ကလပ်ရဲ့၁၂၁ နှစ်သမိုင်းတွင် သမိုင်းဝင်အသင်း သုံးခဲ့ပေမဲ့ ဗီလာရီးရဲလ်ကို ရှုံးနိမ့်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာကလပ်ရဲ့၁၂၁နှစ်သမိုင်းတွင်စပိန်ကစားသမားတစ်ဦးမျှမပါဝင်ဘဲပထမပွဲထွက်လူစာရင်းပွဲထုတ်မှုပြုလုပ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာမနေ့ညတုန်းကဗီလာရီးရဲလ်နှင့်ပွဲတွင်စပိန်ကစားသမားတစ်ဦးမျှမပါဝင်ဘဲနိုင်ငံခြားသားကစားသမားများနှင့်ချည်းပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

အန်ဆယ်လော့တီဟာအသင်းတွင်စပိန်ကစားသမားများစွာရှိပေမဲ့နိုင်ငံခြားသားကိုချည်းအသုံးပြုကာ ရီးရဲလ်မက်ဒရစ်သမိုင်းတွင်စပိန်ကစားသမားမပါဘဲပွဲထုတ်မှုပြုလုပ်တဲ့ပထမဆုံးနည်းပြဖြစ်လာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာကလပ်ရဲ့ပွဲပေါင်း၄၄၃၆ပွဲတွင်အနည်းဆုံးစပိန်ကစားသမားတစ်ဦးကိုပွဲထွက်လူစာရင်းမှာအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့မနေ့ညကပွဲမှာတော့အန်ဆယ်လော့တီဟာ၄-၃-၃ကစားကွက်ဖြင့်ဂိုးတွင်ကော့တွိုက်စ်၊နောက်တန်းတွင်မန်ဒီ၊အလာဘာ၊ရူဒီဂါနှင့်မီလီတာအိုတို့ကိုအသုံးပြုခဲ့ပါတယ်။ကွင်းလယ်တွင်တိုနီခရူးစ်၊လူကာမိုဒရစ်နှင့်ချူကွာမီနီတို့ကိုသုံးသွားပြီးတိုက်စစ်တွင်ဗီနီရှပ်စ်၊ဘန်ဇီးမားနှင့်ဗယ်ဗာဒီတို့ကိုသုံးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာနိုင်ငံခြားသားတွေနဲ့ပဲပွဲထွက်ခဲ့ပေမဲ့၄၇မိနစ်တွင်ပီနိုရဲ့ဂိုးကြောင့်နောက်ကလိုက်ကစားခဲ့ရပြီးဘန်ဇီးမားကပင်နယ်တီကနေချေပဂိုးသွင်းခဲ့ပါတယ်။ဒါပေမဲ့မိုရီနိုကပင်နယ်တီကနေဗီလာရီးရဲလ်အတွက်အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။

ZawGyi

ကလပ္ရဲ႕၁၂၁ ႏွစ္သမိုင္းတြင္ သမိုင္းဝင္အသင္း သုံးခဲ့ေပမဲ့ ဗီလာရီးရဲလ္ကို ရႈံးနိမ့္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္ဟာကလပ္ရဲ႕၁၂၁ႏွစ္သမိုင္းတြင္စပိန္ကစားသမားတစ္ဦးမွ်မပါဝင္ဘဲပထမပြဲထြက္လူစာရင္းပြဲထုတ္မႈျပဳလုပ္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာမေန႔ညတုန္းကဗီလာရီးရဲလ္ႏွင့္ပြဲတြင္စပိန္ကစားသမားတစ္ဦးမွ်မပါဝင္ဘဲႏိုင္ငံျခားသားကစားသမားမ်ားႏွင့္ခ်ည္းပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

အန္ဆယ္ေလာ့တီဟာအသင္းတြင္စပိန္ကစားသမားမ်ားစြာရွိေပမဲ့ႏိုင္ငံျခားသားကိုခ်ည္းအသုံးျပဳကာ ရီးရဲလ္မက္ဒရစ္သမိုင္းတြင္စပိန္ကစားသမားမပါဘဲပြဲထုတ္မႈျပဳလုပ္တဲ့ပထမဆုံးနည္းျပျဖစ္လာပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာကလပ္ရဲ႕ပြဲေပါင္း၄၄၃၆ပြဲတြင္အနည္းဆုံးစပိန္ကစားသမားတစ္ဦးကိုပြဲထြက္လူစာရင္းမွာအသုံးျပဳခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမဲ့မေန႔ညကပြဲမွာေတာ့အန္ဆယ္ေလာ့တီဟာ၄-၃-၃ကစားကြက္ျဖင့္ဂိုးတြင္ေကာ့တြိဳက္စ္၊ေနာက္တန္းတြင္မန္ဒီ၊အလာဘာ၊႐ူဒီဂါႏွင့္မီလီတာအိုတို႔ကိုအသုံးျပဳခဲ့ပါတယ္။ကြင္းလယ္တြင္တိုနီခ႐ူးစ္၊လူကာမိုဒရစ္ႏွင့္ခ်ဴကြာမီနီတို႔ကိုသုံးသြားၿပီးတိုက္စစ္တြင္ဗီနီရွပ္စ္၊ဘန္ဇီးမားႏွင့္ဗယ္ဗာဒီတို႔ကိုသုံးခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာႏိုင္ငံျခားသားေတြနဲ႔ပဲပြဲထြက္ခဲ့ေပမဲ့၄၇မိနစ္တြင္ပီႏိုရဲ႕ဂိုးေၾကာင့္ေနာက္ကလိုက္ကစားခဲ့ရၿပီးဘန္ဇီးမားကပင္နယ္တီကေနေခ်ပဂိုးသြင္းခဲ့ပါတယ္။ဒါေပမဲ့မိုရီႏိုကပင္နယ္တီကေနဗီလာရီးရဲလ္အတြက္အႏိုင္ဂိုးသြင္းယူသြားခဲ့ပါတယ္။