ကလပ်ရဲ့ ၁၁၈ နှစ်သမိုင်းတွင် အဆိုးရွားဆုံး တာထွက်နှင့် ကြုံနေရတဲ့ အာတီတာရဲ့အာဆင်နယ်

အာဆင်နယ်ဟာမနေ့ညတုန်းကလန်ဒန်မြို့ခံပြိုင်ဘက်ချဲလ်ဆီးကိုရှုံးနိမ့်ပြီးနောက်ကလပ်သက်တမ်း၁၁၈နှစ်သမိုင်းတွင်အဆိုးရွားပရီးမီးယားလိဂ်တာထွက်နှင့်ရင်ဆိုင်နေရပါတယ်။

အာဆင်နယ်ဟာဘရန့်ဖို့ဒ်၊ချဲလ်ဆီးတို့အားဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးသွင်းဂိုးတစ်ဂိုးမျှမရရှိသေးပါဘူး။

မနေ့ညတုန်းကပွဲတွင်အာဆင်နယ်ဟာချဲလ်ဆီးရဲ့လူကာကူ၊ရီစီဂျိမ်းစ်တို့ရဲ့သွင်းဂိုးများဖြင့်ချဲလ်ဆီးကိုလုံးဝမလှန်နိုင်ဘဲရှုံးနိမ့်ခဲ့ပါတယ်။

အာဆင်နယ်ဟာကလပ်သမိုင်းတွင်ရာသီအဖွင့်ပွဲ၂ပွဲဆက်ရှုံးနိမ့်ကာတစ်ဂိုးမျှမသွင်းနိုင်မှု အဖြစ်ပထမဆုံးအကြိမ်အဖြစ်ကြုံခဲ့ရတာလည်းဖြစ်ပါတယ်။

ဒါ့အပြင်အာဆင်နယ်ဟာနှစ်ပွဲဆက်ရှုံးနိမ့်ကာရဂိုးမရှိမှုကြောင့်တန်းဆင်းဇုန်သို့ရောက်နေပြီး၁၉၉၂ခုနှစ်၊ဩဂုတ်လနောက်ပိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်ဩဂုတ်လတွင်တန်းဆင်းဇုန်အတွင်းရပ်တည်နေပါတယ်။

တစ်ဖက်တွင်မီခေးလ်အာတီတာဟာအာဆင်နယ်အားပရီးမီးယားလိဂ်ပွဲ၆၀ကိုင်တွယ်ရာမှာပွဲ၂၀ရှုံးနိမ့်ထားပါတယ်။

အာဆင်နယ်ဂန္ထဝင်နည်းပြအာစင်ဝင်းဂါးကတော့ပွဲ၁၁၆ပွဲပြည့်ချိန်တွင်မှရှုံးပွဲ၂၀ကြုံခဲ့ရတာဖြစ်ပါတယ်။

ယင်းသို့၂ပွဲဆက်အရှုံးနှင့်ကြုံတွေ့ရမှုနဲ့အတူအာတီတာအတွက်ဖိအားများပိုမိုကျရောက်လာခဲ့ပြီဖြစ်ပါတယ်။

အာတီတာရဲ့အာဆင်နယ်ဟာယခုအပတ်အကုန်မှာမန်စီးတီးကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါမယ်။

ယင်းပွဲမတိုင်မီအာဆင်နယ်ဟာဗုဒ္ဓဟူးနေ့မှာကာရာဘောင်းဖလားပွဲစဉ်အဖြစ်ချန်ပီယံရှစ်တွင်ရလဒ်ကောင်းရရှိနေတဲ့ဝက်စ်ဘရွန်းနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ကလပ္ရဲ႕ ၁၁၈ ႏွစ္သမိုင္းတြင္ အဆိုး႐ြားဆုံး တာထြက္ႏွင့္ ႀကဳံေနရတဲ့ အာတီတာရဲ႕အာဆင္နယ္

အာဆင္နယ္ဟာမေန႔ညတုန္းကလန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ခ်ဲလ္ဆီးကိုရႈံးနိမ့္ၿပီးေနာက္ကလပ္သက္တမ္း၁၁၈ႏွစ္သမိုင္းတြင္အဆိုး႐ြားပရီးမီးယားလိဂ္တာထြက္ႏွင့္ရင္ဆိုင္ေနရပါတယ္။

အာဆင္နယ္ဟာဘရန႔္ဖို႔ဒ္၊ခ်ဲလ္ဆီးတို႔အားဆက္တိုက္ရႈံးနိမ့္ခဲ့ၿပီးသြင္းဂိုးတစ္ဂိုးမွ်မရရွိေသးပါဘူး။

မေန႔ညတုန္းကပြဲတြင္အာဆင္နယ္ဟာခ်ဲလ္ဆီးရဲ႕လူကာကူ၊ရီစီဂ်ိမ္းစ္တို႔ရဲ႕သြင္းဂိုးမ်ားျဖင့္ခ်ဲလ္ဆီးကိုလုံးဝမလွန္ႏိုင္ဘဲရႈံးနိမ့္ခဲ့ပါတယ္။

အာဆင္နယ္ဟာကလပ္သမိုင္းတြင္ရာသီအဖြင့္ပြဲ၂ပြဲဆက္ရႈံးနိမ့္ကာတစ္ဂိုးမွ်မသြင္းႏိုင္မႈ အျဖစ္ပထမဆုံးအႀကိမ္အျဖစ္ႀကဳံခဲ့ရတာလည္းျဖစ္ပါတယ္။

ဒါ့အျပင္အာဆင္နယ္ဟာႏွစ္ပြဲဆက္ရႈံးနိမ့္ကာရဂိုးမရွိမႈေၾကာင့္တန္းဆင္းဇုန္သို႔ေရာက္ေနၿပီး၁၉၉၂ခုႏွစ္၊ဩဂုတ္လေနာက္ပိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ဩဂုတ္လတြင္တန္းဆင္းဇုန္အတြင္းရပ္တည္ေနပါတယ္။

တစ္ဖက္တြင္မီေခးလ္အာတီတာဟာအာဆင္နယ္အားပရီးမီးယားလိဂ္ပြဲ၆၀ကိုင္တြယ္ရာမွာပြဲ၂၀ရႈံးနိမ့္ထားပါတယ္။

အာဆင္နယ္ဂႏၴဝင္နည္းျပအာစင္ဝင္းဂါးကေတာ့ပြဲ၁၁၆ပြဲျပည့္ခ်ိန္တြင္မွရႈံးပြဲ၂၀ႀကဳံခဲ့ရတာျဖစ္ပါတယ္။

ယင္းသို႔၂ပြဲဆက္အရႈံးႏွင့္ႀကဳံေတြ႕ရမႈနဲ႔အတူအာတီတာအတြက္ဖိအားမ်ားပိုမိုက်ေရာက္လာခဲ့ၿပီျဖစ္ပါတယ္။

အာတီတာရဲ႕အာဆင္နယ္ဟာယခုအပတ္အကုန္မွာမန္စီးတီးကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရပါမယ္။

ယင္းပြဲမတိုင္မီအာဆင္နယ္ဟာဗုဒၶဟူးေန႔မွာကာရာေဘာင္းဖလားပြဲစဥ္အျဖစ္ခ်န္ပီယံရွစ္တြင္ရလဒ္ေကာင္းရရွိေနတဲ့ဝက္စ္ဘ႐ြန္းႏွင့္ရင္ဆိုင္ကစားရပါမယ္။