ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် သပိတ်မှောက်ဝတ်စုံဝတ်ဆင်လာမယ့် ဒိန်းမတ်ကို ကာတာဒေါသထွက်

ကာတာရဲ့ကမ္ဘာ့ဖလားကျင်းပရေးကော်မတီဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကာတာရဲ့လူ့အခွင့်အရေးချိုးဖောက်မှု၊ရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စတို့အပေါ် သပိတ်မှောက်ဆန္ဒပြတဲ့အနေဖြင့် ဗလာကျင်းဝတ်စုံဝတ်ဆင်လာမယ့်ဒိန်းမတ်ကိုဒေါသတကြီးတုံ့ပြန်မှုပြုလုပ်လာပါတယ်။

ဒိန်းမတ်အသင်းအတွက် ဝတ်စုံထောက်ပံ့လာမယ့် Hummel ဟာဗုဒ္ဓဟူးနေ့တုန်းကကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဒိန်းမတ်အသင်းဝတ်ဆင်လာမယ့်ဝတ်စုံများကိုကြေညာခဲ့ပါတယ်။

Hummel ရဲ့ဒိန်းမတ်အိမ်ကွင်းနှင့်အဝေးကွင်းဝတ်စုံတို့တွင်ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်လိုဂိုအပါအဝင်အားလုံးကိုမှေးမှိန်ထားပါတယ်။ဒါ့အပြင် Hummel ဟာကာတာကမ္ဘာ့ဖလားအတွက်ကွင်းများတည်ဆောက်ရာတွင်သေဆုံးသွားခဲ့တဲ့ရွှေ့ပြောင်းအလုပ်သမားများအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်အနက်ရောင်တတိယဝတ်စုံကိုလည်းကြေညာသွားပါတယ်။

ကာတာဟာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးအတွက်ကွင်းများနှင့်အဆောက်အဦများတည်ဆောက်ရာတွင်နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများရဲ့လုပ်ငန်းခွင်နှင့်ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝမပေးမှုကြောင့်ဝေဖန်မှုများနှင့်ကြုံလာခဲ့ရပါတယ်။ကာတာကမ္ဘာ့ဖလားအတွက်အဆောက်အဦများဆောက်လုပ်စဉ်ရွှေ့ပြောင်းအလုပ်သမား၆၅၀၀အထိသေဆုံးခဲ့ကြောင်းလည်းသိရပါတယ်။ယင်းမှအနည်းဆုံးအလုပ်သမား၃၇ဦးတို့မှာကွင်းတည်ဆောက်ရေးလုပ်ငန်းခွင်တွင်သေဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ကာတာကတော့ကမ္ဘာ့ဖလားအတွက်ကွင်းတည်ဆောက်မှုနှင့်တိုက်ရိုက်ဆက်စပ်နေတဲ့လုပ်ငန်းခွင်တွင်လူသုံးဦးတည်းသာသေဆုံးကြောင်းဆိုထားပါတယ်။

ယခုကဲ့သို့ဒိန်းမတ်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကာတာရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကိုသပိတ်မှောက်ဆန့်ကျင်တဲ့ ဗလာကျင်းဝတ်စုံဝတ်ဆင်လာမယ်လို့ကြေညာလာချိန်မှာတော့ ကာတာကမ္ဘာ့ဖလားကျင်းပရေးကော်မတီဟာအကြီးအကျယ်ပေါက်ကွဲလာပါတော့တယ်။

