
၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးဆုကိုဘရာဇီးစတားရီချာလီဆင်ရဲ့ဆားဘီးယားနှင့်ပွဲစဉ်မှ Bicycle Kick ဂိုးကဆွတ်ခူးသွားခဲ့ပါတယ်။
ရီချာလီဆင်ဟာနေမာနှင့်ကိုင်လီယန်ဘက်ပေးတို့ရဲ့ဂိုးတို့ကိုကျော်ဖြတ်ကာကမ္ဘာ့ဖလားအကောင်းဆုံးဂိုးဆုကိုဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
သူဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်၃ဂိုးသွင်းယူနိုင်ခဲ့ပြီးဆားဘီးယားကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်၂ဂိုးနှင့်တောင်ကိုရီးယားကို၄-၁ဖြင့်အနိုင်ရတဲ့၁၆သင်းရှုံးထွက်အဆင့်ပွဲတွင်၁ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
သူဟာဆားဘီးယားကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်လူစားဝင်ရောက်လာပြီးတဲ့နောက်နှစ်ဂိုးသွင်းခဲ့တာဖြစ်ပြီးဒုတိယမြောက်ဂိုးကို Bicycle Kick ဖြင့်လှပစွာသွင်းယူခဲ့တာဖြစ်ပါတယ်။
သူဟာဗီနီရှပ်စ်ရဲ့ဖြတ်တင်ဘောကိုတချက်ထိန်းပြီး Bicycle Kickဖြင့်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
ZawGyi
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ အကောင်းဆုံးဂိုးဆုကို နေမာနှင့်ဘက်ပေးတို့ရဲ့ဂိုးအား ကျော်ဖြတ်ကာ ရီချာလီဆင်ရဲ့Bicycle Kick ဆွတ်ခူး
သူဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်၃ဂိုးသွင်းယူနိုင်ခဲ့ပြီးဆားဘီးယားကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်၂ဂိုးနှင့်တောင်ကိုရီးယားကို၎-၁ဖြင့်အနိုင်ရတဲ့၁၆သင်းရှုံးထွက်အဆင့်ပွဲတွင်၁ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။