ကလပ်ပွဲများတွင် Adidas ဖိနပ်စီးကာ နိုင်ငံပွဲတွင် Nike ဖိနပ်စီးကစားနေတဲ့ အေဂျက်စ်လူငယ်ပါရမီရှင်

စပွန်ဆာနှင့်ဖိနပ်စာချုပ်များကမျက်မှောက်ခေတ်ဘောလုံးလောကရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ဘယ်ကစားသမားတွေဘယ်နေရာမှာဘဲကစားကစားကိုယ်ပိုင်ဖိနပ်ဖြင့်ကစားရပါတယ်။

ဒါပေမဲ့အသက်၁၇နှစ်ရှိအေဂျက်စ်ပါရမီရှင်ကစားသမားရာယိန်းဘူဒီဒါကတော့ဖိနပ်နှင့်ပတ်သက်ပြီးဘယ်သူမှမကြုံဖူးတဲ့အခြေအနေမျိုးနှင့်ကြုံနေရပါတယ်။

သူဟာအသက်၁၃နှစ်အရွယ်ကတည်းက Nike နှင့်စပွန်ဆာစာချုပ်ချုပ်ဆိုလာခဲ့ပါတယ်။ဒါပေမဲ့လည်းသူဟာအေဂျက်စ်အတွက်ကစားချိန်မှာတော့ Adidas ကိုဝတ်ဆင်ကစားပါတယ်။

ဘူနီဒါဟာအေဂျက်စ်နှင့်ချုပ်ဆိုထားတဲ့စာချုပ်ရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ကလပ်အတွက်ကစားချိန်မှာ Adidas ဖိနပ်စီးပြီးကစားနေရပါတယ်။

ဒတ်ချ်ကလပ်ဟာဂျာမန်အားကစားဝတ်စုံကုမ္ပဏီကြီးနှင့်စပွန်ဆာစာချုပ်ချုပ်ဆိုထားပြီးယင်းစာချုပ်ပါအချက်အလက်အရအေဂျက်စ်လူငယ်ကစားသမားများဟာ Adidas ဖိနပ်စီးပြီးကစားရပါတယ်။

ဒါပေမဲ့ဘူနီဒါဟာဘယ်လ်ဂျီယံလူငယ်လက်ရွေးစင်အသင်းများအတွက်ကစားရာမှာတော့ Nike ဖိနပ်စီးပြီးကစားနေပါတယ်။သူဟာမော်ရိုကိုအတွက်လည်းကစားခွင့်ရှိနေသူဖြစ်ပါတယ်။

ဒါပေမဲ့သူဟာဘယ်လ်ဂျီယံယူ-၁၇အသင်းမှာကစားနေပြီးကျောနံပါတ်၁၀ဝတ်ဆင်နေပါတယ်။သူဟာဘယ်တောင်ပံကစားသမားအဖြစ်လည်းကစားနိုင်စွမ်းရှိပါတယ်။

ZawGyi

ကလပ္ပြဲမ်ားတြင္ Adidas ဖိနပ္စီးကာ ႏိုင္ငံပြဲတြင္ Nike ဖိနပ္စီးကစားေနတဲ့ ေအဂ်က္စ္လူငယ္ပါရမီရွင္

စပြန္ဆာႏွင့္ဖိနပ္စာခ်ဳပ္မ်ားကမ်က္ေမွာက္ေခတ္ေဘာလုံးေလာကရဲ႕အေရးပါတဲ့အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။

ဘယ္ကစားသမားေတြဘယ္ေနရာမွာဘဲကစားကစားကိုယ္ပိုင္ဖိနပ္ျဖင့္ကစားရပါတယ္။

ဒါေပမဲ့အသက္၁၇ႏွစ္ရွိေအဂ်က္စ္ပါရမီရွင္ကစားသမားရာယိန္းဘူဒီဒါကေတာ့ဖိနပ္ႏွင့္ပတ္သက္ၿပီးဘယ္သူမွမႀကဳံဖူးတဲ့အေျခအေနမ်ိဳးႏွင့္ႀကဳံေနရပါတယ္။

သူဟာအသက္၁၃ႏွစ္အ႐ြယ္ကတည္းက Nike ႏွင့္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုလာခဲ့ပါတယ္။ဒါေပမဲ့လည္းသူဟာေအဂ်က္စ္အတြက္ကစားခ်ိန္မွာေတာ့ Adidas ကိုဝတ္ဆင္ကစားပါတယ္။

ဘူနီဒါဟာေအဂ်က္စ္ႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ရဲ႕အစိတ္အပိုင္းတစ္ရပ္အျဖစ္ ကလပ္အတြက္ကစားခ်ိန္မွာ Adidas ဖိနပ္စီးၿပီးကစားေနရပါတယ္။

ဒတ္ခ်္ကလပ္ဟာဂ်ာမန္အားကစားဝတ္စုံကုမၸဏီႀကီးႏွင့္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးယင္းစာခ်ဳပ္ပါအခ်က္အလက္အရေအဂ်က္စ္လူငယ္ကစားသမားမ်ားဟာ Adidas ဖိနပ္စီးၿပီးကစားရပါတယ္။

ဒါေပမဲ့ဘူနီဒါဟာဘယ္လ္ဂ်ီယံလူငယ္လက္ေ႐ြးစင္အသင္းမ်ားအတြက္ကစားရာမွာေတာ့ Nike ဖိနပ္စီးၿပီးကစားေနပါတယ္။သူဟာေမာ္႐ိုကိုအတြက္လည္းကစားခြင့္ရွိေနသူျဖစ္ပါတယ္။

ဒါေပမဲ့သူဟာဘယ္လ္ဂ်ီယံယူ-၁၇အသင္းမွာကစားေနၿပီးေက်ာနံပါတ္၁၀ဝတ္ဆင္ေနပါတယ္။သူဟာဘယ္ေတာင္ပံကစားသမားအျဖစ္လည္းကစားႏိုင္စြမ္းရွိပါတယ္။