ကလေးကိုပါ ငရုပ်ကောင်းမှုန့်ဖြင့် ဖြုန်းခဲ့တဲ့ ပြင်သစ်ရဲတပ်ဖွဲ့

အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့တုန်လှုပ်စရာဗီဒီယိုဖိုင်တစ်ခုတွင်ပြင်သစ်ရဲတပ်ဖွဲ့ဟာချန်ပီယံလိဂ်ဗိုလ်လုပွဲရုန်းရင်းဆန်ခတ်မှုတွင်ကလေးငယ်တစ်ဦးကိုပါငရုပ်ကောင်းမှုန့်ဖြင့်ဖြန်းခဲ့တာတွေ့ရပါတယ်။

မနေ့ညတုန်းကရီးရဲလ်မက်ဒရစ်နှင့်လီဗာပူးတို့ရဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်လုံခြုံရေးပြဿနာကြောင့်ပွဲကို၃၆မိနစ်ရွှေ့ဆိုင်းခဲ့ရပါတယ်။

လက်မှတ်မရှိတဲ့ပရိသတ်များဟာကွင်းအတွင်းသို့ခြံစည်းရိုးကျော်ကာကျော်ဖြတ်ခဲ့ကြတဲ့အပြင်ကွင်းအတွင်းမဝင်ရောက်နိုင်မှုတဲ့လီဗာပူးပရိသတ်တို့ အတင်းဝင်ရန်ကြိုးပမ်းမှုပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့်လည်းပြင်သစ်ရဲတပ်ဖွဲ့ဝင်များဟာသူတို့အသုံးပြုလေ့ရှိတဲ့စနစ်ကိုသုံးလာကြပါတယ်။၎င်းတို့ဟာလီဗာပူးပရိသတ်များကိုငရုပ်ကောင်းမှုန့်ဖြင့် ဖြန်းခဲ့ပါတယ်။

အံ့ဩစရာကောင်းတာကတော့၎င်းတို့ဟာကလေးငယ်တစ်ဦးကိုလည်းငရုပ်ကောင်းမှုန့်ဖြင့်ဖြန်းခဲ့တာတွေ့ရပါတယ်။

ရဲတပ်ဖွဲ့ဝင်များဟာငရုပ်ကောင်းမှုန့်အပြင်မျက်ရည်ယိုဗုံးကိုလည်းအသုံးပြုခဲ့တယ်လို့သိရပါတယ်။

မနေ့ညကချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ရီးရဲလ်မက်ဒရစ်ကလီဗာပူးကို၁-၀ဂိုးဖြင့်အနိုင်ရရှိပြီး၁၄ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi







