သက်ငယ်လိင်အကြမ်းဖက်မှုဖြင့်အဖမ်းခံထားရတဲ့ကစားသမားမှာ အဲဗာတန်ကစားသမားဖြစ်နေ

ကလေးသူငယ်တစ်ဦးကိုလိင်အကြမ်းဖက်မှုပြုလုပ်ခဲ့မှုကြောင့်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတဲ့ပရီးမီးယားလိဂ်ကစားသမားမှာအဲဗာတန်မှကစားသမားဖြစ်ကြောင်းသိရပါတယ်။

အမည်ဖော်ပြထားခြင်းမရှိတဲ့ပရီးမီးယားလိဂ်ကစားသမားဟာပြီးခဲ့တဲ့သောကြာနေ့တုန်းကကလေးသူငယ်လိင်အကြမ်းဖက်မှုဖြင့်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာဖြစ်ပြီး နောက်ပိုင်းတွင်အာမခံဖြင့်ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ယခုလအစောပိုင်းတုန်းကဂရိတ်တားမန်ချက်စတာရဲတပ်ဖွဲ့ဟာအဲဗာတန်စတားရဲ့နေအိမ်ကိုဝင်ရောက်စီးနင်းရှာဖွေမှုပြုလုပ်ခဲ့ပြီးနေအိမ်မှသဲလွန်စများစွာရယူသွားခဲ့ပါတယ်။

အဲဗာတန်အသင်းဟာရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတဲ့အဆိုပါကစားသမားအား အသင်သို့လာရောက်ခွင့်ပိတ်ပင်မှုပြုလုပ်ထားပါတယ်။

ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့က အသက်၃၁နှစ်ရှိအဲဗာတန်ကစားသမားကျူးလွန်ထားတဲ့အမှုမှာအလွန်ကြီးမားကြောင်းဆိုထားပါတယ်။

အဲဗာတန်အသင်းဟာလာမယ့်ဇူလိုင်လ၂၆ရက်နေ့တွင်အမေရိကသို့သွားရောက်ကာဖလိုရီဒါဖလားယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ယင်းပွဲမှာရာဖေးလ်ဘင်နီတက်ဇ်လက်ထက် ပထမဆုံးယှဉ်ပြိုင်ကစားရတဲ့ပွဲဖြစ်လာပါမယ်။

ZawGyi

သက်ငယ်လိင်အကြမ်းဖက်မှုဖြင့်အဖမ်းခံထားရတဲ့ကစားသမားမှာ အဲဗာတန်ကစားသမားဖြစ်နေ

ကေလးသူငယ္တစ္ဦးကိုလိင္အၾကမ္းဖက္မႈျပဳလုပ္ခဲ့မႈေၾကာင့္ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရတဲ့ပရီးမီးယားလိဂ္ကစားသမားမွာအဲဗာတန္မွကစားသမားျဖစ္ေၾကာင္းသိရပါတယ္။

အမည္ေဖာ္ျပထားျခင္းမရွိတဲ့ပရီးမီးယားလိဂ္ကစားသမားဟာၿပီးခဲ့တဲ့ေသာၾကာေန႔တုန္းကကေလးသူငယ္လိင္အၾကမ္းဖက္မႈျဖင့္ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရတာျဖစ္ၿပီး ေနာက္ပိုင္းတြင္အာမခံျဖင့္ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။

ယခုလအေစာပိုင္းတုန္းကဂရိတ္တားမန္ခ်က္စတာရဲတပ္ဖြဲ႕ဟာအဲဗာတန္စတားရဲ႕ေနအိမ္ကိုဝင္ေရာက္စီးနင္းရွာေဖြမႈျပဳလုပ္ခဲ့ၿပီးေနအိမ္မွသဲလြန္စမ်ားစြာရယူသြားခဲ့ပါတယ္။

အဲဗာတန္အသင္းဟာရဲတပ္ဖြဲ႕ရဲ႕ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရတဲ့အဆိုပါကစားသမားအား အသင္သို႔လာေရာက္ခြင့္ပိတ္ပင္မႈျပဳလုပ္ထားပါတယ္။

ဂရိတ္မန္ခ်က္စတာရဲတပ္ဖြဲ႕က အသက္၃၁ႏွစ္ရွိအဲဗာတန္ကစားသမားက်ဴးလြန္ထားတဲ့အမႈမွာအလြန္ႀကီးမားေၾကာင္းဆိုထားပါတယ္။

အဲဗာတန္အသင္းဟာလာမယ့္ဇူလိုင္လ၂၆ရက္ေန႔တြင္အေမရိကသို႔သြားေရာက္ကာဖလိုရီဒါဖလားယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။ယင္းပြဲမွာရာေဖးလ္ဘင္နီတက္ဇ္လက္ထက္ ပထမဆုံးယွဥ္ၿပိဳင္ကစားရတဲ့ပြဲျဖစ္လာပါမယ္။