ကလပ်သစ်နှင့်ဆွေးနွေးနေပြီဖြစ်တဲ့ ဖီနာဘာချီရဲ့စာချုပ်ဖျက်သိမ်းခံခဲ့ရတဲ့ အိုဇေးလ်

မီဆတ်အိုဇေးလ်ဟာဖီနာဘာချီရဲ့စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပေမဲ့လည်းကလပ်သစ်ရှာဖွေတွေ့ရှိဖို့ကြာမြင့်မယ့်အခြေအနေမျိုးမှာမရှိပါဘူး။

အသက်၃၃နှစ်ရှိရီးရဲလ်မက်ဒရစ်နှင့်အာဆင်နယ်စတားဟောင်းဟာ၂၀၂၁ခုနှစ်၊ဇန်နဝါရီလတုန်းကအာဆင်နယ်နှင့်စာချုပ်ဖျက်သိမ်းကာတူရကီထိပ်သီးကလပ်သို့ပြောင်းခဲ့တာဖြစ်ပြီး၃၆ပွဲတည်းသာကစားနိုင်ခဲ့ပါတယ်။

သူဟာပြီးခဲ့တဲ့ရာသီတုန်းကဖီနာဘာချီအတွက်လိဂ်ပွဲ၂၂ပွဲကစားခဲ့ရာမှာ၈ဂိုးအထိသွင်းယူနိုင်ခဲ့ပေမဲ့လည်းမတ်လကတည်းကယာယီနည်းပြအစ်မဲလ်ကာတယ်နှင့်စကားများရန်ဖြစ်ကာအသင်းလူစာရင်းမှထုတ်ပယ်ခြင်းခံထားရပါတယ်။

နွေရာသီတွင်အသစ်ရောက်လာတဲ့နည်းပြသစ်ဂျော့ဂျေဆူးကလည်းလာမယ့်ရာသီဖီနာဘာချီအစီအစဉ်တွင်အိုဇေးလ်မပါဝင်ကြောင်းအတည်ပြုခဲ့ပါတယ်။

ဒါကြောင့်လည်းအိုဇေးလ်နှင့်ဖီနာဘာချီတို့ဟာနှစ်ဦးသဘောတူစာချုပ်ကိုဖျက်သိမ်းမှုပြုလုပ်ခဲ့ပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့သတင်းအရအိုဇေးလ်ဟာအစ္စတန်ဘူလ်တွင်ပင်ဆက်ရှိနေဖွယ်ရှိနေပြီးအစ္စတန်ဘူလ်ဘာဆာဆီဟာနှင့်ဆွေးနွေးမှုပြုလုပ်နေပြီဖြစ်ကြောင်းသိရပါတယ်။

အစ္စတန်ဘူလ်ဘာဆာဆီဟာပြီးခဲ့တဲ့ရာသီတုန်းကတူရကီလိဂ်တွင်အဆင့်၄နေရာတွင်ရပ်တည်နိုင်ခဲ့ပြီးယူရိုပါလိဂ်ပြိုင်ပွဲအားပလေးအော့ဖ်မှတဆင့်ဝင်ရောက်ခွင့်ရရှိထားတဲ့အသင်းဖြစ်ပါတယ်။

ZawGyi

ကလပ္သစ္ႏွင့္ေဆြးေႏြးေနၿပီျဖစ္တဲ့ ဖီနာဘာခ်ီရဲ႕စာခ်ဳပ္ဖ်က္သိမ္းခံခဲ့ရတဲ့ အိုေဇးလ္

မီဆတ္အိုေဇးလ္ဟာဖီနာဘာခ်ီရဲ႕စာခ်ဳပ္ဖ်က္သိမ္းျခင္းခံခဲ့ရေပမဲ့လည္းကလပ္သစ္ရွာေဖြေတြ႕ရွိဖို႔ၾကာျမင့္မယ့္အေျခအေနမ်ိဳးမွာမရွိပါဘူး။

အသက္၃၃ႏွစ္ရွိရီးရဲလ္မက္ဒရစ္ႏွင့္အာဆင္နယ္စတားေဟာင္းဟာ၂၀၂၁ခုႏွစ္၊ဇန္နဝါရီလတုန္းကအာဆင္နယ္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းကာတူရကီထိပ္သီးကလပ္သို႔ေျပာင္းခဲ့တာျဖစ္ၿပီး၃၆ပြဲတည္းသာကစားႏိုင္ခဲ့ပါတယ္။

သူဟာၿပီးခဲ့တဲ့ရာသီတုန္းကဖီနာဘာခ်ီအတြက္လိဂ္ပြဲ၂၂ပြဲကစားခဲ့ရာမွာ၈ဂိုးအထိသြင္းယူႏိုင္ခဲ့ေပမဲ့လည္းမတ္လကတည္းကယာယီနည္းျပအစ္မဲလ္ကာတယ္ႏွင့္စကားမ်ားရန္ျဖစ္ကာအသင္းလူစာရင္းမွထုတ္ပယ္ျခင္းခံထားရပါတယ္။

ေႏြရာသီတြင္အသစ္ေရာက္လာတဲ့နည္းျပသစ္ေဂ်ာ့ေဂ်ဆူးကလည္းလာမယ့္ရာသီဖီနာဘာခ်ီအစီအစဥ္တြင္အိုေဇးလ္မပါဝင္ေၾကာင္းအတည္ျပဳခဲ့ပါတယ္။

ဒါေၾကာင့္လည္းအိုေဇးလ္ႏွင့္ဖီနာဘာခ်ီတို႔ဟာႏွစ္ဦးသေဘာတူစာခ်ဳပ္ကိုဖ်က္သိမ္းမႈျပဳလုပ္ခဲ့ပါတယ္။

ယေန႔ထြက္ေပၚလာတဲ့သတင္းအရအိုေဇးလ္ဟာအစၥတန္ဘူလ္တြင္ပင္ဆက္ရွိေနဖြယ္ရွိေနၿပီးအစၥတန္ဘူလ္ဘာဆာဆီဟာႏွင့္ေဆြးေႏြးမႈျပဳလုပ္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

အစၥတန္ဘူလ္ဘာဆာဆီဟာၿပီးခဲ့တဲ့ရာသီတုန္းကတူရကီလိဂ္တြင္အဆင့္၄ေနရာတြင္ရပ္တည္ႏိုင္ခဲ့ၿပီးယူ႐ိုပါလိဂ္ၿပိဳင္ပြဲအားပေလးေအာ့ဖ္မွတဆင့္ဝင္ေရာက္ခြင့္ရရွိထားတဲ့အသင္းျဖစ္ပါတယ္။