ကလပ်ဘက်မှအယုံအကြည်မရှိလာမှုကြောင့် ရီးရဲလ်မှ နုတ်ထွက်ခဲ့ခြင်းဟု ဇီဒန်းဖွင့်ဟ

ဇီဒန်းကသူ့အပေါ်တွင်ကလပ်ကအယုံအကြည်မရှိတော့ဘူးလို့ခံစားလာရမှုကြောင့်ရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်းဖွင့်ဟလာပါတယ်။

အသက်၄၈နှစ်ရှိရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားဟာရီးရဲလ်မက်ဒရစ်ကိုနည်းပြအဖြစ်ဒုတိယအကြိမ်မြောက်ကိုင်တွယ်ရာမှာ၂နှစ်ခွဲကြာမြင့်ချိန်တွင်ထွက်ခွာခဲ့တာလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက၂၀၀၉-၁၀ရာသီနောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ဖလားလက်မဲ့ရာသီနှင့်ကြုံရပြီးနောက်နုတ်ထွက်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ရီးရဲလ်မက်ဒရစ်နည်းပြဖြစ်လာရန်အင်တာမီလန်နည်းပြဟောင်းအန်တိုနီယိုကွန်တီကထိပ်ဆုံးမှရေပန်းစားနေပြီးရာအူးလ်ဂွန်ဇာလက်ဇ်၊ပိုချက်တီနိုနှင့်ဇာဘီးအလွန်ဆိုတို့လည်းရေပန်းစားနေပါတယ်။

ဇီဒန်းက “ကလပ်ဘက်ကကျွန်တော့်ကိုအယုံအကြည်မရှိတော့ဘူးလို့ခံစားရပါတယ်။အသင်းကိုကာလတိုစီမံကိန်းဖြစ်ဖြစ်၊ကာလရှည်စီမံကိန်းဖြစ်ဖြစ်တည်ဆောက်ဖို့အားပေးတယ်လို့မခံစးရပါဘူး။ရီးရဲလ်မက်ဒရစ်လိုကလပ်တစ်ခုရဲ့တောင်းဆိုမှုတွေကိုသိပါတယ်။အနိုင်ရဘူးဆိုရင်ထွက်ခွာဖို့ဘဲရှိပါတယ်။ဒါပေမယ့်ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာကလပ်၊ဥက္ကဌတို့နဲ့ကျွန်တော့်ဆက်ဆံရေးကအနည်းငယ်ကွဲပြားလာတယ်လို့ခံစားရပါတယ်”လို့ဆိုသွာပါတယ်။

ZawGyi

ကလပ္ဘက္မွအယုံအၾကည္မရွိလာမႈေၾကာင့္ ရီးရဲလ္မွ ႏုတ္ထြက္ခဲ့ျခင္းဟု ဇီဒန္းဖြင့္ဟ

ဇီဒန္းကသူ႔အေပၚတြင္ကလပ္ကအယုံအၾကည္မရွိေတာ့ဘူးလို႔ခံစားလာရမႈေၾကာင့္ရီးရဲလ္မက္ဒရစ္နည္းျပရာထူးမွႏုတ္ထြက္ခဲ့ျခင္းျဖစ္ေၾကာင္းဖြင့္ဟလာပါတယ္။

အသက္၄၈ႏွစ္ရွိရီးရဲလ္မက္ဒရစ္ဂႏၴဝင္ကစားသမားဟာရီးရဲလ္မက္ဒရစ္ကိုနည္းျပအျဖစ္ဒုတိယအႀကိမ္ေျမာက္ကိုင္တြယ္ရာမွာ၂ႏွစ္ခြဲၾကာျမင့္ခ်ိန္တြင္ထြက္ခြာခဲ့တာလည္းျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့အဂၤါေန႔တုန္းက၂၀၀၉-၁၀ရာသီေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္ဖလားလက္မဲ့ရာသီႏွင့္ႀကဳံရၿပီးေနာက္ႏုတ္ထြက္ခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ရီးရဲလ္မက္ဒရစ္နည္းျပျဖစ္လာရန္အင္တာမီလန္နည္းျပေဟာင္းအန္တိုနီယိုကြန္တီကထိပ္ဆုံးမွေရပန္းစားေနၿပီးရာအူးလ္ဂြန္ဇာလက္ဇ္၊ပိုခ်က္တီႏိုႏွင့္ဇာဘီးအလြန္ဆိုတို႔လည္းေရပန္းစားေနပါတယ္။

ဇီဒန္းက “ကလပ္ဘက္ကကြၽန္ေတာ့္ကိုအယုံအၾကည္မရွိေတာ့ဘူးလို႔ခံစားရပါတယ္။အသင္းကိုကာလတိုစီမံကိန္းျဖစ္ျဖစ္၊ကာလရွည္စီမံကိန္းျဖစ္ျဖစ္တည္ေဆာက္ဖို႔အားေပးတယ္လို႔မခံစးရပါဘူး။ရီးရဲလ္မက္ဒရစ္လိုကလပ္တစ္ခုရဲ႕ေတာင္းဆိုမႈေတြကိုသိပါတယ္။အႏိုင္ရဘူးဆိုရင္ထြက္ခြာဖို႔ဘဲရွိပါတယ္။ဒါေပမယ့္ၿပီးခဲ့တဲ့လအနည္းငယ္အတြင္းမွာကလပ္၊ဥကၠဌတို႔နဲ႔ကြၽန္ေတာ့္ဆက္ဆံေရးကအနည္းငယ္ကြဲျပားလာတယ္လို႔ခံစားရပါတယ္”လို႔ဆိုသြာပါတယ္။