ကလော့ပ်ဆိုပြီး သတင်းထောက်ကို အရှုးလုပ်ခဲ့တဲ့ ရုပ်ခြင်း ခွဲမရအောင်တူတဲ့ပရိသတ်မှာ သန်းကြွယ်သူဌေးတစ်ဦးဖြစ်နေ

သတင်းထောက်တစ်ဦးကို ဂျာဂျင်ကလော့ပ်ဆိုပြီးအရှုးလုပ်ခဲ့တဲ့ ကလော့ပ်နဲ့တူသူအင်္ဂလန်ပရိသတ်မှာသန်းကြွယ်သူဌေးတစ်ဦးဖြစ်ကြောင်းသိရပါတယ်။

ရေးကွန်ဝဲလ်ဟာလီဗာပူးနည်းပြကလော့ပ်နဲ့ရုပ်တူသူဖြစ်ပြီးကလော့ပ်ကဲ့သို့ဝတ်ဆင်ကာ ဝင်ဘာလေကွင်းအပြင်ဘက်မှာအခြားပရိသတ်များနှင့်အတူအင်္ဂလန်-ဂျာမနီပွဲကိုအားပေးခဲ့ပါတယ်။

ကလော့ပ်ရုပ်အရမ်းတူတဲ့သူဟာဘီယာသောက်ပြီးသီချင်းသီဆိုအားပေးနေခဲ့ကာ ITV သတင်းထောက်ဂျိုနသန်ဆွန်းကလီဗာပူးနည်းပြလို့ယူဆကာအင်တာဗျူးလုပ်ခဲ့ပါသေးတယ်။

ဆိုရှယ်မီဒီယာမှာသူ့ရဲ့ဓာတ်ပုံတွေအကြီးအကျယ်ပြန့်နှံ့ခဲ့ပေမယ့်နောက်ဆုံးမှာသူက ကလော့ပ်ရုပ်တူသူသာဖြစ်ကြောင်းသိရချိန်မှာတော့ဂျိုနသန်ဆွန်းတစ်ယောက်အရှက်ကွဲခဲ့ပါတယ်။

ကလော့ပ်နဲ့တူတဲ့သူကဘယ်သူလဲ?

သူကလန်ဒန်ရှိဘလွမ်းဘူရီကအောင်မြင်တဲ့ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။သူဟာပြင်သစ်နှင့်မော်ရိုကိုတို့မှာဟိုတယ်တစ်လုံးစီပိုင်ဆိုင်တဲ့အပြင်ဗြိတိန်တလွှားမှာလည်းအောင်မြင်တဲ့မက္ကဆီကိုစားသောက်ဆိုင်များကိုပိုင်ဆိုင်သူဖြစ်ပါတယ်။ဒါ့အပြင်သူဟာရှေးဟောင်းကားများငှားရမ်းတဲ့လုပ်ငန်းတစ်ခုကိုလည်းပိုင်ဆိုင်ပါသေးတယ်။

ZawGyi

ကေလာ့ပ္ဆိုၿပီး သတင္းေထာက္ကို အရႈးလုပ္ခဲ့တဲ့ ႐ုပ္ျခင္း ခြဲမရေအာင္တူတဲ့ပရိသတ္မွာ သန္းႂကြယ္သူေဌးတစ္ဦးျဖစ္ေန

သတင္းေထာက္တစ္ဦးကို ဂ်ာဂ်င္ကေလာ့ပ္ဆိုၿပီးအရႈးလုပ္ခဲ့တဲ့ ကေလာ့ပ္နဲ႔တူသူအဂၤလန္ပရိသတ္မွာသန္းႂကြယ္သူေဌးတစ္ဦးျဖစ္ေၾကာင္းသိရပါတယ္။

ေရးကြန္ဝဲလ္ဟာလီဗာပူးနည္းျပကေလာ့ပ္နဲ႔႐ုပ္တူသူျဖစ္ၿပီးကေလာ့ပ္ကဲ့သို႔ဝတ္ဆင္ကာ ဝင္ဘာေလကြင္းအျပင္ဘက္မွာအျခားပရိသတ္မ်ားႏွင့္အတူအဂၤလန္-ဂ်ာမနီပြဲကိုအားေပးခဲ့ပါတယ္။

ကေလာ့ပ္႐ုပ္အရမ္းတူတဲ့သူဟာဘီယာေသာက္ၿပီးသီခ်င္းသီဆိုအားေပးေနခဲ့ကာ ITV သတင္းေထာက္ဂ်ိဳနသန္ဆြန္းကလီဗာပူးနည္းျပလို႔ယူဆကာအင္တာဗ်ဴးလုပ္ခဲ့ပါေသးတယ္။

ဆိုရွယ္မီဒီယာမွာသူ႔ရဲ႕ဓာတ္ပုံေတြအႀကီးအက်ယ္ျပန႔္ႏွံ႔ခဲ့ေပမယ့္ေနာက္ဆုံးမွာသူက ကေလာ့ပ္႐ုပ္တူသူသာျဖစ္ေၾကာင္းသိရခ်ိန္မွာေတာ့ဂ်ိဳနသန္ဆြန္းတစ္ေယာက္အရွက္ကြဲခဲ့ပါတယ္။

ကေလာ့ပ္နဲ႔တူတဲ့သူကဘယ္သူလဲ?

သူကလန္ဒန္ရွိဘလြမ္းဘူရီကေအာင္ျမင္တဲ့ေဆာက္လုပ္ေရးကုမၸဏီတစ္ခုပိုင္ရွင္တစ္ဦးျဖစ္ပါတယ္။သူဟာျပင္သစ္ႏွင့္ေမာ္႐ိုကိုတို႔မွာဟိုတယ္တစ္လုံးစီပိုင္ဆိုင္တဲ့အျပင္ၿဗိတိန္တလႊားမွာလည္းေအာင္ျမင္တဲ့မကၠဆီကိုစားေသာက္ဆိုင္မ်ားကိုပိုင္ဆိုင္သူျဖစ္ပါတယ္။ဒါ့အျပင္သူဟာေရွးေဟာင္းကားမ်ားငွားရမ္းတဲ့လုပ္ငန္းတစ္ခုကိုလည္းပိုင္ဆိုင္ပါေသးတယ္။