ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်တော့မယ့် အန်ဂိုလိုကန်တီ

အန်ဂိုလိုကန်တီဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်ဖို့ရှိနေကြောင်းသိရပါတယ်။အသက်၃၁နှစ်ရှိပြင်သစ်လက်ရွေးစင်ဟာ လေ့ကျင့်ခန်းအစီအစဉ်တွင်ဒဏ်ရာထပ်မံရရှိကာသုံးလခန့်အနားယူရတော့မှာဖြစ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်လာတော့မှာဖြစ်ကြောင်း The Athletic ကဖော်ပြလာပါတယ်။

အန်ဂိုလိုကန်တီဟာဩဂုတ်လတုန်းကစပါးစ်နှင့်ပွဲတွင်ဒဏ်ရာရရှိပြီးနောက်ပြန်လည်ကောင်းမွန်လာကာပြီးခဲ့တဲ့အပတ်တုန်းကလေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာကပြင်သစ်ကွင်းလယ်ကစားသမားမှာလေ့ကျင့်ခန်းအစီအစဉ်တွင်ဒဏ်ရာထပ်မံရရှိခဲ့ကြောင်းအတည်ပြုလာပါတယ်။

ကန်တီဟာဩဂုတ်လနောက်ပိုင်းစပါးစ်နှင့်ပွဲပြီးကတည်းက ချဲလ်ဆီးအတွက်တစ်ပွဲမျှမကစားနိုင်သေးသူဖြစ်ပါတယ်။

ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်မှာလည်းအန်ဂိုလိုကန်တီဒဏ်ရာသတင်းကြောင့် အကြီးအကျယ်စိုးရိမ်ရတဲ့အနေအထားမှာရှိနေပြီဖြစ်ပါတယ်။

အန်ဂိုလိုကန်တီဟာဒက်ချမ့်ရဲ့ပြင်သစ်အသင်းတွင်အရေးပါတဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံဖြစ်စဉ်တုန်းကအဓိကကစားသမားအဖြစ်ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။

ZawGyi

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကို လြဲေခ်ာ္ေတာ့မယ့္ အန္ဂိုလိုကန္တီ

အန္ဂိုလိုကန္တီဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲကိုလြဲေခ်ာ္ဖို႔ရွိေနေၾကာင္းသိရပါတယ္။အသက္၃၁ႏွစ္ရွိျပင္သစ္လက္ေ႐ြးစင္ဟာ ေလ့က်င့္ခန္းအစီအစဥ္တြင္ဒဏ္ရာထပ္မံရရွိကာသုံးလခန႔္အနားယူရေတာ့မွာျဖစ္လို႔ ကမာၻ႔ဖလားၿပိဳင္ပြဲကိုလြဲေခ်ာ္လာေတာ့မွာျဖစ္ေၾကာင္း The Athletic ကေဖာ္ျပလာပါတယ္။

အန္ဂိုလိုကန္တီဟာဩဂုတ္လတုန္းကစပါးစ္ႏွင့္ပြဲတြင္ဒဏ္ရာရရွိၿပီးေနာက္ျပန္လည္ေကာင္းမြန္လာကာၿပီးခဲ့တဲ့အပတ္တုန္းကေလ့က်င့္ခန္းျပန္ဆင္းႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ခ်ဲလ္ဆီးနည္းျပဂေရဟမ္ေပၚတာကျပင္သစ္ကြင္းလယ္ကစားသမားမွာေလ့က်င့္ခန္းအစီအစဥ္တြင္ဒဏ္ရာထပ္မံရရွိခဲ့ေၾကာင္းအတည္ျပဳလာပါတယ္။

ကန္တီဟာဩဂုတ္လေနာက္ပိုင္းစပါးစ္ႏွင့္ပြဲၿပီးကတည္းက ခ်ဲလ္ဆီးအတြက္တစ္ပြဲမွ်မကစားႏိုင္ေသးသူျဖစ္ပါတယ္။

ျပင္သစ္နည္းျပဒီဒီယာဒက္ခ်မ့္မွာလည္းအန္ဂိုလိုကန္တီဒဏ္ရာသတင္းေၾကာင့္ အႀကီးအက်ယ္စိုးရိမ္ရတဲ့အေနအထားမွာရွိေနၿပီျဖစ္ပါတယ္။

အန္ဂိုလိုကန္တီဟာဒက္ခ်မ့္ရဲ႕ျပင္သစ္အသင္းတြင္အေရးပါတဲ့သူတစ္ဦးျဖစ္ၿပီး ၂၀၁၈ကမာၻ႔ဖလားခ်န္ပီယံျဖစ္စဥ္တုန္းကအဓိကကစားသမားအျဖစ္ေျခစြမ္းျပခဲ့သူျဖစ္ပါတယ္။