ကလပ်ဥက္ကဌနှင့် အလွန်ကောင်းမွန်တဲ့ ရင်းနှီးမှုရှိလို့ ဘာကာဂန္ထဝင်အပေါ်မှာ သံသယများစွာ ရှိနေတဲ့ ရော်နယ်ကိုးမန်း

ရော်နယ်ကိုးမန်းဟာဂါရတ်ပီကေးရဲ့ဘာစီလိုနာဥက္ကဌဂျိုဟန်လာပေါ်တာနှင့်အလွန်နီးကပ်တဲ့ ရင်းနှီးမှုများရှိနေမှုနဲ့အတူ သူ့အားချောက်ချလာမှာကိုအကြီးအကျယ်စိုးရိမ်ပူပန်နေပါတယ်။

ဘာစီလိုနာဟာလာလီဂါမှာအမှတ်ပေးဇယားအဆင့်၉နေရာသို့ရောက်နေပြီးချန်ပီယံလိဂ်တွင်အုပ်စုအောက်ဆုံးအဆင့်တွင်ရပ်တည်နေရပါတယ်။ဒါကြောင့်ကိုးမန်းဟာဘာစီလိုနာတွင်အနာဂတ်မရေမရာဖြစ်နေပါတယ်။

ကိုးမန်းဟာနွေရာသီတွင်မက်ဆီအပါအဝင်ပထမအသင်းကစားသမားအမြောက်အမြားတို့ကို ကလပ်ရဲ့ဘဏ္ဍာရေးပြဿနာကြောင့်ဆုံးရှုံးခဲ့ရပါတယ်။

စပိန်သတင်းစာ Marca ရဲ့ဖော်ပြချက်အရဒတ်ချ်လူမျိုးနည်းပြဟာအသက်၃၄နှစ်ရှိပီကေးရဲ့ ဥက္ကဌလာပေါ်တာနဲ့များစွာရင်းနှီးမှုများရှိမှုနဲ့အတူဘာစီလိုနာကစားသမားများအပေါ်ဩဇာလွှမ်းမိုးမှုများကြောင့်အကြီးအကျယ်စိုးရိမ်ပူပန်ကြောင်းသိရပါတယ်။

ပီကေးဟာယခုရာသီအသင်းရဲ့ရလဒ်ဆိုးရွားမှုများအပေါ်လူသိရှင်ကြားဝေဖန်လာခဲ့သူလည်းဖြစ်ပါတယ်။သူဟာစနေနေ့တုန်းကအက်သလက်တီကိုအား၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်ကစားဖော်ဘက်စကွက်နှင့်အချင်းများခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi





စပိန်သတင်းစာ Marca ရဲ့ဖော်ပြချက်အရဒတ်ခ်ျလူမျိုးနည်းပြဟာအသက်၃၄နှစ်ရှိပီကေးရဲ့ ဥက္ကဌလာပေါ်တာနဲ့များစွာရင်းနှီးမှုများရှိမှုနဲ့အတူဘာစီလိုနာကစားသမားများအပေါ်ဩဇာလွှမ်းမိုးမှုများကြောင့်အကြီးအကျယ်စိုးရိမ်ပူပန်ကြောင်းသိရပါတယ်။
