုက်ဴးလြန္ခဲ့မိပါေတာ့တယ္။

တစ္ညမွာေတာ့သူဟာအကယ္ဒမီကစားေဖာ္မ်ားျဖစ္ၾကတဲ့အဘူဘာကာဖိုဖာနာ၊ဖရန႔္ဘာလင္တို႔ႏွင့္အတူညဖက္အျပင္ထြက္ကဲၾကပါတယ္။

ပဲရီကတ္ႏွင့္သူငယ္ခ်င္းႏွစ္ဦးတို႔ဟာအရက္ေသာက္စားၿပီးတဲ့ေနာက္သူတို႔ကိုအီတလီဘာသာစကားသင္ၾကားတဲ့က်ဴရွင္ဆရာမကိုဖိတ္ေခၚဖို႔ဆုံးျဖတ္ခဲ့ပါတယ္။ယင္းအခ်ိန္အတြင္းမွာသူဟာသူမထံသို႔စာတစ္ေစာင္မက္ေဆ့ခ်္ပို႔ခဲ့ပါတယ္။ပဲရီကတ္ဟာဂ်ဴဗင္တပ္ဒါ႐ိုက္တာတစ္ဦးထံမွဖုန္းဆက္သြယ္ျခင္းခံခဲ့ရၿပီးသူ႔ခ်စ္သူကိုညဖက္အျပင္ဘက္ဖို႔ဘာေၾကာင့္ဖိတ္သလဲလို႔ေမးျမန္းခံခဲ့ရပါတယ္။

ေနာက္ရက္အနည္းငယ္အၾကာမွာေတာ့ကစားသမားသုံးဦးလုံးတို႔ဟာအျခားကလပ္မ်ားသို႔အငွားျဖင့္အသီးသီးေျပာင္းခဲ့ရပါတယ္။ပဲရီကတ္ကေတာ့ဟယ္ရီရက္နပ္ကိုင္တြယ္ေနတဲ့ပို႔စ္ေမာက္သို႔ေျပာင္းခဲ့ရပါတယ္။

အဲဒီေနာက္ပိုင္းမွာေတာ့ပဲရီကတ္ဟာရန္ပြဲ၊အရက္ေသာက္စားျခင္း၊ေလာင္းကစားစြဲျခင္းစတဲ့ကြင္းျပင္ပျပႆနာမ်ားစြာတို႔ႏွင့္ရင္ဆိုင္ခဲ့ရကာကလပ္ေပါင္းမ်ားစြာေျပာင္းကစားခဲ့ရပါတယ္။

ပိုၿပီးေတာ့ဆိုး႐ြားခဲ့တာကေတာ့သူဟာ၂၀၀၇ခုႏွစ္မွာစိတ္က်ေဝဒနာခံစားရၿပီးကားအျမန္ေမာင္းကာကိုယ့္ကိုယ္ကိုေသေၾကာင္းႀကံစည္မႈျဖင့္ေထာင္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရပါတယ္။

၂၀၁၁ခုႏွစ္မွာကစားသမားဘဝမွအနားယူခဲ့တဲ့ပဲရီကတ္ဟာပလိုင္းေမာက္တကၠသိုလ္ကေန စာရင္းအင္းႏွင့္ဘ႑ာေရးဆိုင္ရာဘြဲ႕တစ္ခုရယူခဲ့ပါတယ္။ယင္းေနာက္သူဟာၿဗိတိန္သို႔စေရာက္ခါစႏိုင္ငံျခားသားကစားသမားမ်ားကိုကူညီေထာက္ပံ့ေပးတဲ့စီမံခန႔္ခြဲေရးကုမၸဏီတစ္ခုကိုတည္ေထာင္လုပ္ေဆာင္ခဲ့ပါတယ္။

သူဟာကစားသမားဘဝတုန္းကမလုပ္သင့္အမွားတစ္ခုရဲ႕ေနာက္ဆက္တြဲအျဖစ္ေအာင္ျမင္မႈမရခဲ့ေပမယ့္လည္းဘဝကိုအရႈံးမေပးဘဲလုပ္ေဆာင္ခဲ့မႈနဲ႔အတူေကာင္းမြန္တဲ့ဘဝကိုပိုင္ဆိုင္ထားႏိုင္ၿပီျဖစ္ပါတယ္။