ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ကျီချွတ်လျက်တွေ့ရတဲ့ ပရိသတ်များ ကြီးမားတဲ့ဒဏ်ရိုက်ခြင်းခံရမည်

ကမ္ဘာ့ဖလားပရိသတ်များဟာယခုဆောင်းရာသီကာတာကမ္ဘာ့ဖလားပြိုင်ပွဲသို့သွားရောက်ကြည့်ရှုချိန်တွင်အဝတ်မဲ့တွေ့ရှိရပါကပြင်းထန်စွာဒဏ်ရိုက်ခြင်းခံရမယ့်အရေးနှင့်ကြုံနေရပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုနိုဝင်ဘာလ၂၀ရက်နေ့တွင်စတင်ကျင်းပလာမှာလည်းဖြစ်ပါတယ်။

ကာတာဟာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပခွင့်ရရှိချိန်ကတည်းကဝေဖန်မှုများနှင့်ကြုံတွေ့လာရတာဖြစ်ပြီး ပူပြင်းတဲ့နွေရာသီကြောင့်ဆောင်းရာသီသို့ရွှေ့ပြောင်းကျင်းပရတဲ့ပထမဆုံးကမ္ဘာ့ဖလားဖြစ်လာပါမယ်။

ဒါပေမဲ့နိုဝင်ဘာလနှင့်ဒီဇင်ဘာလအတွင်းတွင်လည်း အပူချိန်မှာ 26°C နှင့် 21°C အတွင်းရှိနေဆဲဖြစ်ပါတယ်။

ယခုအခါဖီဖာကဘောလုံးပရိသတ်များအနေဖြင့်မွတ်စလင်နိုင်ငံရဲ့ရှေးရိုးစွဲစည်းမျဉ်းဥပဒေကြောင့် Public တွင်ခန္ဓာကိုယ်အပေါ်ပိုင်းကိုလုံလုံခြုံခြုံဝတ်ဆင်ထားရမှာဖြစ်ကြောင်းသတိပေးလာပါတယ်။

ဒါ့အပြင်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းဘောလုံးကွင်းများတွင်လည်းအင်္ကျီချွတ်အားပေးမှုကိုလက်ခံသွားမှာမဟုတ်ပါဘူး။

တကယ်လို့များအင်္ကျီချွတ်လျက်ရှိတွေ့ရှိပါကဒဏ်ငွေပေါင်၂၄၀၀ချမှတ်ခံရပါမယ်။ဘောလုံးကွင်းများအတွင်းတွင်လုံခြုံရေးကင်မရာ၁၅၀၀၀တပ်ဆင်ထားရာပရိသတ်များအင်္ကျီချွတ်ခြင်းပြုမပြုစောင့်ကြည့်နေပါဦးမယ်။

ZawGyi

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ အက်ႌခြၽတ္လ်က္ေတြ႕ရတဲ့ ပရိသတ္မ်ား ႀကီးမားတဲ့ဒဏ္႐ိုက္ျခင္းခံရမည္

ကမာၻ႔ဖလားပရိသတ္မ်ားဟာယခုေဆာင္းရာသီကာတာကမာၻ႔ဖလားၿပိဳင္ပြဲသို႔သြားေရာက္ၾကည့္ရႈခ်ိန္တြင္အဝတ္မဲ့ေတြ႕ရွိရပါကျပင္းထန္စြာဒဏ္႐ိုက္ျခင္းခံရမယ့္အေရးႏွင့္ႀကဳံေနရပါတယ္။

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကိုႏိုဝင္ဘာလ၂၀ရက္ေန႔တြင္စတင္က်င္းပလာမွာလည္းျဖစ္ပါတယ္။

ကာတာဟာကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပခြင့္ရရွိခ်ိန္ကတည္းကေဝဖန္မႈမ်ားႏွင့္ႀကဳံေတြ႕လာရတာျဖစ္ၿပီး ပူျပင္းတဲ့ေႏြရာသီေၾကာင့္ေဆာင္းရာသီသို႔ေ႐ႊ႕ေျပာင္းက်င္းပရတဲ့ပထမဆုံးကမာၻ႔ဖလားျဖစ္လာပါမယ္။

ဒါေပမဲ့ႏိုဝင္ဘာလႏွင့္ဒီဇင္ဘာလအတြင္းတြင္လည္း အပူခ်ိန္မွာ 26°C ႏွင့္ 21°C အတြင္းရွိေနဆဲျဖစ္ပါတယ္။

ယခုအခါဖီဖာကေဘာလုံးပရိသတ္မ်ားအေနျဖင့္မြတ္စလင္ႏိုင္ငံရဲ႕ေရွး႐ိုးစြဲစည္းမ်ဥ္းဥပေဒေၾကာင့္ Public တြင္ခႏၶာကိုယ္အေပၚပိုင္းကိုလုံလုံၿခဳံၿခဳံဝတ္ဆင္ထားရမွာျဖစ္ေၾကာင္းသတိေပးလာပါတယ္။

ဒါ့အျပင္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းေဘာလုံးကြင္းမ်ားတြင္လည္းအက်ႌခြၽတ္အားေပးမႈကိုလက္ခံသြားမွာမဟုတ္ပါဘူး။

တကယ္လို႔မ်ားအက်ႌခြၽတ္လ်က္ရွိေတြ႕ရွိပါကဒဏ္ေငြေပါင္၂၄၀၀ခ်မွတ္ခံရပါမယ္။ေဘာလုံးကြင္းမ်ားအတြင္းတြင္လုံၿခဳံေရးကင္မရာ၁၅၀၀၀တပ္ဆင္ထားရာပရိသတ္မ်ားအက်ႌခြၽတ္ျခင္းျပဳမျပဳေစာင့္ၾကည့္ေနပါဦးမယ္။