ကလပ်လက်မဲ့ဖြစ်နေတဲ့ ဂျက်ဝီရှိုင်းယားအတွက် တံခါးဖွင့်ပေးထားကြောင်း အာတီတာဖွင့်ဟလာ

အာဆင်နယ်နည်းပြမီခေးလ်အာတီတာဟာဂျက်ဝီရှိုင်းယားအားအာဆင်နယ်သို့တကျော့ပြန်လာနိုင်ရေးတံခါးဖွင့်ပေးလိုက်ပါတယ်။

အသက်၂၉နှစ်ရှိအာဆင်နယ်အကယ်ဒမီထွက်ကစားသမားဟာစီးရီးဘီကလပ်ကိုမိုသို့ပြောင်းရွှေ့ကစားရန်လေ့ကျင့်ခန်းလုပ်ဆောင်ခဲ့သူဖြစ်ပြီးအီတလီသို့ပြောင်းရွှေ့လုနီးပါးဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်အလယ်တန်းကစားသမားဟာပတ်စ်ပို့ပြဿနာကြောင့်အီတလီသို့ပြောင်းရွှေ့ခွင့်အိပ်မက်ပျက်ပြယ်သွားခဲ့ပါတယ်။

ယခုအခါအာဆင်နယ်တွင်ဖိအားများနှင့်ရင်ဆိုင်နေရတဲ့အာဆင်နယ်နည်းပြအာတီတာဟာကစားဖော်ဟောင်းအားအမ်းမရိတ်သို့ပြန်လာရန်တံခါးဖွင့်ပေးလာပြီဖြစ်ပါတယ်။

အာတီတာက “သူကကျွန်တော်သိတဲ့သူပါ။အဝတ်အစားလဲခန်းမှာအတူတူရှိနေခဲ့ဖူးတဲ့သူပါ။သူဟာကလပ်မှာရှိတဲ့သူတိုင်းရဲ့ချစ်ခြင်းရရှိခဲ့တဲ့သူဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့တံခါးတွေကအမြဲဖွင့်ထားပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟောင်းဟာအာဆင်နယ်တွင်အာတီတာနှင့်အတူငါးနှစ်ကြာကစားခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်ကစားသမားဘဝတစ်လျှောက်ဒဏ်ရာပြဿနာများစွာကြုံရကာကစားသမားဘဝနိမ့်ကျခဲ့ရတဲ့ဂျက်ဝီရှိုင်းယားကတော့ယခုကဲ့သို့ကစားသမားဘဝနှောင်းပိုင်းကာလမျိုးတွင်အာဆင်နယ်သို့ပြောင်းရေးအိပ်မက်ဖြစ်လာရန်ခက်ခဲကြောင်းဝန်ခံထားပါတယ်။

ZawGyi

ကလပ္လက္မဲ့ျဖစ္ေနတဲ့ ဂ်က္ဝီရႈိင္းယားအတြက္ တံခါးဖြင့္ေပးထားေၾကာင္း အာတီတာဖြင့္ဟလာ

အာဆင္နယ္နည္းျပမီေခးလ္အာတီတာဟာဂ်က္ဝီရႈိင္းယားအားအာဆင္နယ္သို႔တေက်ာ့ျပန္လာႏိုင္ေရးတံခါးဖြင့္ေပးလိုက္ပါတယ္။

အသက္၂၉ႏွစ္ရွိအာဆင္နယ္အကယ္ဒမီထြက္ကစားသမားဟာစီးရီးဘီကလပ္ကိုမိုသို႔ေျပာင္းေ႐ႊ႕ကစားရန္ေလ့က်င့္ခန္းလုပ္ေဆာင္ခဲ့သူျဖစ္ၿပီးအီတလီသို႔ေျပာင္းေ႐ႊ႕လုနီးပါးျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္အလယ္တန္းကစားသမားဟာပတ္စ္ပို႔ျပႆနာေၾကာင့္အီတလီသို႔ေျပာင္းေ႐ႊ႕ခြင့္အိပ္မက္ပ်က္ျပယ္သြားခဲ့ပါတယ္။

ယခုအခါအာဆင္နယ္တြင္ဖိအားမ်ားႏွင့္ရင္ဆိုင္ေနရတဲ့အာဆင္နယ္နည္းျပအာတီတာဟာကစားေဖာ္ေဟာင္းအားအမ္းမရိတ္သို႔ျပန္လာရန္တံခါးဖြင့္ေပးလာၿပီျဖစ္ပါတယ္။

အာတီတာက “သူကကြၽန္ေတာ္သိတဲ့သူပါ။အဝတ္အစားလဲခန္းမွာအတူတူရွိေနခဲ့ဖူးတဲ့သူပါ။သူဟာကလပ္မွာရွိတဲ့သူတိုင္းရဲ႕ခ်စ္ျခင္းရရွိခဲ့တဲ့သူျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ရဲ႕တံခါးေတြကအၿမဲဖြင့္ထားပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ေဟာင္းဟာအာဆင္နယ္တြင္အာတီတာႏွင့္အတူငါးႏွစ္ၾကာကစားခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္ကစားသမားဘဝတစ္ေလွ်ာက္ဒဏ္ရာျပႆနာမ်ားစြာႀကဳံရကာကစားသမားဘဝနိမ့္က်ခဲ့ရတဲ့ဂ်က္ဝီရႈိင္းယားကေတာ့ယခုကဲ့သို႔ကစားသမားဘဝေႏွာင္းပိုင္းကာလမ်ိဳးတြင္အာဆင္နယ္သို႔ေျပာင္းေရးအိပ္မက္ျဖစ္လာရန္ခက္ခဲေၾကာင္းဝန္ခံထားပါတယ္။