ကလပ်သမိုင်းတွင် လုပ်ခအများဆုံးရရှိသူဖြစ်လာဖို့ တစ်ပတ်လုပ်ခပေါင် ၄ သိန်းနီးပါး အထိတောင်းလာတဲ့ ကြိုးကြာနီစူပါစတား

မိုဟာမက်ဆာလက်ဟာစာချုပ်သစ်အတွက်တစ်ပတ်လုပ်ခပေါင်၃၈၀၀၀၀အထိတိုးမြှင့်ပေးရန်လီဗာပူးအသင်းထံသို့တောင်းဆိုလိုက်ကြောင်းသိရပါတယ်။

အီဂျစ်စူပါစတားဟာလီဗာပူးအသင်းနှင့်၂၀၂၃ခုနှစ်တွင်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးလီဗာပူးသမိုင်းတွင်လုပ်ခအများဆုံးရရှိတဲ့ကစားသမားဖြစ်လာဖို့မျှော်လင့်နေပါတယ်။

အစောပိုင်းတုန်းကဆာလက်ရဲ့အေးဂျင့်များကစာချုပ်သစ်အတွက်တစ်ပတ်လုပ်ခပေါင်၅သိန်းအထိတိုးမြှင့်တောင်းဆိုခဲ့ကြောင်းသတင်းထွက်ခဲ့ပါသေးတယ်။

ဒါပေမယ့်ယနေ့မှာ The Indepedent ရဲ့ဖော်ပြချက်အရလီဗာပူးစတားဟာစာချုပ်သစ်အတွက်တစ်ပတ်လုပ်ခပေါင်၃၀၀၀၀၀မှ ပေါင်၃၈၀၀၀၀အတွင်းရရှိနေလိုကြောင်းသိရပါတယ်။

ဆာလက်ဟာယခုရာသီတွင်လည်းလီဗာပူးတွင်အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ်ခြေစွမ်းပြနေသူဖြစ်ပြီး၉ပွဲကစားထားရာတွင်၉ဂိုးသွင်းကာ၃ကြိမ်ဖန်တီးမှုပြုလုပ်ထားပါတယ်။

သူဟာ၂၀၁၇ခုနှစ်တွင်လီဗာပူးသို့ရောက်လာပြီးနောက်၂၁၂ပွဲကစားထားရာတွင်၁၃၄ဂိုးသွင်းပြီး၅၀ကြိမ်ဖန်တီးထားပါတယ်။

ZawGyi

ကလပ္သမိုင္းတြင္ လုပ္ခအမ်ားဆုံးရရွိသူျဖစ္လာဖို႔ တစ္ပတ္လုပ္ခေပါင္ ၄ သိန္းနီးပါး အထိေတာင္းလာတဲ့ ႀကိဳးၾကာနီစူပါစတား

မိုဟာမက္ဆာလက္ဟာစာခ်ဳပ္သစ္အတြက္တစ္ပတ္လုပ္ခေပါင္၃၈၀၀၀၀အထိတိုးျမႇင့္ေပးရန္လီဗာပူးအသင္းထံသို႔ေတာင္းဆိုလိုက္ေၾကာင္းသိရပါတယ္။

အီဂ်စ္စူပါစတားဟာလီဗာပူးအသင္းႏွင့္၂၀၂၃ခုႏွစ္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးလီဗာပူးသမိုင္းတြင္လုပ္ခအမ်ားဆုံးရရွိတဲ့ကစားသမားျဖစ္လာဖို႔ေမွ်ာ္လင့္ေနပါတယ္။

အေစာပိုင္းတုန္းကဆာလက္ရဲ႕ေအးဂ်င့္မ်ားကစာခ်ဳပ္သစ္အတြက္တစ္ပတ္လုပ္ခေပါင္၅သိန္းအထိတိုးျမႇင့္ေတာင္းဆိုခဲ့ေၾကာင္းသတင္းထြက္ခဲ့ပါေသးတယ္။

ဒါေပမယ့္ယေန႔မွာ The Indepedent ရဲ႕ေဖာ္ျပခ်က္အရလီဗာပူးစတားဟာစာခ်ဳပ္သစ္အတြက္တစ္ပတ္လုပ္ခေပါင္၃၀၀၀၀၀မွ ေပါင္၃၈၀၀၀၀အတြင္းရရွိေနလိုေၾကာင္းသိရပါတယ္။

ဆာလက္ဟာယခုရာသီတြင္လည္းလီဗာပူးတြင္အေရးပါတဲ့ကစားသမားတစ္ဦးအျဖစ္ေျခစြမ္းျပေနသူျဖစ္ၿပီး၉ပြဲကစားထားရာတြင္၉ဂိုးသြင္းကာ၃ႀကိမ္ဖန္တီးမႈျပဳလုပ္ထားပါတယ္။

သူဟာ၂၀၁၇ခုႏွစ္တြင္လီဗာပူးသို႔ေရာက္လာၿပီးေနာက္၂၁၂ပြဲကစားထားရာတြင္၁၃၄ဂိုးသြင္းၿပီး၅၀ႀကိမ္ဖန္တီးထားပါတယ္။