ကလော့ပ်၊ဂွါဒီယိုလာအပါအဝင် မည်သူ့ကိုမှမကြောက်လို့ စတီဗင်ဂျရတ်ပြောကြား

စတီဗင်ဂျရတ်ကပရီးမီးယားလိဂ်မှထိပ်သီးနည်းပြများနှင့်ထိပ်တိုက်ရင်ဆိုင်ရန်မကြောက်လန့်ကြောင်းပြောကြားလိုက်ပါတယ်။

အသက်၄၁နှစ်ရှိဗီလာနည်းပြသစ်ဟာမန်စီးတီးနည်းပြဂွါဒီယိုလာ၊လီဗာပူးနည်းပြကလော့ပ်တို့နှင့်ရင်ဆိုင်ရရန်မစောင့်နိုင်တော့အောင်ဖြစ်နေပါတယ်။ဂျရတ်ရဲ့ဗီလာဟာလာမယ့်လမှာမန်စီးတီး၊လီဗာပူးတို့နှင့်ရင်ဆိုင်ရပါမယ်။

စနေနေ့တွင်ဘရိုက်တန်နှင့်ပွဲမှာပထမဆုံးဗီလာပွဲအဖြစ်ကိုင်တွယ်မယ့်စတီဗင်ဂျရတ်က “စိန်ခေါ်မှုရဲ့အရွယ်အစားကကြီးမားပါတယ်။ဒီတော့ပိုပြီးတော့တောင်စိတ်လှုပ်ရှားရပါတယ်။ဒီလိဂ်ကကမ္ဘာ့အကောင်းဆုံးလိဂ်ပါ။ဒီတော့အကောင်းဆုံးအသင်းတွေနဲ့အကောင်းဆုံးနည်းပြတွေရှိပါတယ်။ခက်ခဲတယ်ဆိုတာလက်ခံပါတယ်။ကြောက်လန့်ဖို့ထက်ပိုပြီးတော့တောင်စိတ်လှုပ်ရှားရပါတယ်။ဒီအလုပ်အတွက်သင့်တော်မှန်ကန်တဲ့သူဖြစ်ကြောင်းသက်သေဖို့လည်းအဆင်သင့်ဖြစ်နေပါပြီ။လူတွေအများကြီးကျွန်တော့်အပေါ်ဖိအားပေးလာကြမှာပါ။ဒါပေမယ့်မစောင့်နိုင်အောင်ဖြစ်နေပါပြီ”လို့ပြောကြားသွားပါတယ်။

စတီဗင်ဂျရတ်ဟာဗီလာအတွက်ပထမဆုံး၅ပွဲအဖြစ်ဘရိုက်တန်(အိမ်)၊ခရစ္စတယ်ပဲလေ့စ်(အဝေး)၊မန်စီးတီး(အိမ်)၊လက်စတာ(အိမ်)နှင့်လီဗာပူး(အဝေး)တို့ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ကေလာ့ပ္၊ဂြါဒီယိုလာအပါအဝင္ မည္သူ႔ကိုမွမေၾကာက္လို႔ စတီဗင္ဂ်ရတ္ေျပာၾကား

စတီဗင္ဂ်ရတ္ကပရီးမီးယားလိဂ္မွထိပ္သီးနည္းျပမ်ားႏွင့္ထိပ္တိုက္ရင္ဆိုင္ရန္မေၾကာက္လန႔္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္၄၁ႏွစ္ရွိဗီလာနည္းျပသစ္ဟာမန္စီးတီးနည္းျပဂြါဒီယိုလာ၊လီဗာပူးနည္းျပကေလာ့ပ္တို႔ႏွင့္ရင္ဆိုင္ရရန္မေစာင့္ႏိုင္ေတာ့ေအာင္ျဖစ္ေနပါတယ္။ဂ်ရတ္ရဲ႕ဗီလာဟာလာမယ့္လမွာမန္စီးတီး၊လီဗာပူးတို႔ႏွင့္ရင္ဆိုင္ရပါမယ္။

စေနေန႔တြင္ဘ႐ိုက္တန္ႏွင့္ပြဲမွာပထမဆုံးဗီလာပြဲအျဖစ္ကိုင္တြယ္မယ့္စတီဗင္ဂ်ရတ္က “စိန္ေခၚမႈရဲ႕အ႐ြယ္အစားကႀကီးမားပါတယ္။ဒီေတာ့ပိုၿပီးေတာ့ေတာင္စိတ္လႈပ္ရွားရပါတယ္။ဒီလိဂ္ကကမာၻ႔အေကာင္းဆုံးလိဂ္ပါ။ဒီေတာ့အေကာင္းဆုံးအသင္းေတြနဲ႔အေကာင္းဆုံးနည္းျပေတြရွိပါတယ္။ခက္ခဲတယ္ဆိုတာလက္ခံပါတယ္။ေၾကာက္လန႔္ဖို႔ထက္ပိုၿပီးေတာ့ေတာင္စိတ္လႈပ္ရွားရပါတယ္။ဒီအလုပ္အတြက္သင့္ေတာ္မွန္ကန္တဲ့သူျဖစ္ေၾကာင္းသက္ေသဖို႔လည္းအဆင္သင့္ျဖစ္ေနပါၿပီ။လူေတြအမ်ားႀကီးကြၽန္ေတာ့္အေပၚဖိအားေပးလာၾကမွာပါ။ဒါေပမယ့္မေစာင့္ႏိုင္ေအာင္ျဖစ္ေနပါၿပီ”လို႔ေျပာၾကားသြားပါတယ္။

စတီဗင္ဂ်ရတ္ဟာဗီလာအတြက္ပထမဆုံး၅ပြဲအျဖစ္ဘ႐ိုက္တန္(အိမ္)၊ခရစၥတယ္ပဲေလ့စ္(အေဝး)၊မန္စီးတီး(အိမ္)၊လက္စတာ(အိမ္)ႏွင့္လီဗာပူး(အေဝး)တို႔ရင္ဆိုင္ကစားရပါမယ္။