ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခွဲခြားဆက်ဆံမှုဆန့်ကျင်တဲ့ အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်လာမယ့် ဟယ်ရီကိန်း

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာလာမယ့်ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲစဉ်များနှင့်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် OneLove အသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်ကစားသွားပါမယ်။

နယ်သာလန်ဘောလုံးအဖွဲ့ချုပ်ဟာယူရို၂၀၂၀ပြိုင်ပွဲမတိုင်မီကတည်းက ခွဲခြားဆက်ဆံမှုကိုဆန့်ကျင်တဲ့အနေဖြင့် OneLove အစီအစဉ်ကိုစတင်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ၊ဒိန်းမတ်၊ပြင်သစ်၊ဂျာမနီ၊နော်ဝေ၊ဆွီဒင်၊ဆွစ်ဇာလန်နှင့်ဝေးလ်တို့ဟာလည်းအဆိုပါအစီအစဉ်ကိုထောက်ခံခဲ့ကြပါတယ်။

ယင်းအသင်းများရဲ့အသင်းခေါင်းဆောင်များဟာလည်းကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် OneLove အသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်လာကြပါမယ်။

ကာတာတွင်လူတူချစ်ကြိုက်မှု၊လိင်တူဆက်ဆံမှုကိုလုံးဝပိတ်ပင်တဲ့နိုင်ငံဖြစ်ပါတယ်။

ဒါ့အပြင်အင်္ဂလန်အသင်းဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်အယ်ဝါခရာလေ့ကျင့်ရေးစခန်းသို့ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားများကို လာရောက်ကြည့်ရှုခွင့်ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။

တဖက်တွင်အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာကာတာအစိုးရရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ကွင်းနှင့်အဆောက်အဦများဆောက်လုပ်ရာတွင်သေဆုံးသွားခဲ့တဲ့အလုပ်သမားများအတွက်နစ်နာကြေးအပြည့်အဝပေးရေးကိုလည်းထောက်ခံသွားပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ကွင်း၇ကွင်းတည်ဆောက်ရေးအတွက် နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမား ၃၀၀၀၀ကျော်အထိအသုံးပြုခဲ့ပြီးအလုပ်သမားထောင်ပေါင်းများစွာသေဆုံးခဲ့ပါတယ်။

တဖက်တွင်နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကလည်းဖီဖာကို ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးတည်ဆောက်မှုတွင်ပါဝင်ခဲ့တဲ့အလုပ်သမားများကိုလူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက်နစ်နာကြေးဒေါ်လာ၄၄၀ပေးရန်တောင်းဆိုထားပါတယ်။

ZawGyi

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ခြဲျခားဆက္ဆံမႈဆန႔္က်င္တဲ့ အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္လာမယ့္ ဟယ္ရီကိန္း

အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဟာလာမယ့္ယူအီးအက္ဖ္ေအေနးရွင္းလိဂ္ပြဲစဥ္မ်ားႏွင့္၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတို႔တြင္ OneLove အသင္းေခါင္းေဆာင္လက္ပတ္ကိုဝတ္ဆင္ကစားသြားပါမယ္။

နယ္သာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမတိုင္မီကတည္းက ခြဲျခားဆက္ဆံမႈကိုဆန႔္က်င္တဲ့အေနျဖင့္ OneLove အစီအစဥ္ကိုစတင္လုပ္ေဆာင္လာခဲ့တာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံ၊ဒိန္းမတ္၊ျပင္သစ္၊ဂ်ာမနီ၊ေနာ္ေဝ၊ဆြီဒင္၊ဆြစ္ဇာလန္ႏွင့္ေဝးလ္တို႔ဟာလည္းအဆိုပါအစီအစဥ္ကိုေထာက္ခံခဲ့ၾကပါတယ္။

ယင္းအသင္းမ်ားရဲ႕အသင္းေခါင္းေဆာင္မ်ားဟာလည္းကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ OneLove အသင္းေခါင္းေဆာင္လက္ပတ္ကိုဝတ္ဆင္လာၾကပါမယ္။

ကာတာတြင္လူတူခ်စ္ႀကိဳက္မႈ၊လိင္တူဆက္ဆံမႈကိုလုံးဝပိတ္ပင္တဲ့ႏိုင္ငံျဖစ္ပါတယ္။

ဒါ့အျပင္အဂၤလန္အသင္းဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္အယ္ဝါခရာေလ့က်င့္ေရးစခန္းသို႔ ႏိုင္ငံျခားေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကို လာေရာက္ၾကည့္ရႈခြင့္ေပးသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

တဖက္တြင္အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာကာတာအစိုးရရဲ႕ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပႏိုင္ေရးအတြက္ ကြင္းႏွင့္အေဆာက္အဦမ်ားေဆာက္လုပ္ရာတြင္ေသဆုံးသြားခဲ့တဲ့အလုပ္သမားမ်ားအတြက္နစ္နာေၾကးအျပည့္အဝေပးေရးကိုလည္းေထာက္ခံသြားပါတယ္။

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ကြင္း၇ကြင္းတည္ေဆာက္ေရးအတြက္ ႏိုင္ငံျခားေ႐ႊ႕ေျပာင္းအလုပ္သမား ၃၀၀၀၀ေက်ာ္အထိအသုံးျပဳခဲ့ၿပီးအလုပ္သမားေထာင္ေပါင္းမ်ားစြာေသဆုံးခဲ့ပါတယ္။

တဖက္တြင္ႏိုင္ငံတကာလူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕ကလည္းဖီဖာကို ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပေရးတည္ေဆာက္မႈတြင္ပါဝင္ခဲ့တဲ့အလုပ္သမားမ်ားကိုလူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈမ်ားအတြက္နစ္နာေၾကးေဒၚလာ၄၄၀ေပးရန္ေတာင္းဆိုထားပါတယ္။