
အမ်းမရိတ်၊စတမ်းဖို့ဒ်ဘရစ်ချ်၊အန်ဖီးလ်နှင့်အီတီဟတ်တို့တွင်ဂိုးသွင်းယူခဲ့တဲ့ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်းတစ်ဦးဟာဘောလုံးလောကမှအနားယူပြီးတဲ့နောက်ပရော်ဖက်ရှင်နယ်နပန်းသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။
အသက်၄၁နှစ်ရှိတိုက်စစ်မှူးဟောင်းဟာ၅၆၂ပွဲတွင်၁၈၅ဂိုးသွင်းခဲ့သူဖြစ်ပြီးယင်းမှ၂၄ဂိုးကပရီးမီးယားလိဂ်တွင်သွင်းယူခဲ့တာဖြစ်ပါတယ်။
ဂရန့်ဟော့ဟာနော့ဝှစ်ချ်စီးတီးတွင်အဓိကကစားခဲ့တာဖြစ်ပြီး၁၆၈ပွဲကစားခဲ့ကာ၂၀၁၀ခုနှစ်တုန်းကလိဂ်၁ ချန်ပီယံဖြစ်အောင်အဓိကနေရာမှကူညီခဲ့ပါတယ်။
သူဟာစီနီယာအဆင့်တွင်ကလပ်ပေါင်း၁၈ခုမှာကစားခဲ့ပြီးကစားသမားဘဝနှောင်းပိုင်းကိုလိဂ်၁၊စကော့တလန်ချန်ပီယံရှစ်၊နေးရှင်းနယ်လိဂ်တို့တွင်ကျင်လည်ခဲ့တာဖြစ်ပါတယ်။
သူဟာ၂၀၁၈ခုနှစ်မှာတော့ကစားသမားဘဝမှအနားယူခဲ့ပါတယ်။ဒါပေမဲ့သူဟာချက်ချင်းဆိုသလိုနပန်းလောကသို့ဝင်ရောက်ခဲ့ပါတယ်။
၂၀၁၈ခုနှစ်၊မေလမှာသူဟာ WWE နှင့်စာချုပ်ချုပ်ဆိုခဲ့ပြီး WWE ရဲ့Fightmare တွင်နပန်းပွဲထွက်ခဲ့ပါတယ်။
သူဟာရန်ပုံငွေပွဲတစ်ခုအတွက် WWE ရဲ့ကမ်းလှမ်းမှုရရှိပြီးတဲ့နောက် ၂၀၁၈ခုနှစ်မှာပင် Royal Rumble မှာနိုင်ပွဲစတင်ရရှိခဲ့ပါတယ်။
အရပ်၆ပေ၊၁လက်မရှိဂရန့်ဟော့ဟာ WWE တွင် သူ့ရဲ့နာမည်ကျော် အဆံဒးသတ်တိုက်ကွက်Soccer Kick အမည်ဖြင့်နာမည်ကြီးသူလည်းဖြစ်ပါတယ်။
ZawGyi
ကလပ် ၁၈ ခုအတွက် ၁၈၅ ဂိုးသွင်းပြီးနောက် နပန်းကြိုးဝိုင်းသို့ ဝင်လာခဲ့တဲ့ ပရီးမီးယားလိဂ်စတားဟောင်း
အမ်းမရိတ်၊စတမ်းဖို့ဒ်ဘရစ်ခ်ျ၊အန်ဖီးလ်နှင့်အီတီဟတ်တို့တွင်ဂိုးသွင်းယူခဲ့တဲ့ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်းတစ်ဦးဟာဘောလုံးလောကမှအနားယူပြီးတဲ့နောက်ပရော်ဖက်ရှင်နယ်နပန်းသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။
ဂရန့်ဟော့ဟာနော့ဝှစ်ခ်ျစီးတီးတွင်အဓိကကစားခဲ့တာဖြစ်ပြီး၁၆၈ပွဲကစားခဲ့ကာ၂၀၁၀ခုနှစ်တုန်းကလိဂ်၁ ချန်ပီယံဖြစ်အောင်အဓိကနေရာမှကူညီခဲ့ပါတယ်။