ကလေးမွေးဖွားပြီး ၈ လအကြာမှာ ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ အာဆင်နယ်စတားဂျေဆူး

ဂါဘရီရယ်ဂျေဆူးဟာချစ်သူရီအာနီလီမာနှင့်လမ်းခွဲလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။အသက်၂၁နှစ်ရှိဆိုရှယ်မီဒီယာ Influencer ရီအာနီလီမာဟာ အင်စတာဂရမ်တွင်ပို့စ်တင်ပြီးဂါဘရီရယ်ဂျေဆူးနှင့်လမ်းခွဲလိုက်ကြောင်းကြေညာလာခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ ဘရာဇီးသတင်းဌာနUOLကရီအာနီဟာဂါဘရီရယ်ဂျေဆူးနှင့်လမ်းခွဲလိုက်ပြီဖြစ်ကြောင်းကြေညာပြီးနာရီအနည်းငယ်အကြာမှာယင်းပို့စ်ကိုဖျက်လိုက်ကြောင်းဖော်ပြသွားပါတယ်။

၎င်းတို့ဟာသမီးလေးဟီလီနာကိုမွေးဖွားပြီး၈လအကြာမှာဘဲလမ်းခွဲလာခဲ့ကြတာလည်းဖြစ်ပါတယ်။

ရီအာနာလီမာဟာအင်စတာဂရမ်တွင်အာဆင်နယ်စတားရဲ့ဓာတ်ပုံအားလုံးကိုလည်းဖျက်လိုက်ပြီလည်းဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးဟာ၂၀၂၁ခုနှစ်၊ဇူလိုင်လတွင်စတင်တွဲလာခဲ့ကြတာလည်းဖြစ်ပါတယ်။

ဂါဘရီရယ်ဂျေဆူးဟာနွေရာသီတွင်မန်စီးတီးမှအာဆင်နယ်သို့ပြောင်းလာပြီးနောက်အဓိကကစားသမားအဖြစ်ခြေစွမ်းပြကစားနိုင်ခဲ့ပေမဲ့ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဘရာဇီးအတွက်ကစားပြီးနောက်ဒူးဒဏ်ရာကြောင့်အနားယူနေရပါတယ်။

သူဟာဒူးဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီးအာဆင်နယ်အတွက်ပြန်ကစားနိုင်ရေးအတွက်ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများပြုလုပ်နေပါတယ်။

ZawGyi







