ကလပ်ရဲ့၁၂၉နှစ်သမိုင်းတွင် ပထမဆုံးအကြိမ် အန်ဖီးလ်လိဂ်ပွဲငါးပွဲဆက်အရှုံးနဲ့ကြုံခဲ့ရတဲ့ လီဗာပူး

လီဗာပူးဟာယခုရာသီမှာဒဏ်ရာပြဿနာများဆိုးဆိုးရွားရွားနှင့်ကြုံရမှုနဲ့အတူကလပ်သမိုင်းမှာမကြုံဖူးတဲ့ အရာတွေနဲ့ရင်ဆိုင်နေရပါတယ်။ကလော့ပ်ဦးဆောင်တဲ့လီဗာပူးဟာကလပ်သမိုင်းမှာပထမဆုံးအကြိမ်အဖြစ် အန်ဖီးလ်ပရီးမီးယားလိဂ်ငါးပွဲဆက်တိုက်အရှုံးနဲ့ရင်ဆိုင်ထားရပါတယ်။

လီဗာပူးဟာမနေ့ညတုန်းကအန်ဖီးလ်တွင်သောမတ်စ်တူချယ်ရဲ့ချဲလ်ဆီးကိုရှုံးနိမ့်ခဲ့ပါတယ်။ချဲလ်ဆီးဟာပထမ ပိုင်းမှာမေဆင်မောင့်သွင်းယူတဲ့တစ်လုံးတည်းသောဂိုးဖြင့်လီဗာပူးကိုအန်ဖီးလ်မှာ၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

လီဗာပူးဟာဇန်နဝါရီလအလယ်ပိုင်းတုန်းကဘန်လေကိုအန်ဖီးလ်မှာ၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်အိမ်ကွင်းမှာ လိဂ်ပွဲ၅ပွဲဆက်အရှုံးနှင့်ကြုံခဲ့ရတာလည်းဖြစ်ပါတယ်။၎င်းတို့ဟာဘန်လေ၊ဘရိုက်တန်၊မန်စီးတီး၊အဲဗာတန်၊ချဲလ်ဆီးတို့ကိုဆက်တိုက်ရှုံးနိမ့်ထားပါတယ်။

ချဲလ်ဆီးကို၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှာလီဗာပူးဟာတီမိုဝါနာရဲ့ဂိုးကိုVARကခွင့်မပြုခဲ့ခြင်းကြောင့်သက်သာရာရခဲ့ သလိုအန်ဂိုလိုကန်တီရဲ့လက်ထိဘောမှပင်နယ်တီမရခဲ့မှုအတွက်လည်းနစ်နာခဲ့ပါတယ်။

လီဗာပူးဟာချဲလ်ဆီးရှုံးပွဲကြောင့်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၇နေရာသို့ဆင်းပေးခဲ့ရပြီးထိပ်ဆုံးမှ မန်စီးတီးနဲ့ရမှတ်၂၂မှတ်အထိကွာဟသွားပါတယ်။

ချဲလ်ဆီးကိုရှုံးနိမ့်တဲ့ပွဲအပြီးမှာလီဗာပူးနည်းပြကလော့ပ်ကချဲလ်ဆီးရှုံးပွဲမှာအသင်းအတွက်များစွာနစ်နာလာ ကြောင်းနှင့်မိမိတို့အနေဖြင့်အနိုင်လမ်းကြောင်းပေါ်သို့ရောက်အောင်ပြန်လည်ကြိုးပမ်းသွားရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ZawGyi

ကလပ္ရဲ႕၁၂၉ႏွစ္သမိုင္းတြင္ ပထမဆုံးအႀကိမ္ အန္ဖီးလ္လိဂ္ပြဲငါးပြဲဆက္အရႈံးနဲ႔ႀကဳံခဲ့ရတဲ့ လီဗာပူး

လီဗာပူးဟာယခုရာသီမွာဒဏ္ရာျပႆနာမ်ားဆိုးဆိုး႐ြား႐ြားႏွင့္ႀကဳံရမႈနဲ႔အတူကလပ္သမိုင္းမွာမႀကဳံဖူးတဲ့ အရာေတြနဲ႔ရင္ဆိုင္ေနရပါတယ္။ကေလာ့ပ္ဦးေဆာင္တဲ့လီဗာပူးဟာကလပ္သမိုင္းမွာပထမဆုံးအႀကိမ္အျဖစ္ အန္ဖီးလ္ပရီးမီးယားလိဂ္ငါးပြဲဆက္တိုက္အရႈံးနဲ႔ရင္ဆိုင္ထားရပါတယ္။

လီဗာပူးဟာမေန႔ညတုန္းကအန္ဖီးလ္တြင္ေသာမတ္စ္တူခ်ယ္ရဲ႕ခ်ဲလ္ဆီးကိုရႈံးနိမ့္ခဲ့ပါတယ္။ခ်ဲလ္ဆီးဟာပထမ ပိုင္းမွာေမဆင္ေမာင့္သြင္းယူတဲ့တစ္လုံးတည္းေသာဂိုးျဖင့္လီဗာပူးကိုအန္ဖီးလ္မွာ၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

လီဗာပူးဟာဇန္နဝါရီလအလယ္ပိုင္းတုန္းကဘန္ေလကိုအန္ဖီးလ္မွာ၁-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္အိမ္ကြင္းမွာ လိဂ္ပြဲ၅ပြဲဆက္အရႈံးႏွင့္ႀကဳံခဲ့ရတာလည္းျဖစ္ပါတယ္။၎တို႔ဟာဘန္ေလ၊ဘ႐ိုက္တန္၊မန္စီးတီး၊အဲဗာတန္၊ခ်ဲလ္ဆီးတို႔ကိုဆက္တိုက္ရႈံးနိမ့္ထားပါတယ္။

ခ်ဲလ္ဆီးကို၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္မွာလီဗာပူးဟာတီမိုဝါနာရဲ႕ဂိုးကိုVARကခြင့္မျပဳခဲ့ျခင္းေၾကာင့္သက္သာရာရခဲ့ သလိုအန္ဂိုလိုကန္တီရဲ႕လက္ထိေဘာမွပင္နယ္တီမရခဲ့မႈအတြက္လည္းနစ္နာခဲ့ပါတယ္။

လီဗာပူးဟာခ်ဲလ္ဆီးရႈံးပြဲေၾကာင့္ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၇ေနရာသို႔ဆင္းေပးခဲ့ရၿပီးထိပ္ဆုံးမွ မန္စီးတီးနဲ႔ရမွတ္၂၂မွတ္အထိကြာဟသြားပါတယ္။

ခ်ဲလ္ဆီးကိုရႈံးနိမ့္တဲ့ပြဲအၿပီးမွာလီဗာပူးနည္းျပကေလာ့ပ္ကခ်ဲလ္ဆီးရႈံးပြဲမွာအသင္းအတြက္မ်ားစြာနစ္နာလာ ေၾကာင္းႏွင့္မိမိတို႔အေနျဖင့္အႏိုင္လမ္းေၾကာင္းေပၚသို႔ေရာက္ေအာင္ျပန္လည္ႀကိဳးပမ္းသြားရမွာျဖစ္ေၾကာင္း ေျပာၾကားသြားပါတယ္၊။