ကလပ်နှင့်နိုင်ငံအတွက် ဂိုး ၇၉၉ ကို ခရစ္စတီယာနိုရော်နယ်ဒို ဘယ်လိုသွင်းခဲ့လဲ? နောက်ထပ်သမိုင်းမှတ်တမ်းတစ်ခု ရေးထိုးနိုင်တော့မည်

ခရစ္စတီယာနိုရော်နယ်ဒိုဟာအင်္ဂါနေ့တုန်းကဗီလာရီးရဲလ်အား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာသူ့ရဲ့ကစားသမားဘဝတစ်လျှောက်သွင်းဂိုး၇၉၉ဂိုးမြောက်ဂိုးအားသွင်းယူခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာကစားသမားဘဝပွဲပေါင်း၁၀၉၅မှာ၇၉၉ဂိုးသွင်းယူခဲ့တာဖြစ်ပြီးတနင်္ဂနွေနေ့ချဲလ်ဆီးနှင့်ပွဲစဉ်မှာဂိုး၈၀၀မြောက်ဂိုးကိုသွင်းယူနိုင်မယ့်အခွင့်အရေးရှိနေပါတယ်။

တကယ်လို့များစတမ်းဖို့ဒ်ဘရစ်ချ်မှာဂိုးသွင်းယူနိုင်မယ်ဆိုရင်ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူအတွက်သွင်းဂိုး၁၂၉ဂိုးအထိရှိလာပါမယ်။

ရော်နယ်ဒိုဟာမန်ယူသို့တကျော့ပြန်ရောက်လာပြီးနောက်ဗီလာရီးရဲလ်၊အတ္တလန္တာတို့နှင့်ပွဲများမှာနောက်ကျဂိုးများသွင်းယူနိုင်ခဲ့ပါတယ်။သူဟာယင်းပွဲများမှနောက်ကျဂိုးများကြောင့်ပွဲချိန်မိနစ်၉၀နောက်ပိုင်းတွင်သွင်းဂိုး၄၅ဂိုးအထိရှိထားပြီးဖြစ်ပါတယ်။

ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဂိုးအများဆုံးသွင်းခဲ့တဲ့နေရာကယူနိုက်တက်အတွက်မဟုတ်ပါဘူး။

သူဟာရီးရဲလ်မက်ဒရစ်အတွက်ဂိုး၄၅၀အထိသွင်းယူခဲ့ပြီးသူအများဆုံးဂိုးသွင်းခဲ့တဲ့အသင်းကလည်း၅သင်းရှိနေပါတယ်။သူဟာဆီဗီလာ၊အက်သလက်တီကို၊ဘာစီလိုနာ၊ဆဲလ်တာဗီဂိုနှင့်ဂီတာဖေးတို့ကိုဂိုး၂၀နှင့်အထက်သွင်းယူခဲ့ပါတယ်။

အခုပြသလာမယ့်မှတ်တမ်းကိုကြည့်ရင်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဂိုးသွင်းယူမှုတွေကကြောက်ခမန်းလိလိဖြစ်နေတာတွေ့ရပါတယ်။

ရော်နယ်ဒိုဟာသူ့ရဲ့သွင်းဂိုးအားလုံးမှ၅၀၈ဂိုး(သို့မဟုတ်)၆၃ရာခိုင်နှုန်းကိုညာခြေဖြင့်သွင်းယူခဲ့ပါတယ်။

သူ့ရဲ့သွင်းဂိုး၁၄၉ဂိုးကိုဘယ်ခြေဖြင့်သွင်းခဲ့တာဖြစ်ပြီးခေါင်းတိုက်သွင်းဂိုးက၁၄၀ဂိုးအထိရှိပါတယ်။

ရော်နယ်ဒိုဟာနောက်ပိုင်းနှစ်များမှာဖရီးကစ်ကနေဂိုးသွင်းနိုင်မှုစွမ်း ကျဆင်းလာခဲ့တယ်ဆိုပေမယ့်ဖရီးကစ်ဂိုးပေါင်း၅၇ဂိုးအထိရှိပြီးပင်နယ်တီဂိုး၁၄၁ဂိုးအထိရှိပါတယ်။

သူဟာနောက်ပိုင်းနှစ်များမှာအထောင်တိုက်စစ်မှူးအဖြစ်နေရာပြောင်းကစားလာတယ်ဆိုပေမယ့်ဧရိယာအပြင်ကနေသွင်းဂိုးကများနေတုန်းဖြစ်ပါတယ်။

သူ့ရဲ့၁၁၆ဂိုးကဧရိယာအပြင်ကသွင်းတာဖြစ်ပါတယ်။ဒါကိုကြည့်ရင်သူ့ရဲ့ပင်နယ်တီအတွင်းသွင်းဂိုးကဂိုးအားလုံးရဲ့၈၅ရာခိုင်နှုန်းအထိရှိနေပါတယ်။

ရော်နယ်ဒိုဟာကစားသမားဘဝတစ်လျှောက်ဟက်ထရစ်၅၈ကြိမ်အထိသွင်းထားပြီးမက်ဆီထက်၅ကြိမ်ပိုများပါတယ်။သူဟာပေါ်တူဂီအတွက်ဟက်ထရစ်၁၀ကြိမ်အထိသွင်းပေးထားပါတယ်။

ZawGyi




တကယ်လို့များစတမ်းဖို့ဒ်ဘရစ်ခ်ျမှာဂိုးသွင်းယူနိုင်မယ်ဆိုရင်ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူအတွက်သွင်းဂိုး၁၂၉ဂိုးအထိရှိလာပါမယ်။









