ကလော့ပ်ရဲ့အိမ်ကို အမှိုက်ပုံဖြစ်အောင်လုပ်ခဲ့ဖူးတဲ့ ကစားသမားကို ခေါ်ယူရန် လီဗာပူးကြိုးပမ်းနေ

လီဗာပူးဟာတစ်ချိန်တုန်းကနည်းပြဂျာဂင်ကလော့ပ်ရဲ့နေအိမ်ကိုအမှိုက်ပုံဖြစ်အောင် တမင်လုပ်ခဲ့ဖူးတဲ့ဘာစီလိုနာစတားအူစမာနီဒမ်ဘီလီကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။

ပြင်သစ်တောင်ပံကစားသမားဟာဒေါ့မွန်တွင်ဂျာဂင်ကလော့ပ်လက်အောက်တွင်ကစားခဲ့ဖူးသူဖြစ်ပြီး၂၀၁၇ခုနှစ်တုန်းကဘာစီလိုနာသို့ပေါင်၉၇သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။ဘာစီလိုနာဟာပီအက်စ်ဂျီသို့ပေါင်၁၉၈သန်းဖြင့်ရောင်းချလိုက်တဲ့နေမာနေရာတွင်အစားထိုးရန်ဒမ်ဘီလီကိုခေါ်ယူခဲ့တာပါ။

ဒါပေမယ့်ဒမ်ဘီလီဟာဘာစီလိုနာသို့ရောက်လာပြီးနောက်ထင်မှတ်ထားသလိုမဖြစ်လာဘဲဒဏ်ရာပြဿနာများနှင့်သာနပန်းလုံးနေခဲ့ရပါတယ်။

အသက်၂၄နှစ်ရှိပြင်သစ်လက်ရွေးစင်ကစားသမားဟာယခုရာသီအကုန်တွင်ဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးလာမယ့်ဇန်နဝါရီလ၁ရက်နေ့မှစတင်ကာနိုင်ငံခြားကလပ်တစ်ခုနှင့်အကြိုစာချုပ်ချုပ်ဆိုခွင့်ရှိနေပါတယ်။

ဂျာဂင်ကလော့ပ်ဟာ ဒေါ့မွန်တွင်ကစားစဉ်တုန်းကနောက်ဆုံးရက်သတ္တပတ်များတွင်သူ့အိမ်ကိုအမှိုက်ဖွခဲ့သော်လည်းဒမ်ဘီလီကိုခေါ်ယူရန်စိတ်ဝင်စားနေတာပါ။

Bild ရဲ့ဖော်ပြချက်အရဒမ်ဘီလီဟာဒေါ့မွန်တွင်ကစားစဉ်တုန်းကဂျာဂင်ကလော့ပ်ရဲ့နေအိမ်ကိုငှားရမ်းနေထိုင်ခဲ့ပါတယ်။သူဟာဘာစီလိုနာကသူ့ကိုခေါ်ယူမယ်လို့သိရပြီးနောက်အသင်းပြောင်းခွင့်ရရှိရေးအတွက်အစွမ်းကုန်မိုက်ရူးရဲဆန်ဆန်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒမ်ဘီလီဟာဘာစီလိုနာသို့ပြောင်းခွင့်ရရှိရေးအတွက်လေ့ကျင့်ခန်းဆင်းရန်ငြင်းဆိုခဲ့သလိုကလော့ပ်ပိုင်တဲ့နေအိမ်ကိုလည်းအမှိုက်ဖွခဲ့ပါတယ်။သူဟာအမှိုက်ထုပ်များကိုပန်းခြံရှေ့တွင်ပုံပြီးထားခဲ့သလိုအဝတ်အစားများနှင့်အိမ်အသုံးအဆောင်ပစ္စည်းများကိုဖြစ်ကတတ်ဆန်းလုပ်ခဲ့ပါတယ်။

သူဟာအမှိုက်ထုပ်များကိုပန်းခြံရှိထိုင်ခုံနားတွင်ထားခဲ့သလိုအတွင်းခံဘောင်းဘီများ၊အဝတ်အစားများကိုလည်းယင်းတွင်ပင်ဖြန့်ကျဲထားခဲ့ပါတယ်။

ကလော့ပ်ဟာသူ့နေအိမ်ကိုယင်းသို့အမှိုက်ပုံကဲ့သို့ဖွထားခဲ့မှုအတွက်ဒမ်ဘီလီကိုအကြီးအကျယ်ဒေါသထွက်ခဲ့ကြောင်းလည်းသိရပါတယ်။

ဒါပေမယ့်ယင်းသို့အတိတ်ကဖြစ်ပျက်ခဲ့မှုကဂျာဂင်ကလော့ပ်အားဒမ်ဘီလီအားခေါ်ယူစိတ်အတွက်အတားအဆီးမဖြစ်စေပါဘူး။ကလော့ပ်ဟာဒမ်ဘီလီအားခေါ်ယူရေးအတွက်အစီအစဉ်ဆွဲနေပြီဖြစ်ပါတယ်။

ZawGyi

ကေလာ့ပ္ရဲ႕အိမ္ကို အမႈိက္ပုံျဖစ္ေအာင္လုပ္ခဲ့ဖူးတဲ့ ကစားသမားကို ေခၚယူရန္ လီဗာပူးႀကိဳးပမ္းေန

