ကလေးများကြောင့် နေ့လည်ခင်းချစ်ခြင်းဖွင့်ဆိုမှု အနှောင့်အယှက်ဖြစ်ရကြောင်း ဝိန်းဘရစ်ချ်ဖွင့်ဟ

လော့ဒ်ဒေါင်းကာလမှာကလေးတွေနေအိမ်ကနေကျောင်းတက်ရတာ မိဘတိုင်းအတွက်အခက်အခဲဖြစ်စေပါတယ်။ အထူးသဖြင့်အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟောင်းဝိန်းဘရစ်ချ်တို့ဇနီးမောင်နှံအတွက်ပိုပြီးတော့ခက်ခဲစေလျက် ရှိနေပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟောင်းကသင်ခန်းစာများ၊အိမ်မှုကိစ္စရပ်များကြောင့်ဇနီးသည်နှင့်အတူနေမှုကိုညပိုင်းမှာမပြု လုပ်ဘဲနေ့လည်ပိုင်းမှာပြောင်းလုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမယ့်လည်းနေ့လည်ပိုင်းအချစ်နလထဖို့ကြိုးပမ်း တာဟာလည်းကလေးများကြောင့်အလွန်ခက်ခဲကြမ်းတမ်းလျက်ရှိနေပါတယ်။

ဝိန်းဘရစ်ချ်က “အနိမ့်အမြင့်အတက်အကျတွေရှိပါတယ်။အဓိကပြဿနာတွေထဲကတစ်ခုကတော့ကျွန်တော်တို့ရဲ့ ကလေးတွေကြောင့်ပါ။ပြီးတော့လော့ဒ်ဒေါင်းကြောင့်ပါ။ညဖက်အတူနေဖို့ကအရမ်းခက်သွားတယ်။ဒီတော့နေ့ခင်း လုပ်တယ်။တကယ်တမ်းမှာတော့အိမ်ကနေစာသင်ရတော့ပိုပြီးတော့တောင်ခက်ခဲလာတယ်။အကြိမ်တော်တော်များများကလေးတွေမိလုနီးပါးဖြစ်ပါတယ်။ကျွန်တော်ကတော့ညဉ့်နက်အချိန်ကိုကြိုက်တယ်။ဒါပေမယ့်ကျွန်တော့်မိန်းမကမကြိုက်ဘူး။သူကနံနက်စောစောအိပ်ယာထတော့ညဉ့်ကျတော့အဆင်မပြေဘူး။နေ့ခင်းဖြစ်တာကိုလည်း ကျွန်တော်ကြိုက်ပါတယ်။ကိစ္စပြီးသွားရင်နေရထိုင်ရတာကောင်းတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ကေလးမ်ားေၾကာင့္ ေန႔လည္ခင္းခ်စ္ျခင္းဖြင့္ဆိုမႈ အေႏွာင့္အယွက္ျဖစ္ရေၾကာင္း ဝိန္းဘရစ္ခ်္ဖြင့္ဟ

ေလာ့ဒ္ေဒါင္းကာလမွာကေလးေတြေနအိမ္ကေနေက်ာင္းတက္ရတာ မိဘတိုင္းအတြက္အခက္အခဲျဖစ္ေစပါတယ္။ အထူးသျဖင့္အဂၤလန္လက္ေ႐ြးစင္ေနာက္ခံလူေဟာင္းဝိန္းဘရစ္ခ်္တို႔ဇနီးေမာင္ႏွံအတြက္ပိုၿပီးေတာ့ခက္ခဲေစလ်က္ ရွိေနပါတယ္။

အဂၤလန္လက္ေ႐ြးစင္ေဟာင္းကသင္ခန္းစာမ်ား၊အိမ္မႈကိစၥရပ္မ်ားေၾကာင့္ဇနီးသည္ႏွင့္အတူေနမႈကိုညပိုင္းမွာမျပဳ လုပ္ဘဲေန႔လည္ပိုင္းမွာေျပာင္းလုပ္ဖို႔ဆုံးျဖတ္ခဲ့ၾကပါတယ္။ဒါေပမယ့္လည္းေန႔လည္ပိုင္းအခ်စ္နလထဖို႔ႀကိဳးပမ္း တာဟာလည္းကေလးမ်ားေၾကာင့္အလြန္ခက္ခဲၾကမ္းတမ္းလ်က္ရွိေနပါတယ္။

ဝိန္းဘရစ္ခ်္က “အနိမ့္အျမင့္အတက္အက်ေတြရွိပါတယ္။အဓိကျပႆနာေတြထဲကတစ္ခုကေတာ့ကြၽန္ေတာ္တို႔ရဲ႕ ကေလးေတြေၾကာင့္ပါ။ၿပီးေတာ့ေလာ့ဒ္ေဒါင္းေၾကာင့္ပါ။ညဖက္အတူေနဖို႔ကအရမ္းခက္သြားတယ္။ဒီေတာ့ေန႔ခင္း လုပ္တယ္။တကယ္တမ္းမွာေတာ့အိမ္ကေနစာသင္ရေတာ့ပိုၿပီးေတာ့ေတာင္ခက္ခဲလာတယ္။အႀကိမ္ေတာ္ေတာ္မ်ားမ်ားကေလးေတြမိလုနီးပါးျဖစ္ပါတယ္။ကြၽန္ေတာ္ကေတာ့ညဥ့္နက္အခ်ိန္ကိုႀကိဳက္တယ္။ဒါေပမယ့္ကြၽန္ေတာ့္မိန္းမကမႀကိဳက္ဘူး။သူကနံနက္ေစာေစာအိပ္ယာထေတာ့ညဥ့္က်ေတာ့အဆင္မေျပဘူး။ေန႔ခင္းျဖစ္တာကိုလည္း ကြၽန္ေတာ္ႀကိဳက္ပါတယ္။ကိစၥၿပီးသြားရင္ေနရထိုင္ရတာေကာင္းတယ္”လို႔ေျပာၾကားသြားပါတယ္။