ကလပ်အမေရိကနှင့်ပွဲတွင် ချဲလ်ဆီးအတွက် လှပတဲ့အနိုင်ဂိုးသွင်းယူပြီးတဲ့နောက် နာမည်မှားထိုးခံခဲ့ရတဲ့ မေဆင်မောင့်

မေဆင်မောင့်ဟာယနေ့အစောပိုင်းတုန်းကအမေရိကန်တွင်ကလပ်အမေရိကနှင့်ခြေစမ်းပွဲတွင်ချဲလ်ဆီးအတွက်လှပတဲ့အနိုင်ဂိုးကိုသွင်းယူလိုက်ပြီးနောက် ကွင်းအတွင်းရှိကြီးမားတဲ့ Screen တွင်နာမည်မှားပြီးရေးသားခြင်းခံခဲ့ရပါတယ်။

ချဲလ်ဆီးဟာယနေ့အစောပိုင်းတုန်းကလော့စ်အိန်ဂျယ်လိစ်တွင်ကလပ်အမေရိကနှင့်ခြေစမ်းခဲ့ပြီးအထနှေးခဲ့ပေမဲ့၂-၁ဂိုးဖြင့်အနိုင်ရရှိကာရာသီကြိုခြေစမ်းပွဲအားအနိုင်ဖြင့်စတင်နိုင်ခဲ့ပါတယ်။

မေဆင်မောင့်ဟာချဲလ်ဆီးအတွက်အနိုင်ဂိုးကိုလှပစွာသွင်းယူနိုင်ခဲ့ပေမဲ့ထင်မှတ်ထားသလိုအသိအမှတ်ပြုခြင်းမခံခဲ့ရပါဘူး။

Alliegiant Stadium ကွင်းအတွင်းရှိကြီးမားတဲ့Screenတွင် အသက်၂၃နှစ်ရှိတိုက်စစ်သမားပြေးလွှားနေတဲ့ပုံရိပ်ကိုပြသကာ မေဆင်မောင့်အစား မေဆင်ဟန့်လို့မှားယွင်းဖော်ပြခဲ့ပါတယ်။

ချဲလ်ဆီးဟာပွဲချိန်၅၆မိနစ်တွင်တီမိုဝါနာရဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမဲ့၅မိနစ်အကြာမှာပဲရီစီဂျိမ်းစ်ရဲ့OG ဂိုးကြောင့်ချေပဂိုးပေးခဲ့ရပါတယ်။ဒါပေမဲ့ပွဲပြီးရင်၇မိနစ်အလိုတွင်မေဆင်မောင့်ကအနိုင်ဂိုးအားလှပစွာသွင်းယူခဲ့ပါတယ်။

ZawGyi

ကလပ္အေမရိကႏွင့္ပြဲတြင္ ခ်ဲလ္ဆီးအတြက္ လွပတဲ့အႏိုင္ဂိုးသြင္းယူၿပီးတဲ့ေနာက္ နာမည္မွားထိုးခံခဲ့ရတဲ့ ေမဆင္ေမာင့္

ေမဆင္ေမာင့္ဟာယေန႔အေစာပိုင္းတုန္းကအေမရိကန္တြင္ကလပ္အေမရိကႏွင့္ေျခစမ္းပြဲတြင္ခ်ဲလ္ဆီးအတြက္လွပတဲ့အႏိုင္ဂိုးကိုသြင္းယူလိုက္ၿပီးေနာက္ ကြင္းအတြင္းရွိႀကီးမားတဲ့ Screen တြင္နာမည္မွားၿပီးေရးသားျခင္းခံခဲ့ရပါတယ္။

ခ်ဲလ္ဆီးဟာယေန႔အေစာပိုင္းတုန္းကေလာ့စ္အိန္ဂ်ယ္လိစ္တြင္ကလပ္အေမရိကႏွင့္ေျခစမ္းခဲ့ၿပီးအထေႏွးခဲ့ေပမဲ့၂-၁ဂိုးျဖင့္အႏိုင္ရရွိကာရာသီႀကိဳေျခစမ္းပြဲအားအႏိုင္ျဖင့္စတင္ႏိုင္ခဲ့ပါတယ္။

ေမဆင္ေမာင့္ဟာခ်ဲလ္ဆီးအတြက္အႏိုင္ဂိုးကိုလွပစြာသြင္းယူႏိုင္ခဲ့ေပမဲ့ထင္မွတ္ထားသလိုအသိအမွတ္ျပဳျခင္းမခံခဲ့ရပါဘူး။

Alliegiant Stadium ကြင္းအတြင္းရွိႀကီးမားတဲ့Screenတြင္ အသက္၂၃ႏွစ္ရွိတိုက္စစ္သမားေျပးလႊားေနတဲ့ပုံရိပ္ကိုျပသကာ ေမဆင္ေမာင့္အစား ေမဆင္ဟန႔္လို႔မွားယြင္းေဖာ္ျပခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာပြဲခ်ိန္၅၆မိနစ္တြင္တီမိုဝါနာရဲ႕ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ေပမဲ့၅မိနစ္အၾကာမွာပဲရီစီဂ်ိမ္းစ္ရဲ႕OG ဂိုးေၾကာင့္ေခ်ပဂိုးေပးခဲ့ရပါတယ္။ဒါေပမဲ့ပြဲၿပီးရင္၇မိနစ္အလိုတြင္ေမဆင္ေမာင့္ကအႏိုင္ဂိုးအားလွပစြာသြင္းယူခဲ့ပါတယ္။