လီဗာပူးဟာတစ္ခ်ိန္တုန္းကနည္းျပဂ်ာဂင္ကေလာ့ပ္ရဲ႕ေနအိမ္ကိုအမႈိက္ပုံျဖစ္ေအာင္ တမင္လုပ္ခဲ့ဖူးတဲ့ဘာစီလိုနာစတားအူစမာနီဒမ္ဘီလီကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူရန္စိတ္ဝင္စားေနေၾကာင္းသိရပါတယ္။

ျပင္သစ္ေတာင္ပံကစားသမားဟာေဒါ့မြန္တြင္ဂ်ာဂင္ကေလာ့ပ္လက္ေအာက္တြင္ကစားခဲ့ဖူးသူျဖစ္ၿပီး၂၀၁၇ခုႏွစ္တုန္းကဘာစီလိုနာသို႔ေပါင္၉၇သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။ဘာစီလိုနာဟာပီအက္စ္ဂ်ီသို႔ေပါင္၁၉၈သန္းျဖင့္ေရာင္းခ်လိုက္တဲ့ေနမာေနရာတြင္အစားထိုးရန္ဒမ္ဘီလီကိုေခၚယူခဲ့တာပါ။

ဒါေပမယ့္ဒမ္ဘီလီဟာဘာစီလိုနာသို႔ေရာက္လာၿပီးေနာက္ထင္မွတ္ထားသလိုမျဖစ္လာဘဲဒဏ္ရာျပႆနာမ်ားႏွင့္သာနပန္းလုံးေနခဲ့ရပါတယ္။

အသက္၂၄ႏွစ္ရွိျပင္သစ္လက္ေ႐ြးစင္ကစားသမားဟာယခုရာသီအကုန္တြင္ဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးလာမယ့္ဇန္နဝါရီလ၁ရက္ေန႔မွစတင္ကာႏိုင္ငံျခားကလပ္တစ္ခုႏွင့္အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုခြင့္ရွိေနပါတယ္။

ဂ်ာဂင္ကေလာ့ပ္ဟာ ေဒါ့မြန္တြင္ကစားစဥ္တုန္းကေနာက္ဆုံးရက္သတၱပတ္မ်ားတြင္သူ႔အိမ္ကိုအမႈိက္ဖြခဲ့ေသာ္လည္းဒမ္ဘီလီကိုေခၚယူရန္စိတ္ဝင္စားေနတာပါ။

Bild ရဲ႕ေဖာ္ျပခ်က္အရဒမ္ဘီလီဟာေဒါ့မြန္တြင္ကစားစဥ္တုန္းကဂ်ာဂင္ကေလာ့ပ္ရဲ႕ေနအိမ္ကိုငွားရမ္းေနထိုင္ခဲ့ပါတယ္။သူဟာဘာစီလိုနာကသူ႔ကိုေခၚယူမယ္လို႔သိရၿပီးေနာက္အသင္းေျပာင္းခြင့္ရရွိေရးအတြက္အစြမ္းကုန္မိုက္႐ူးရဲဆန္ဆန္လုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ဒမ္ဘီလီဟာဘာစီလိုနာသို႔ေျပာင္းခြင့္ရရွိေရးအတြက္ေလ့က်င့္ခန္းဆင္းရန္ျငင္းဆိုခဲ့သလိုကေလာ့ပ္ပိုင္တဲ့ေနအိမ္ကိုလည္းအမႈိက္ဖြခဲ့ပါတယ္။သူဟာအမႈိက္ထုပ္မ်ားကိုပန္းၿခံေရွ႕တြင္ပုံၿပီးထားခဲ့သလိုအဝတ္အစားမ်ားႏွင့္အိမ္အသုံးအေဆာင္ပစၥည္းမ်ားကိုျဖစ္ကတတ္ဆန္းလုပ္ခဲ့ပါတယ္။

သူဟာအမႈိက္ထုပ္မ်ားကိုပန္းၿခံရွိထိုင္ခုံနားတြင္ထားခဲ့သလိုအတြင္းခံေဘာင္းဘီမ်ား၊အဝတ္အစားမ်ားကိုလည္းယင္းတြင္ပင္ျဖန႔္က်ဲထားခဲ့ပါတယ္။

ကေလာ့ပ္ဟာသူ႔ေနအိမ္ကိုယင္းသို႔အမႈိက္ပုံကဲ့သို႔ဖြထားခဲ့မႈအတြက္ဒမ္ဘီလီကိုအႀကီးအက်ယ္ေဒါသထြက္ခဲ့ေၾကာင္းလည္းသိရပါတယ္။

ဒါေပမယ့္ယင္းသို႔အတိတ္ကျဖစ္ပ်က္ခဲ့မႈကဂ်ာဂင္ကေလာ့ပ္အားဒမ္ဘီလီအားေခၚယူစိတ္အတြက္အတားအဆီးမျဖစ္ေစပါဘူး။ကေလာ့ပ္ဟာဒမ္ဘီလီအားေခၚယူေရးအတြက္အစီအစဥ္ဆြဲေနၿပီျဖစ္ပါတယ္။