ကလပ်သမိုင်းတွင် ပထမဆုံး Data Science ဒါရိုက်တာကို ခန့်အပ်လိုက်တဲ့ သရဲနီ

မန်ချက်စတာယူနိုက်တက်ဟာကလပ်သမိုင်းတွင် Data Science ဒါရိုက်တာအဖြစ်ဒိုမီနစ်ဂျော်ဒန်ကိုခန့်အပ်လိုက်ပါတယ်။

မန်ယူဟာနည်းပြအဖွဲ့နှင့်ကစားသမားများအားဘောလုံးကွင်းတွင်အောင်မြင်မှုရယူနိုင်ရေးရည်မှန်းချက်ဖြင့် အတွေ့အကြုံရင့်ကျက်တဲ့ Data Science ဒါရိုက်တာကိုခန့်အပ်လိုက်တာလည်းဖြစ်ပါတယ်။

ဒိုမီနစ်ဂျော်ဒန်ဟာနည်းပြဆိုးလ်ရှားနှင့်မန်ယူကစားသမားများအားပြိုင်ဘက်အသင်းကိုအနိုင်ယူနိုင်မယ့်အချက်အလက်များကိုထောက်ပံ့ပေးသွားရပါမယ်။

မန်ယူဘောလုံးဒါရိုက်တာမော်တော့ချ်က၎င်းတို့မှာကစားသမားများရဲ့ခြေစွမ်းနဲ့ကြံ့ခိုင်မှုပိုင်းအပြင်ပြိုင်ဘက်အသင်းအားကင်းထောက်မှု၊ကစားသမားခေါ်ဆောင်ရေးတို့အတွက် အချက်အလက်များကိုအသုံးပြုလာခဲ့ပြီးဖြစ်သော်လည်း ယခုအခါပိုမိုအဆင့်မြင့်ရမယ့်အချိန်သို့ရောက်လာပြီဖြစ်သောကြောင့် Data Science ဒါရိုက်တာအားခန့်အပ်လာခြင်းဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ဂျော်ဒန်ဟာမန်ချက်စတာအခြေစိုက် N Brown Group မှရောက်လာသူဖြစ်ပြီးမန်ယူပရိသတ်တစ်ဦးလည်းဖြစ်နေပြန်ရာအသင်းကိုအောင်မြင်မှုရရှိရေးအစွမ်းကုန်လုပ်ဆောင်ပေးရန်စိတ်အားထက်သန်နေပါတယ်။

ZawGyi

ကလပ္သမိုင္းတြင္ ပထမဆုံး Data Science ဒါ႐ိုက္တာကို ခန႔္အပ္လိုက္တဲ့ သရဲနီ

မန္ခ်က္စတာယူႏိုက္တက္ဟာကလပ္သမိုင္းတြင္ Data Science ဒါ႐ိုက္တာအျဖစ္ဒိုမီနစ္ေဂ်ာ္ဒန္ကိုခန႔္အပ္လိုက္ပါတယ္။

မန္ယူဟာနည္းျပအဖြဲ႕ႏွင့္ကစားသမားမ်ားအားေဘာလုံးကြင္းတြင္ေအာင္ျမင္မႈရယူႏိုင္ေရးရည္မွန္းခ်က္ျဖင့္ အေတြ႕အႀကဳံရင့္က်က္တဲ့ Data Science ဒါ႐ိုက္တာကိုခန႔္အပ္လိုက္တာလည္းျဖစ္ပါတယ္။

ဒိုမီနစ္ေဂ်ာ္ဒန္ဟာနည္းျပဆိုးလ္ရွားႏွင့္မန္ယူကစားသမားမ်ားအားၿပိဳင္ဘက္အသင္းကိုအႏိုင္ယူႏိုင္မယ့္အခ်က္အလက္မ်ားကိုေထာက္ပံ့ေပးသြားရပါမယ္။

မန္ယူေဘာလုံးဒါ႐ိုက္တာေမာ္ေတာ့ခ်္က၎တို႔မွာကစားသမားမ်ားရဲ႕ေျခစြမ္းနဲ႔ႀကံ့ခိုင္မႈပိုင္းအျပင္ၿပိဳင္ဘက္အသင္းအားကင္းေထာက္မႈ၊ကစားသမားေခၚေဆာင္ေရးတို႔အတြက္ အခ်က္အလက္မ်ားကိုအသုံးျပဳလာခဲ့ၿပီးျဖစ္ေသာ္လည္း ယခုအခါပိုမိုအဆင့္ျမင့္ရမယ့္အခ်ိန္သို႔ေရာက္လာၿပီျဖစ္ေသာေၾကာင့္ Data Science ဒါ႐ိုက္တာအားခန႔္အပ္လာျခင္းျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ေဂ်ာ္ဒန္ဟာမန္ခ်က္စတာအေျခစိုက္ N Brown Group မွေရာက္လာသူျဖစ္ၿပီးမန္ယူပရိသတ္တစ္ဦးလည္းျဖစ္ေနျပန္ရာအသင္းကိုေအာင္ျမင္မႈရရွိေရးအစြမ္းကုန္လုပ္ေဆာင္ေပးရန္စိတ္အားထက္သန္ေနပါတယ္။