ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် လေဒီဂါဂါ၊ ABBA ၊ Aerosmith တို့ ဖျော်ဖြေလာဖွယ်ရှိ

လေဒီဂါဂါ၊ ABBA နှင့် Aerosmith အပါအဝင် ကမ္ဘာကျော်ထိပ်တန်းအဆိုတော်များဟာ လာမယ့်နှစ်တွင်ကျင်းပမယ့်အငြင်းပွားဖွယ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဖျော်ဖြေမှုပြုလုပ်သွားဖို့ရှိနေကြောင်းသိရပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲသို့လာရောက်ကြည့်ကြမယ့်ပရိသတ်များဟာဘောလုံးပွဲများအပြင် ဆိပ်ကမ်းသစ်တွင် ကပ်ထားမယ့် အပန်းဖြေသင်္ဘောကြီးနှစ်ခုတွင်ကမ္ဘာကျော်အဆိုတော်များရဲ့ဖျော်ဖြေရေးအစီအစဉ်များကိုလည်းကြည့်ရှုနိုင်ပါမယ်။ယင်းအပန်းဖြေသင်္ဘောတွင်ပရိသတ်၆၀၀၀အထိဆန့်ပါတယ်။

The Times ရဲ့ဖော်ပြချက်အရကာတာဟာကမ္ဘာ့ဖလားပြိုင်ပွဲသို့လာရောက်မယ့်ပရိသတ်များအားအနောက်တိုင်းအငွေ့အသက်ဖြင့်ကြိုဆိုမှုပြုလုပ်ရန်ဆန္ဒရှိနေကြောင်းသိရပါတယ်။

၎င်းတို့ဟာနာမည်ကျော်များဖြစ်ကြတဲ့ လေဒီဂါဂါ၊ Abba ၊အင်ဒရေဘိုစယ်လီနှင့် Arerosmith တို့ကိုရရှိထားပြီးဖြစ်ပါတယ်။ယင်းအဆိုတော်များဟာဖီဖာနှင့်ပူးပေါင်းထားတဲ့ Universal ကစာချုပ်ချုပ်ဆိုထားတဲ့အဆိုတော်များလည်းဖြစ်ပါတယ်။

ပရိသတ်များဟာအပန်းဖြေသင်္ဘောတွင်ရှိုးပွဲများကြည့်ကာပျော်ရွှင်နိုင်ကြမှာဖြစ်ပေမယ့်အထူးသတိထားဖို့တော့လိုပါတယ်။ကာတာတွင်အများနှင့်သက်ဆိုင်တဲ့နေရာတွင် အရက်သောက်မှုမှဥပေဒချိုးဖောက်မှုဖြစ်ပြီးအသက်၂၁နှစ်ပြည့်မှသာအရက်သောက်ခွင့်ရှိပါတယ်။

လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲဟာဆောင်းရာသီတွင်ကျင်းပတဲ့ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမှာဖြစ်ပြီးဘောလုံးကွင်းများအကြား၄၅မိုင်ခရီးသာကွာဝေးမှုကြောင့်ပရိသတ်များအနေဖြင့်တစ်နေ့လျှင်သုံးပွဲလုံးကိုကိုယ်တိုင်သွားကြည့်နိုင်ပါမယ်။

ZawGyi

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ေလဒီဂါဂါ၊ ABBA ၊ Aerosmith တို႔ ေဖ်ာ္ေျဖလာဖြယ္ရွိ

ေလဒီဂါဂါ၊ ABBA ႏွင့္ Aerosmith အပါအဝင္ ကမာၻေက်ာ္ထိပ္တန္းအဆိုေတာ္မ်ားဟာ လာမယ့္ႏွစ္တြင္က်င္းပမယ့္အျငင္းပြားဖြယ္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေဖ်ာ္ေျဖမႈျပဳလုပ္သြားဖို႔ရွိေနေၾကာင္းသိရပါတယ္။

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲသို႔လာေရာက္ၾကည့္ၾကမယ့္ပရိသတ္မ်ားဟာေဘာလုံးပြဲမ်ားအျပင္ ဆိပ္ကမ္းသစ္တြင္ ကပ္ထားမယ့္ အပန္းေျဖသေဘၤာႀကီးႏွစ္ခုတြင္ကမာၻေက်ာ္အဆိုေတာ္မ်ားရဲ႕ေဖ်ာ္ေျဖေရးအစီအစဥ္မ်ားကိုလည္းၾကည့္ရႈႏိုင္ပါမယ္။ယင္းအပန္းေျဖသေဘၤာတြင္ပရိသတ္၆၀၀၀အထိဆန႔္ပါတယ္။

The Times ရဲ႕ေဖာ္ျပခ်က္အရကာတာဟာကမာၻ႔ဖလားၿပိဳင္ပြဲသို႔လာေရာက္မယ့္ပရိသတ္မ်ားအားအေနာက္တိုင္းအေငြ႕အသက္ျဖင့္ႀကိဳဆိုမႈျပဳလုပ္ရန္ဆႏၵရွိေနေၾကာင္းသိရပါတယ္။

၎တို႔ဟာနာမည္ေက်ာ္မ်ားျဖစ္ၾကတဲ့ ေလဒီဂါဂါ၊ Abba ၊အင္ဒေရဘိုစယ္လီႏွင့္ Arerosmith တို႔ကိုရရွိထားၿပီးျဖစ္ပါတယ္။ယင္းအဆိုေတာ္မ်ားဟာဖီဖာႏွင့္ပူးေပါင္းထားတဲ့ Universal ကစာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့အဆိုေတာ္မ်ားလည္းျဖစ္ပါတယ္။

ပရိသတ္မ်ားဟာအပန္းေျဖသေဘၤာတြင္ရႈိးပြဲမ်ားၾကည့္ကာေပ်ာ္႐ႊင္ႏိုင္ၾကမွာျဖစ္ေပမယ့္အထူးသတိထားဖို႔ေတာ့လိုပါတယ္။ကာတာတြင္အမ်ားႏွင့္သက္ဆိုင္တဲ့ေနရာတြင္ အရက္ေသာက္မႈမွဥေပဒခ်ိဳးေဖာက္မႈျဖစ္ၿပီးအသက္၂၁ႏွစ္ျပည့္မွသာအရက္ေသာက္ခြင့္ရွိပါတယ္။

လာမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲဟာေဆာင္းရာသီတြင္က်င္းပတဲ့ပထမဆုံးကမာၻ႔ဖလားၿပိဳင္ပြဲျဖစ္လာမွာျဖစ္ၿပီးေဘာလုံးကြင္းမ်ားအၾကား၄၅မိုင္ခရီးသာကြာေဝးမႈေၾကာင့္ပရိသတ္မ်ားအေနျဖင့္တစ္ေန႔လွ်င္သုံးပြဲလုံးကိုကိုယ္တိုင္သြားၾကည့္ႏိုင္ပါမယ္။