ကလေးများကို ပွဲဘောလုံးပေးသွားမယ်လို့ ပထမဆုံးပရီးမီးယားလိဂ်ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ အူဘာမီယန်

ပထမဆုံးပရီးမီးယားလိဂ်ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက်အူဘာမီယန်ကပွဲဘောလုံးကိုကလေးများကိုပေးသွား မယ်လို့ကတိပြုပြောကြားလိုက်ပါတယ်။အူဘာမီယန်ဟာဇန်နဝါရီလတုန်းကမိခင်မကျန်းမမာဖြစ်မှုကြောင့်အာဆင်နယ်ရဲ့ပွဲသုံးပွဲကိုလွဲချော်ခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင်ဟာမနေ့ညတုန်းကလိဒ်အား၄-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်အူဘာမီယန်ဟာသူ့ ရဲ့ပထမဆုံးပရီးမီးယားလိဂ်ဟက်ထရဏ်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။အသက်၃၁နှစ်ရှိတိုက်စစ်မှူးဟာလိဒ်နှင့်ပွဲအပြီးမှာဘောလုံးကိုယူခဲ့ပြီးသားများဖြစ်ကြတဲ့ပီယာရီဂျူနီယာနှင့်ကော်တီတို့ကိုပေးသွားပါမယ်။

အူဘာမီယန်က “ကျွန်တော်အရမ်းပျော်တယ်။ပြီးတော့ကျွန်တော့်သားတွေကဘောလုံးရမှာဆိုတော့ပိုပြီးတော့ ပျော်ကြလိမ့်မယ်။ဒါကကျွန်တော့်အတွက်အရမ်းအဖိုးတန်တယ်။ကျွန်တော်ကအလုပ်ကြိုးစားသလိုမိသားစုနဲ့အသင်းအတွက်ပထမဆုံးဦးစားပေးလုပ်တဲ့သူပါ။ခက်ခဲတဲ့ကာလရှိခဲ့ပေမယ့်အခုအပြုံးတွေပြန်ရောက်လာပါပြီ။နိုင်ပွဲတွေ၊ ဂိုးတွေရရှိလာပါတယ်။လူတိုင်းကကျွန်တော့်အပေါ်မှာရောကျွန်တော့်အမေနဲ့မိသားစုအပေါ်မှာအရမ်းချစ်ကြပါ တယ်”လို့ပြောကြားသွားခဲ့ပါတယ်။

ZawGyi

ကေလးမ်ားကို ပြဲေဘာလုံးေပးသြားမယ္လို႔ ပထမဆုံးပရီးမီးယားလိဂ္ဟက္ထရစ္သြင္းႏိုင္ခဲ့တဲ့ အူဘာမီယန္

ပထမဆုံးပရီးမီးယားလိဂ္ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီးေနာက္အူဘာမီယန္ကပြဲေဘာလုံးကိုကေလးမ်ားကိုေပးသြား မယ္လို႔ကတိျပဳေျပာၾကားလိုက္ပါတယ္။အူဘာမီယန္ဟာဇန္နဝါရီလတုန္းကမိခင္မက်န္းမမာျဖစ္မႈေၾကာင့္အာဆင္နယ္ရဲ႕ပြဲသုံးပြဲကိုလြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။

အာဆင္နယ္အသင္းေခါင္းေဆာင္ဟာမေန႔ညတုန္းကလိဒ္အား၄-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္အူဘာမီယန္ဟာသူ႔ ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ဟက္ထရဏ္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။အသက္၃၁ႏွစ္ရွိတိုက္စစ္မႉးဟာလိဒ္ႏွင့္ပြဲအၿပီးမွာေဘာလုံးကိုယူခဲ့ၿပီးသားမ်ားျဖစ္ၾကတဲ့ပီယာရီဂ်ဴနီယာႏွင့္ေကာ္တီတို႔ကိုေပးသြားပါမယ္။

အူဘာမီယန္က “ကြၽန္ေတာ္အရမ္းေပ်ာ္တယ္။ၿပီးေတာ့ကြၽန္ေတာ့္သားေတြကေဘာလုံးရမွာဆိုေတာ့ပိုၿပီးေတာ့ ေပ်ာ္ၾကလိမ့္မယ္။ဒါကကြၽန္ေတာ့္အတြက္အရမ္းအဖိုးတန္တယ္။ကြၽန္ေတာ္ကအလုပ္ႀကိဳးစားသလိုမိသားစုနဲ႔အသင္းအတြက္ပထမဆုံးဦးစားေပးလုပ္တဲ့သူပါ။ခက္ခဲတဲ့ကာလရွိခဲ့ေပမယ့္အခုအၿပဳံးေတြျပန္ေရာက္လာပါၿပီ။ႏိုင္ပြဲေတြ၊ ဂိုးေတြရရွိလာပါတယ္။လူတိုင္းကကြၽန္ေတာ့္အေပၚမွာေရာကြၽန္ေတာ့္အေမနဲ႔မိသားစုအေပၚမွာအရမ္းခ်စ္ၾကပါ တယ္”လို႔ေျပာၾကားသြားခဲ့ပါတယ္။