ကလပ်သစ်ရိုးမားတွင် ဒုက္ခပင်လယ်ဝေနေတဲ့တပည့်ဟောင်းနှင့်လက်တွဲရန် မော်ရင်ဟိုစီစဉ်နေ

ဟိုဆေးမော်ရင်ဟိုရဲ့အသင်းသစ်ရိုးမားသို့ခေါ်ယူရန်ရည်ရွယ်ထားတဲ့ကစားသမားများတွင်ရီးရဲလ်မက်ဒရစ်တွင်ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရတဲ့တောင်ပံတိုက်စစ်သမားအေဒင်ဟာဇက်ထိပ်ဆုံးမှပါဝင်နေကြောင်းသိရပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာ၂၀၂၀-၂၁ဘောလုံးရာသီမကုန်ဆုံးမီစပါးစ်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်ပြီးလာမယ့်ရာသီတွင်ရိုးမားကိုကိုင်တွယ်သွားပါမယ်။

သူဟာ၂၀၁၃ခုနှစ်မှ၂၀၁၅ခုနှစ်အထိချဲလ်ဆီးအသင်းကိုဒုတိယအကြိမ်ကိုင်တွယ်စဉ်ကလက်တွဲခဲ့တဲ့အေဒင်ဟာဇက်နှင့်ပြန်လည်လက်တွဲလိုနေပါတယ်။

ဟာဇက်ဟာ၂၀၁၉ခုနှစ်တွင်ချဲလ်ဆီးမှရီးရဲလ်မက်ဒရစ်သို့ယူရိုသန်း၁၀၀ဖြင့်ပြောင်းရွှေ့ကစားပြီးနောက်ကိုယ်အလေးချိန်တက်မှု၊ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်လာခဲ့ရသူဖြစ်ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်တွင်ကစားတဲ့၂ရာသီအတွင်းတွင်လာလီဂါပွဲပွဲ၃၀တည်းသာကစားထားနိုင်ပြီး၂၀၂၀-၂၁ရာသီတွင်လာလီဂါပွဲ၂၁ပွဲတည်းသာကစားနိုင်ခဲ့ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်မှာကစားတဲ့နှစ်ရာသီအတွင်းမှာငါးဂိုးတည်းသာသွင်းယူထားနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာယခုနွေရာသီတွင်အမ်ဘက်ပီအားခေါ်ယူနိုင်ရေးအတွက်လုပ်ခလျှော့ချလိုနေမှုနဲ့အတူအေဒင်ဟာဇက်အားရောင်းချရန်စီစဉ်နေကြောင်းစပိန်မီဒီယာများကရေးသားနေပါတယ်။

ZawGyi

ကလပ္သစ္႐ိုးမားတြင္ ဒုကၡပင္လယ္ေဝေနတဲ့တပည့္ေဟာင္းႏွင့္လက္တြဲရန္ ေမာ္ရင္ဟိုစီစဥ္ေန

ဟိုေဆးေမာ္ရင္ဟိုရဲ႕အသင္းသစ္႐ိုးမားသို႔ေခၚယူရန္ရည္႐ြယ္ထားတဲ့ကစားသမားမ်ားတြင္ရီးရဲလ္မက္ဒရစ္တြင္ဒဏ္ရာျပႆနာမ်ားႏွင့္ရင္ဆိုင္ေနရတဲ့ေတာင္ပံတိုက္စစ္သမားေအဒင္ဟာဇက္ထိပ္ဆုံးမွပါဝင္ေနေၾကာင္းသိရပါတယ္။

ေပၚတူဂီလူမ်ိဳးနည္းျပဟာ၂၀၂၀-၂၁ေဘာလုံးရာသီမကုန္ဆုံးမီစပါးစ္နည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရသူျဖစ္ၿပီးလာမယ့္ရာသီတြင္႐ိုးမားကိုကိုင္တြယ္သြားပါမယ္။

သူဟာ၂၀၁၃ခုႏွစ္မွ၂၀၁၅ခုႏွစ္အထိခ်ဲလ္ဆီးအသင္းကိုဒုတိယအႀကိမ္ကိုင္တြယ္စဥ္ကလက္တြဲခဲ့တဲ့ေအဒင္ဟာဇက္ႏွင့္ျပန္လည္လက္တြဲလိုေနပါတယ္။

ဟာဇက္ဟာ၂၀၁၉ခုႏွစ္တြင္ခ်ဲလ္ဆီးမွရီးရဲလ္မက္ဒရစ္သို႔ယူ႐ိုသန္း၁၀၀ျဖင့္ေျပာင္းေ႐ႊ႕ကစားၿပီးေနာက္ကိုယ္အေလးခ်ိန္တက္မႈ၊ဒဏ္ရာျပႆနာမ်ားႏွင့္ရင္ဆိုင္လာခဲ့ရသူျဖစ္ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္တြင္ကစားတဲ့၂ရာသီအတြင္းတြင္လာလီဂါပြဲပြဲ၃၀တည္းသာကစားထားႏိုင္ၿပီး၂၀၂၀-၂၁ရာသီတြင္လာလီဂါပြဲ၂၁ပြဲတည္းသာကစားႏိုင္ခဲ့ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္မွာကစားတဲ့ႏွစ္ရာသီအတြင္းမွာငါးဂိုးတည္းသာသြင္းယူထားႏိုင္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာယခုေႏြရာသီတြင္အမ္ဘက္ပီအားေခၚယူႏိုင္ေရးအတြက္လုပ္ခေလွ်ာ့ခ်လိုေနမႈနဲ႔အတူေအဒင္ဟာဇက္အားေရာင္းခ်ရန္စီစဥ္ေနေၾကာင္းစပိန္မီဒီယာမ်ားကေရးသားေနပါတယ္။