ကာတာကမ္ဘာ့ဖလားကျင်းပရေးကော်မတီက “Hummel ကထောင်ပေါင်းများစွာသောအလုပ်သမားတွေသေဆုံးသွားတယ်ဆိုတဲ့စွပ်စွဲမှုကိုငြင်းပါတယ်။ ကျွန်တော်တို့ဟာဖီဖာကမ္ဘာ့ဖလားနဲ့အခြားပြိုင်ပွဲပရော့ဂျက်တွေအတွက်တည်ဆောက်ရာမှာပါဝင်တဲ့အလုပ်သမား၃၀၀၀၀တို့ရဲ့ကျန်းမာရေးနဲ့ဘေးကင်းတဲ့လုံခြုံမှုရရှိမှု ကျွန်တော်တို့ဘက်ကကတိကဝတ်ပြုတဲ့အတိုင်းအကောင်းဆုံးလုပ်ဆောင်ခဲ့ကြပါတယ်။ဒိန်းမတ်အပါအဝင်တစ်ကမ္ဘာလုံးကလူများရဲ့လူ့အခွင့်အရေးကိုကာကွယ်ဖို့ကနိုင်ငံအားလုံးရဲ့တာဝန်ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားကျင်းပရေးကော်မတီရဲ့လုပ်ဆောင်မှုကိုလည်း နိုင်ငံတကာလူ့အခွင့်အရေးအသိုင်းအဝိုင်းကစံနမူနတစ်ခုအဖြစ်သတ်မှတ်ကြပါတယ်။ကာတာရဲ့ပြုပြင်ပြောင်းလဲမှုကို ILOနဲ့ITUC တို့ကလည်းဒေသတွင်းစံတစ်ခုအဖြစ်သတ်မှတ်ပါတယ်။အခြားနိုင်ငံတွေလိုပဲ ဒီပြဿနာတွေကအဆုံးမရှိပါဘူး။ကာတာကတော့ဒီခရီးစဉ်ကိုကတိကဝတ်ပြုထားတဲ့အတိုင်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ကျွန်တော်တို့အနေနဲ့ကတော့ DBU(ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်)အနေနဲ့ SC (ကာတာကမ္ဘာ့ဖလားကျင်းပရေးကော်မတီ)နဲ့အလုပ်တွဲလုပ်ပြီး Hummel ကိုတိကျဖို့သတင်းအချက်အလက်ပေးနိုင်ဖို့တောင်းဆိုချင်ပါတယ်”လို့ကြေညာသွားပါတယ်။

ZawGyi

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ သပိတ္ေမွာက္ဝတ္စုံဝတ္ဆင္လာမယ့္ ဒိန္းမတ္ကို ကာတာေဒါသထြက္

ကာတာရဲ႕ကမာၻ႔ဖလားက်င္းပေရးေကာ္မတီဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ကာတာရဲ႕လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ၊ေ႐ႊ႕ေျပာင္းအလုပ္သမားအေရးကိစၥတို႔အေပၚ သပိတ္ေမွာက္ဆႏၵျပတဲ့အေနျဖင့္ ဗလာက်င္းဝတ္စုံဝတ္ဆင္လာမယ့္ဒိန္းမတ္ကိုေဒါသတႀကီးတုံ႔ျပန္မႈျပဳလုပ္လာပါတယ္။

ဒိန္းမတ္အသင္းအတြက္ ဝတ္စုံေထာက္ပံ့လာမယ့္ Hummel ဟာဗုဒၶဟူးေန႔တုန္းကကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဒိန္းမတ္အသင္းဝတ္ဆင္လာမယ့္ဝတ္စုံမ်ားကိုေၾကညာခဲ့ပါတယ္။

Hummel ရဲ႕ဒိန္းမတ္အိမ္ကြင္းႏွင့္အေဝးကြင္းဝတ္စုံတို႔တြင္ဒိန္းမတ္ေဘာလုံးအဖြဲ႕ခ်ဳပ္လိုဂိုအပါအဝင္အားလုံးကိုေမွးမွိန္ထားပါတယ္။ဒါ့အျပင္ Hummel ဟာကာတာကမာၻ႔ဖလားအတြက္ကြင္းမ်ားတည္ေဆာက္ရာတြင္ေသဆုံးသြားခဲ့တဲ့ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအတြက္ဝမ္းနည္းျခင္းအထိမ္းအမွတ္အျဖစ္အနက္ေရာင္တတိယဝတ္စုံကိုလည္းေၾကညာသြားပါတယ္။

ကာတာဟာကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပေရးအတြက္ကြင္းမ်ားႏွင့္အေဆာက္အဦမ်ားတည္ေဆာက္ရာတြင္ႏိုင္ငံျခားသားေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားရဲ႕လုပ္ငန္းခြင္ႏွင့္က်န္းမာေရးေစာင့္ေရွာက္မႈအျပည့္အဝမေပးမႈေၾကာင့္ေဝဖန္မႈမ်ားႏွင့္ႀကဳံလာခဲ့ရပါတယ္။ကာတာကမာၻ႔ဖလားအတြက္အေဆာက္အဦမ်ားေဆာက္လုပ္စဥ္ေ႐ႊ႕ေျပာင္းအလုပ္သမား၆၅၀၀အထိေသဆုံးခဲ့ေၾကာင္းလည္းသိရပါတယ္။ယင္းမွအနည္းဆုံးအလုပ္သမား၃၇ဦးတို႔မွာကြင္းတည္ေဆာက္ေရးလုပ္ငန္းခြင္တြင္ေသဆုံးသြားခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမဲ့ကာတာကေတာ့ကမာၻ႔ဖလားအတြက္ကြင္းတည္ေဆာက္မႈႏွင့္တိုက္႐ိုက္ဆက္စပ္ေနတဲ့လုပ္ငန္းခြင္တြင္လူသုံးဦးတည္းသာေသဆုံးေၾကာင္းဆိုထားပါတယ္။

ယခုကဲ့သို႔ဒိန္းမတ္အသင္းက ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ကာတာရဲ႕လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကိုသပိတ္ေမွာက္ဆန႔္က်င္တဲ့ ဗလာက်င္းဝတ္စုံဝတ္ဆင္လာမယ္လို႔ေၾကညာလာခ်ိန္မွာေတာ့ ကာတာကမာၻ႔ဖလားက်င္းပေရးေကာ္မတီဟာအႀကီးအက်ယ္ေပါက္ကြဲလာပါေတာ့တယ္။

ကာတာကမာၻ႔ဖလားက်င္းပေရးေကာ္မတီက “Hummel ကေထာင္ေပါင္းမ်ားစြာေသာအလုပ္သမားေတြေသဆုံးသြားတယ္ဆိုတဲ့စြပ္စြဲမႈကိုျငင္းပါတယ္။ ကြၽန္ေတာ္တို႔ဟာဖီဖာကမာၻ႔ဖလားနဲ႔အျခားၿပိဳင္ပြဲပေရာ့ဂ်က္ေတြအတြက္တည္ေဆာက္ရာမွာပါဝင္တဲ့အလုပ္သမား၃၀၀၀၀တို႔ရဲ႕က်န္းမာေရးနဲ႔ေဘးကင္းတဲ့လုံၿခဳံမႈရရွိမႈ ကြၽန္ေတာ္တို႔ဘက္ကကတိကဝတ္ျပဳတဲ့အတိုင္းအေကာင္းဆုံးလုပ္ေဆာင္ခဲ့ၾကပါတယ္။ဒိန္းမတ္အပါအဝင္တစ္ကမာၻလုံးကလူမ်ားရဲ႕လူ႔အခြင့္အေရးကိုကာကြယ္ဖို႔ကႏိုင္ငံအားလုံးရဲ႕တာဝန္ျဖစ္ပါတယ္။ ကမာၻ႔ဖလားက်င္းပေရးေကာ္မတီရဲ႕လုပ္ေဆာင္မႈကိုလည္း ႏိုင္ငံတကာလူ႔အခြင့္အေရးအသိုင္းအဝိုင္းကစံနမူနတစ္ခုအျဖစ္သတ္မွတ္ၾကပါတယ္။ကာတာရဲ႕ျပဳျပင္ေျပာင္းလဲမႈကို ILOနဲ႔ITUC တို႔ကလည္းေဒသတြင္းစံတစ္ခုအျဖစ္သတ္မွတ္ပါတယ္။အျခားႏိုင္ငံေတြလိုပဲ ဒီျပႆနာေတြကအဆုံးမရွိပါဘူး။ကာတာကေတာ့ဒီခရီးစဥ္ကိုကတိကဝတ္ျပဳထားတဲ့အတိုင္းလုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ DBU(ဒိန္းမတ္ေဘာလုံးအဖြဲ႕ခ်ဳပ္)အေနနဲ႔ SC (ကာတာကမာၻ႔ဖလားက်င္းပေရးေကာ္မတီ)နဲ႔အလုပ္တြဲလုပ္ၿပီး Hummel ကိုတိက်ဖို႔သတင္းအခ်က္အလက္ေပးႏိုင္ဖို႔ေတာင္းဆိုခ်င္ပါတယ္”လို႔ေၾကညာသြားပါတယ္။