ကလော့ပ်ကို ပြန်ကစ်တဲ့အပြင် မန်စီးတီးနဲ့ချဲလ်ဆီးကိုလည်း အရှိုက်ထိုးလိုက်တဲ့ ဆိုးလ်ရှား

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာမန်ယူရဲ့နွေရာသီအပြောင်းအရွှေ့လှုပ်ရှားမှုများကိုရည်ရွယ်ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ လီဗာပူးနည်းပြကလော့ပ်ကိုပြန်ကစ်လိုက်ပါတယ်။

ဒါ့အပြင်မန်ယူနည်းပြဟာပရီးမီးယားလိဂ်ပြိုင်ဘက်များဖြစ်ကြတဲ့မန်စီးတီးနှင့်ချဲလ်ဆီးအသင်းကိုလည်းတိုက်ခိုက်ပြောကြားမှုပြုလုပ်ခဲ့ပါတယ်။

ဘန်လေနှင့်ပွဲမတိုင်မီတုန်းကကလော့ပ်က မန်ယူရဲ့ပြောင်းရွှေ့ကြေးများစွာသုံးစွဲနေမှုနဲ့ပတ်သက်ပြီး “မန်ယူ ဘာတွေလုပ်နေသလဲ၊သူတို့ဘယ်လိုဖြစ်ပြီးလုပ်နိုင်သလဲ ကျွန်တော်မသိပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ဒါကြောင့်လည်းဆိုးလ်ရှားက၎င်းမှာလျှပ်စစ်ကားမောင်းနှင်နေရသူဖြစ်ကြောင်းဟာသနှောပြောကြားကာရေနံသူဌေးပိုင်ကလပ်များဖြစ်တဲ့မန်စီးတီးနှင့်ချဲလ်ဆီးကိုလည်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ဆိုးလ်ရှားက “ကျွန်တော်တို့ဟာကောင်းကောင်းလေးချီတက်နေတဲ့ကလပ်တစ်ခုဖြစ်ပါတယ်။ပရိသတ်တွေလည်းအများကြီးရှိတယ်။စပွန်ဆာစာချုပ်ကောင်းကောင်းတွေလည်းရှိပါတယ်။ကျွန်တော်တို့ငွေတွေဘယ်လိုရလဲ။မန်နေဂျာတစ်ယောက်အနေနဲ့ပိုပြီးတော့တောင်သိချင်ပါသေးတယ်။တစ်ခါတစ်လေဘာမှမသိလိုက်ဘူး။အခြားကလပ်တွေကတော့ကွဲပြားတဲ့စနစ်နဲ့သွားပါတယ်။ကျွန်တော်ကလျှပ်စစ်ကားတွေဝယ်ပြီးစတင်ခဲ့တာပါ။ဒါကတော့အခုအခြေအနေနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာပါ”လို့ပြောကြားသွားပါတယ်။

ဆိုးလ်ရှားရဲ့မန်ယူဟာပရီးမီးယားလိဂ်အဖွင့်ပွဲတွင်လိဒ်ကို၅-၁ဂိုးနဲ့အနိုင်ရရှိပြီးအဖွင့်လှခဲ့ပါတယ်။၎င်းတို့ဟာယနေ့ညမှာဆောက်သမ်တန်နှင့်ရင်ဆိုင်ရပါမယ်။

ZawGyi

ကေလာ့ပ္ကို ျပန္ကစ္တဲ့အျပင္ မန္စီးတီးနဲ႔ခ်ဲလ္ဆီးကိုလည္း အရႈိက္ထိုးလိုက္တဲ့ ဆိုးလ္ရွား

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားဟာမန္ယူရဲ႕ေႏြရာသီအေျပာင္းအေ႐ႊ႕လႈပ္ရွားမႈမ်ားကိုရည္႐ြယ္ပစ္မွတ္ထားတိုက္ခိုက္ခဲ့တဲ့ လီဗာပူးနည္းျပကေလာ့ပ္ကိုျပန္ကစ္လိုက္ပါတယ္။

ဒါ့အျပင္မန္ယူနည္းျပဟာပရီးမီးယားလိဂ္ၿပိဳင္ဘက္မ်ားျဖစ္ၾကတဲ့မန္စီးတီးႏွင့္ခ်ဲလ္ဆီးအသင္းကိုလည္းတိုက္ခိုက္ေျပာၾကားမႈျပဳလုပ္ခဲ့ပါတယ္။

ဘန္ေလႏွင့္ပြဲမတိုင္မီတုန္းကကေလာ့ပ္က မန္ယူရဲ႕ေျပာင္းေ႐ႊ႕ေၾကးမ်ားစြာသုံးစြဲေနမႈနဲ႔ပတ္သက္ၿပီး “မန္ယူ ဘာေတြလုပ္ေနသလဲ၊သူတို႔ဘယ္လိုျဖစ္ၿပီးလုပ္ႏိုင္သလဲ ကြၽန္ေတာ္မသိပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါေၾကာင့္လည္းဆိုးလ္ရွားက၎မွာလွ်ပ္စစ္ကားေမာင္းႏွင္ေနရသူျဖစ္ေၾကာင္းဟာသေႏွာေျပာၾကားကာေရနံသူေဌးပိုင္ကလပ္မ်ားျဖစ္တဲ့မန္စီးတီးႏွင့္ခ်ဲလ္ဆီးကိုလည္းတိုက္ခိုက္မႈျပဳလုပ္ခဲ့ပါတယ္။

ဆိုးလ္ရွားက “ကြၽန္ေတာ္တို႔ဟာေကာင္းေကာင္းေလးခ်ီတက္ေနတဲ့ကလပ္တစ္ခုျဖစ္ပါတယ္။ပရိသတ္ေတြလည္းအမ်ားႀကီးရွိတယ္။စပြန္ဆာစာခ်ဳပ္ေကာင္းေကာင္းေတြလည္းရွိပါတယ္။ကြၽန္ေတာ္တို႔ေငြေတြဘယ္လိုရလဲ။မန္ေနဂ်ာတစ္ေယာက္အေနနဲ႔ပိုၿပီးေတာ့ေတာင္သိခ်င္ပါေသးတယ္။တစ္ခါတစ္ေလဘာမွမသိလိုက္ဘူး။အျခားကလပ္ေတြကေတာ့ကြဲျပားတဲ့စနစ္နဲ႔သြားပါတယ္။ကြၽန္ေတာ္ကလွ်ပ္စစ္ကားေတြဝယ္ၿပီးစတင္ခဲ့တာပါ။ဒါကေတာ့အခုအေျခအေနနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္ေျပာခ်င္တာပါ”လို႔ေျပာၾကားသြားပါတယ္။

ဆိုးလ္ရွားရဲ႕မန္ယူဟာပရီးမီးယားလိဂ္အဖြင့္ပြဲတြင္လိဒ္ကို၅-၁ဂိုးနဲ႔အႏိုင္ရရွိၿပီးအဖြင့္လွခဲ့ပါတယ္။၎တို႔ဟာယေန႔ညမွာေဆာက္သမ္တန္ႏွင့္ရင္ဆိုင္ရပါမယ္။