
အင်္ဂလန်ရဲ့Wags များဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲသို့သွားရောက်စဉ်ပြဿနာတစုံတရာမပေါ်ပေါက်လာစေရန်အတွက် ရှောင်ကျဉ်ရမယ့်၊ လုပ်ဆောင်ရမယ့်အရာများနှင့်ပတ်သက်ပြီးသတိပေးခြင်းခံထားရပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများက ကာတာရဲ့ပြင်းထန်တဲ့စည်းမျဉ်းဥပဒေများကြောင့် Wags များအား ဥပဒေအထက်တွင်မည်သည့်အရာမျှမရှိကြောင်းလည်းသတိပေးထားပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကသတိပေးမှုတွင် Wags များအနေဖြင့် Public သို့ထွက်ရာတွင်လုံလုံခြုံခြုံဝတ်ဆင်ရန်၊ Public တွင်အရက်သောက်ခြင်း၊ဆဲဆိုခြင်းမပြုလုပ်ရန်၊သီချင်းများကျယ်လောင်စွာဖွင့်ခြင်း(သို့မဟုတ်)သီဆိုခြင်းမပြုရန်သတိပေးထားပါတယ်။
ဒါ့အပြင် Wagsများဟာအစိုးရအဆောက်အဦအပြင်ဘက်တွင် Selfie ရိုက်ကူးမှုမပြုလုပ်ရန်နှင့်ပြုလုပ်မိပါက ရဲစခန်းတွင်ဖြေရှင်းရမယ်လို့လည်းသတိပေးခြင်းခံထားရပါတယ်။
အက်ဖ်အေဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်မည်သည့်ပြဿနာမှမဖြစ်လိုမှုနှင့်အတူ Wags များကိုကာတာရဲ့စည်းမျဉ်းဥပဒေများအားလိုက်နာစေလိုနေတာလည်းဖြစ်ပါတယ်။
တဖက်တွင်ကာတာနိုင်ငံရေးဝန်ကြီးဌာနကလည်းအမျိုးသမီးများအနေဖြင့် ပုခုံးဖော်အင်္ကျီမဝတ်ဆင်ရန်နှင့် စကပ်အတိုဝတ်ခြင်းရှောင်ကျဉ်ကြရန်သတိပေးထားပါတယ်။ဒါ့အပြင်လင်မယားမဟုတ်ဘဲလိင်ဆက်ဆံမှုကိုလည်းကာတာတွင်အပြင်းအထန်တားမြစ်ထားပါတယ်။
အက်ဖ်အေဟာကမ္ဘာ့ဖလားပြိုင်ပွဲသို့ Wags များကိုခေါ်ဆောင်သွားမှာဖြစ်ပြီး၎င်းတို့တည်းခိုအနားယူရန်အတွက် ငှက်ပျောသီးကျွန်းအပန်းဖြေစခန်းကိုငှားရမ်းထားပါတယ်။
ZawGyi
ကာတာကမာၻ႔ဖလားတြင္ ျပႆနာမတက္ေစရန္အတြက္ Wag မ်ား လိုက္နာရမယ့္ စည္းကမ္းကို အဂၤလန္အသိေပးထား
အဂၤလန္ရဲ႕Wags မ်ားဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲသို႔သြားေရာက္စဥ္ျပႆနာတစုံတရာမေပၚေပါက္လာေစရန္အတြက္ ေရွာင္က်ဥ္ရမယ့္၊ လုပ္ေဆာင္ရမယ့္အရာမ်ားႏွင့္ပတ္သက္ၿပီးသတိေပးျခင္းခံထားရပါတယ္။
အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္တာဝန္ရွိသူမ်ားက ကာတာရဲ႕ျပင္းထန္တဲ့စည္းမ်ဥ္းဥပေဒမ်ားေၾကာင့္ Wags မ်ားအား ဥပေဒအထက္တြင္မည္သည့္အရာမွ်မရွိေၾကာင္းလည္းသတိေပးထားပါတယ္။
အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကသတိေပးမႈတြင္ Wags မ်ားအေနျဖင့္ Public သို႔ထြက္ရာတြင္လုံလုံၿခဳံၿခဳံဝတ္ဆင္ရန္၊ Public တြင္အရက္ေသာက္ျခင္း၊ဆဲဆိုျခင္းမျပဳလုပ္ရန္၊သီခ်င္းမ်ားက်ယ္ေလာင္စြာဖြင့္ျခင္း(သို႔မဟုတ္)သီဆိုျခင္းမျပဳရန္သတိေပးထားပါတယ္။
ဒါ့အျပင္ Wagsမ်ားဟာအစိုးရအေဆာက္အဦအျပင္ဘက္တြင္ Selfie ႐ိုက္ကူးမႈမျပဳလုပ္ရန္ႏွင့္ျပဳလုပ္မိပါက ရဲစခန္းတြင္ေျဖရွင္းရမယ္လို႔လည္းသတိေပးျခင္းခံထားရပါတယ္။
အက္ဖ္ေအဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္မည္သည့္ျပႆနာမွမျဖစ္လိုမႈႏွင့္အတူ Wags မ်ားကိုကာတာရဲ႕စည္းမ်ဥ္းဥပေဒမ်ားအားလိုက္နာေစလိုေနတာလည္းျဖစ္ပါတယ္။
တဖက္တြင္ကာတာႏိုင္ငံေရးဝန္ႀကီးဌာနကလည္းအမ်ိဳးသမီးမ်ားအေနျဖင့္ ပုခုံးေဖာ္အက်ႌမဝတ္ဆင္ရန္ႏွင့္ စကပ္အတိုဝတ္ျခင္းေရွာင္က်ဥ္ၾကရန္သတိေပးထားပါတယ္။ဒါ့အျပင္လင္မယားမဟုတ္ဘဲလိင္ဆက္ဆံမႈကိုလည္းကာတာတြင္အျပင္းအထန္တားျမစ္ထားပါတယ္။
အက္ဖ္ေအဟာကမာၻ႔ဖလားၿပိဳင္ပြဲသို႔ Wags မ်ားကိုေခၚေဆာင္သြားမွာျဖစ္ၿပီး၎တို႔တည္းခိုအနားယူရန္အတြက္ ငွက္ေပ်ာသီးကြၽန္းအပန္းေျဖစခန္းကိုငွားရမ္းထားပါတယ္။