ကလပ်သစ်တွေ့တဲ့အထိ ဖရန့်လမ်းပတ်ကို တစ်ပတ်လုပ်ခ ပေါင် ၇၅၀၀၀ ပေးနေရမယ့် ချဲလ်ဆီး

ဖရန့်လမ်းပတ်အနေဖြင့်အလုပ်သစ်ကမ်းလှမ်းမှုရရှိလာလျှင်တောင်အသေအချာစဉ်းစားပြီးမှလက်ခံရမယ့် အခြေအနေမျိုးမှာရှိပါတယ်။လမ်းပတ်ဟာအလုပ်သစ်ကိုလက်ခံလိုက်လျှင်ချဲလ်ဆီးထံမှရရှိမယ့်ပေါင်၁.၈သန်းကို နစ်နာဆုံးရှုံးရပါမယ်။

လမ်းပတ်ဟာပြီးခဲ့တဲ့လတုန်းကချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ယခင်တုန်းကချဲလ်ဆီးဟာ နည်းပြများကိုထုတ်ပယ်ရာမှာလက်ကျန်စာချုပ်အတွက်လျော်ကြေးအပြည့်အစုံပေးခဲ့ပါတယ်။

ဒါပေမယ့်ချဲလ်ဆီးဟာယခုအခါမှာတော့ပါးနပ်ကာပေါ်လစီအပြောင်းအလဲလုပ်ဆောင်လာပြီးဖရန့်လမ်းပတ်ကို သူ့လုပ်ခအတိုင်းစာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိပေါင်၇၅၀၀၀ပေးတဲ့စနစ်ကိုသုံးနေပါတယ်။

ဖရန့်လမ်းပတ်ဟာသူ့လုပ်ခအတိုင်းတစ်ပတ်လျှင်ပေါင်၇၅၀၀၀အားလာမယ့်ဇူလိုင်လအထိရရှိပါမယ်။ဖရန့်လမ်းပတ်ဟာယင်းမတိုင်မီအလုပ်သစ်လက်ခံရရှိပါကချဲလ်ဆီးထံမှလုပ်ခပေးမှုရပ်ဆိုင်းခံရပါမယ်။

ဒါပေမယ့်အသက်၄၂နှစ်ရှိဖရန့်လမ်းပတ်ဟာဒါဘီကိုကိုင်တွယ်ပြီးနောက်သုံးရာသီဆက်တိုက်ဖိအားများအောက်မှာ အလုပ်လုပ်လာခဲ့ရမှုနဲ့အတူကာလတိုအနားယူချင်နေမှာသေချာနေပါတယ်။ဒါကြောင့်လည်းသူဟာလစ်လပ်နေတဲ့ ဘုန်းမောက်နည်းပြရာထူးအတွက်ကြိုးစားအားထုတ်မှုမပြုလုပ်တာလည်းဖြစ်ပါတယ်။

ZawGyi

ကလပ္သစ္ေတြ႕တဲ့အထိ ဖရန႔္လမ္းပတ္ကို တစ္ပတ္လုပ္ခ ေပါင္ ၇၅၀၀၀ ေပးေနရမယ့္ ခ်ဲလ္ဆီး

ဖရန႔္လမ္းပတ္အေနျဖင့္အလုပ္သစ္ကမ္းလွမ္းမႈရရွိလာလွ်င္ေတာင္အေသအခ်ာစဥ္းစားၿပီးမွလက္ခံရမယ့္ အေျခအေနမ်ိဳးမွာရွိပါတယ္။လမ္းပတ္ဟာအလုပ္သစ္ကိုလက္ခံလိုက္လွ်င္ခ်ဲလ္ဆီးထံမွရရွိမယ့္ေပါင္၁.၈သန္းကို နစ္နာဆုံးရႈံးရပါမယ္။

လမ္းပတ္ဟာၿပီးခဲ့တဲ့လတုန္းကခ်ဲလ္ဆီးနည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။ယခင္တုန္းကခ်ဲလ္ဆီးဟာ နည္းျပမ်ားကိုထုတ္ပယ္ရာမွာလက္က်န္စာခ်ဳပ္အတြက္ေလ်ာ္ေၾကးအျပည့္အစုံေပးခဲ့ပါတယ္။

ဒါေပမယ့္ခ်ဲလ္ဆီးဟာယခုအခါမွာေတာ့ပါးနပ္ကာေပၚလစီအေျပာင္းအလဲလုပ္ေဆာင္လာၿပီးဖရန႔္လမ္းပတ္ကို သူ႔လုပ္ခအတိုင္းစာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အထိေပါင္၇၅၀၀၀ေပးတဲ့စနစ္ကိုသုံးေနပါတယ္။

ဖရန႔္လမ္းပတ္ဟာသူ႔လုပ္ခအတိုင္းတစ္ပတ္လွ်င္ေပါင္၇၅၀၀၀အားလာမယ့္ဇူလိုင္လအထိရရွိပါမယ္။ဖရန႔္လမ္းပတ္ဟာယင္းမတိုင္မီအလုပ္သစ္လက္ခံရရွိပါကခ်ဲလ္ဆီးထံမွလုပ္ခေပးမႈရပ္ဆိုင္းခံရပါမယ္။

ဒါေပမယ့္အသက္၄၂ႏွစ္ရွိဖရန႔္လမ္းပတ္ဟာဒါဘီကိုကိုင္တြယ္ၿပီးေနာက္သုံးရာသီဆက္တိုက္ဖိအားမ်ားေအာက္မွာ အလုပ္လုပ္လာခဲ့ရမႈနဲ႔အတူကာလတိုအနားယူခ်င္ေနမွာေသခ်ာေနပါတယ္။ဒါေၾကာင့္လည္းသူဟာလစ္လပ္ေနတဲ့ ဘုန္းေမာက္နည္းျပရာထူးအတြက္ႀကိဳးစားအားထုတ္မႈမျပဳလုပ္တာလည္းျဖစ္ပါတယ္။