ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှ လုပ်ရပ်များကြောင့် ၁၀ ပွဲမှ ၁၅ပွဲအထိ ပွဲပယ်ခံရတော့မဲ့ ကမ္ဘာ့ဖလားစတားလေးဦး

ဥရုဂွေးကစားသမားလေးဦးတို့ဟာကမ္ဘာ့ဖလားပြိုင်ပွဲမှလုပ်ရပ်များကြောင့် ကလပ်နှင့်နိုင်ငံအတွက်ပွဲကစားခွင့်၁၀ပွဲမှ၁၅ပွဲအထိပိတ်ပင်ခြင်းခံလာရတော့မှာဖြစ်ပါတယ်။

ဥရုဂွေးကစားသမားများဖြစ်ကြတဲ့အက်ဒီဆင်ကာဗာနီ၊ဟိုဆေးမာရီယာဂျီမီနက်ဇ်၊ဒီယေဂိုဂိုဒန်နှင့်ဖာနန်ဒိုမူစလီယာတို့ဟာဂါနာကိုအနိုင်ရရှိတဲ့ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲမှလုပ်ရပ်များအတွက်ဖီဖာရဲ့ဒေါသနှင့်ရင်ဆိုင်လာရတော့မှာလည်းဖြစ်ပါတယ်။

စပိန်မီဒီယာ AS ရဲ့ဖော်ပြချက်အရယင်းကစားသမား၄ဦးတို့ဟာဖီဖာရဲ့စည်းမျဉ်းစည်းကမ်း ၁၁နှင့် ၁၂တို့ကိုချိုးဖောက်မှုနဲ့အတူအရေးယူခြင်းခံလာရတော့မှာဖြစ်ကြောင်းသိရပါတယ်။

ဒါပေမဲ့ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီဟာဖေဖော်ဝါရီလနှောင်းပိုင်းကာလတွင်မှယင်းကစားသမားတို့ကိုပွဲပယ်ပြစ်ဒဏ်ချမှတ်လာမှာဖြစ်ကြောင်းသိရပါတယ်။

ယင်းကစားသမားတို့ဟာပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရပါကနိုင်ငံအတွက်သာမကကလပ်အတွက်ပါကစားခွင့်ရရှိလာကြမှာမဟုတ်ပါဘူး။

မီဒီယာများရဲ့ဖော်ပြချက်အရဂျီမီနက်ဇ်မှာဖီဖာဝန်ထမ်းတစ်ဦးကိုတံတောင်ဖြင့်တွက်ခဲ့ပြီးအက်ဒီဆင်ကာဗာနီမှာလည်းဥမင်လှိုဏ်ခေါင်းသို့သွားရာလမ်းတွင်VAR Monitor ကိုလက်သီးထိုးလှဲချခဲ့ပါတယ်။

ဂိုးသမားမူစလီယာနှင့်ဂိုဒန်တို့ဟာပွဲအပြီးတွင်ကွင်းလယ်ဒိုင်လူကြီးကိုကြမ်းတမ်းတဲ့အသုံးအနှုန်းများသုံးနှုန်းပြီးစောဒကတက်မှုများပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ZawGyi

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွ လုပ္ရပ္မ်ားေၾကာင့္ ၁၀ ပြဲမွ ၁၅ပြဲအထိ ပြဲပယ္ခံရေတာ့မဲ့ ကမာၻ႔ဖလားစတားေလးဦး

ဥ႐ုေဂြးကစားသမားေလးဦးတို႔ဟာကမာၻ႔ဖလားၿပိဳင္ပြဲမွလုပ္ရပ္မ်ားေၾကာင့္ ကလပ္ႏွင့္ႏိုင္ငံအတြက္ပြဲကစားခြင့္၁၀ပြဲမွ၁၅ပြဲအထိပိတ္ပင္ျခင္းခံလာရေတာ့မွာျဖစ္ပါတယ္။

ဥ႐ုေဂြးကစားသမားမ်ားျဖစ္ၾကတဲ့အက္ဒီဆင္ကာဗာနီ၊ဟိုေဆးမာရီယာဂ်ီမီနက္ဇ္၊ဒီေယဂိုဂိုဒန္ႏွင့္ဖာနန္ဒိုမူစလီယာတို႔ဟာဂါနာကိုအႏိုင္ရရွိတဲ့ကမာၻ႔ဖလားအုပ္စုေနာက္ဆုံးပြဲမွလုပ္ရပ္မ်ားအတြက္ဖီဖာရဲ႕ေဒါသႏွင့္ရင္ဆိုင္လာရေတာ့မွာလည္းျဖစ္ပါတယ္။

စပိန္မီဒီယာ AS ရဲ႕ေဖာ္ျပခ်က္အရယင္းကစားသမား၄ဦးတို႔ဟာဖီဖာရဲ႕စည္းမ်ဥ္းစည္းကမ္း ၁၁ႏွင့္ ၁၂တို႔ကိုခ်ိဳးေဖာက္မႈနဲ႔အတူအေရးယူျခင္းခံလာရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

 

ဒါေပမဲ့ဖီဖာစည္းကမ္းထိန္းသိမ္းေရးေကာ္မတီဟာေဖေဖာ္ဝါရီလေႏွာင္းပိုင္းကာလတြင္မွယင္းကစားသမားတို႔ကိုပြဲပယ္ျပစ္ဒဏ္ခ်မွတ္လာမွာျဖစ္ေၾကာင္းသိရပါတယ္။

ယင္းကစားသမားတို႔ဟာပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံလာရပါကႏိုင္ငံအတြက္သာမကကလပ္အတြက္ပါကစားခြင့္ရရွိလာၾကမွာမဟုတ္ပါဘူး။

မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဂ်ီမီနက္ဇ္မွာဖီဖာဝန္ထမ္းတစ္ဦးကိုတံေတာင္ျဖင့္တြက္ခဲ့ၿပီးအက္ဒီဆင္ကာဗာနီမွာလည္းဥမင္လႈိဏ္ေခါင္းသို႔သြားရာလမ္းတြင္VAR Monitor ကိုလက္သီးထိုးလွဲခ်ခဲ့ပါတယ္။

ဂိုးသမားမူစလီယာႏွင့္ဂိုဒန္တို႔ဟာပြဲအၿပီးတြင္ကြင္းလယ္ဒိုင္လူႀကီးကိုၾကမ္းတမ္းတဲ့အသုံးအႏႈန္းမ်ားသုံးႏႈန္းၿပီးေစာဒကတက္မႈမ်ားျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။